
မႏၲေလးၿမိဳ႕၊ မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္ႀကီး ပရိဝုဏ္အနီးရွိ သာသနာ ၂၅၀၀ ဝန္းအတြင္းသို႔ လက္လုပ္မိုင္း ပစ္ခတ္ခံရ
မႏၲေလး၊ ဇန္နဝါရီ ၁၇ (People Media)
ဇန္နဝါရီ ၁၄ ရက္ ညေနပိုင္းက မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ မဟာမုနိ ႐ုပ္ရွင္ေတာ္ျမတ္ႀကီး ပရိဝုဏ္ အနီးရွိေသာ သာသနာ ၂၅၀၀ ဝန္းအတြင္းသို႔ အမည္မသိ အမ်ိဳးသားႏွစ္ဦးက လက္လုပ္မိုင္းျဖင့္ ပစ္ ခတ္ခံခဲ့ရသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီ ၁၄ ရက္ေန႔ ညေန ၅ နာရီခန္႔က Click ဆိုင္ကယ္ အမ်ိဳးအစားျဖင့္ စီးနင္းလာသည့္ အမ်ိဳး သား ႏွစ္ဦးက လက္လုပ္ဗုံးျဖင့္ လာေရာက္ပစ္ခတ္ခဲ့ၿပီး လူထိခိုက္ဒဏ္ရာမရရွိခဲ့ေၾကာင္း သိရသည္။
ယခင္က လူေနအိမ္မ်ား၊ ပညာေရးေက်ာင္းမ်ား၊ ဘုန္းႀကီးေက်ာင္းမ်ားႏွင့္ ဌာနဆိုင္ရာ အေဆာက္ဦးမ်ား လက္ လုပ္ဗုံးျဖင့္ ပစ္ခတ္မႈျဖစ္စဥ္မ်ားရွိေသာ္လည္း ဘုရားပရိဝုဏ္အနီးသို႔ လက္လုပ္ဗုံးျဖင့္ ပစ္ခတ္မႈမွာ ယခုအႀကိမ္ သည္ ပထမဆုံးျဖစ္သည္။
အလားတူ လက္ရွိရက္ပိုင္းအတြင္း၌ မႏၲေလးတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔၌ လက္လုပ္မိုင္း ေပါက္ကြဲမႈမ်ားျဖစ္ေပၚေနလ်က္ရွိသည္။
crd
မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီးရှိ သာသနာ ၂၅၀၀ ဝန်းအတွင်းသို့ လက်လုပ်မိုင်း ပစ်ခတ်ခံရ
မန္တလေး၊ ဇန်နဝါရီ ၁၇ (People Media)
ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ် အနီးရှိသော သာသနာ ၂၅၀၀ ဝန်းအတွင်းသို့ အမည်မသိ အမျိုးသားနှစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ် ခတ်ခံခဲ့ရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်က Click ဆိုင်ကယ် အမျိုးအစားဖြင့် စီးနင်းလာသည့် အမျိုး သား နှစ်ဦးက လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။
ယခင်က လူနေအိမ်များ၊ ပညာရေးကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ဌာနဆိုင်ရာ အဆောက်ဦးများ လက် လုပ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်စဉ်များရှိသော်လည်း ဘုရားပရိဝုဏ်အနီးသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်မှုမှာ ယခုအကြိမ် သည် ပထမဆုံးဖြစ်သည်။
အလားတူ လက်ရှိရက်ပိုင်းအတွင်း၌ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ လက်လုပ်မိုင်း ပေါက်ကွဲမှုများဖြစ်ပေါ်နေလျက်ရှိသည်။
crd
Leave a Reply