ရုရှားစစ်သား ၄၃၀၀ သေဆုံးခဲ့တယ်လို့ ယူကရိန်းဆို…
ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီးက စစ်ပွဲအတွင်း အခုချိန်ထိ ရုရှားဘက်က အကျအဆုံးနဲ့ပတ်သက်လို့ ခန့်မှန်းစာရင်းကို ဒီနေ့အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဒီ ၄၃၀၀ ဆိုတဲ့ ကိန်းဂဏန်းက ပထမ ၃ ရက်အတွင်း စာရင်း ဖြစ်ပြီး အပြောင်းအလဲရှိနိုင်သေးတယ်လို့ ဟန်နာ မယ်လ်ယာက ပြောပါတယ်။ဘီဘီစီအနေနဲ့တော့ ဒီကိန်းဂဏန်းတွေကို အတည်မပြုနိုင်သေးပါဘူး။ ရုရှားဘက်ကလည်း အကျအဆုံးရှိတယ်ဆိုတာ ဝန်ခံပေမယ့် စာရင်းအတိအကျ မထုတ်ပြန်သေးပါဘူး။
ယူကရိန်းဘက်က ထုတ်ပြန်တဲ့ ရုရှားရဲ့ ထိခိုက် သေကြေ ပျက်စီးမှု စာရင်းထဲမှာဆိုရင် သေဆုံးသူ ၄၃၀၀၊လေယာဉ် ၂၇ စီး၊ရဟတ်ယာဉ် ၂၆၊သံချပ်ကာကား ၁၄၆၊အခြား စစ်သုံးသပ်ချပ်ကာယာဉ် ၇၀၆၊အမြောက် ၄၉ ၊Buk လေကြောင်းရန်ကာကွယ်စနစ် ၁ ခု၊Grad ရော့ကက်ပစ်စနစ် ၄ ခု၊ယာဉ် ၃၀၊သင်္ဘော ၆၀။ဒရုန်း ၂ ေ။ရယာဉ် ၂ စီးတို့ ပါဝင်ပါတယ်။Credit BBC burmese
Leave a Reply