မႏၲေလး ဗဟုိ အက်ဥ္းေထာင္ ဗုံးထုခံရ၊ ဒု-အရာခံဗိုလ္ အပါအဝင္ ဂိတ္အေစာင့္ စကစ သုံးဦး…….see more (အျပည့္အစံုဖတ္ရန္ ပံုကိုႏွိပ္ပါ)…a

မႏၲေလး ဗဟုိ အက်ဥ္းေထာင္ ဗုံးထုခံရ၊ ဒု-အရာခံဗိုလ္ အပါအဝင္ ဂိတ္အေစာင့္ စကစ သုံးဦး…….see more (အျပည့္အစံုဖတ္ရန္ ပံုကိုႏွိပ္ပါ)

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ အိုးဘိုေ႐ႊက်င္ရပ္ကြက္ရွိ မႏၲေလး ဗဟိုအက်သ္းေထာင္ (အိုးဘို)တြင္ ယေန႔ ညေနပိုင္းက လက္ပစ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရၿပီး ဂိတ္အေစာင့္က် စကစ သုံးဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း MFP ၏ သတင္းရင္းျမစ္မ်ားက ေျပာသည္။

ယေန႔ ဇန္နဝါရီ(၁၆)ရက္ ညေန(၆)နာရီခြဲက ေအာင္ေျမသာစံၿမိဳ႕နယ္၊ အိုးဘိုေ႐ႊက် င္ရပ္ကြက္၊ အ က်ဥ္းဦး စီးဌာန ဝင္းအတြင္းရွိ အက်ဥ္းဦးစီး သ င္တ န္းေက်ာင္း ေျမာ က္ဘက္အေပါက္တြင္ လက္ပစ္ဗုံးျဖင့္ ပစ္ခတ္တို က္ခိုက္ခံရကာ ဗုံးေပါက္ကြဲခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ေပါက္ကြဲမႈ႕ေၾကာင့္ ဒုအရာခံ ဗိုလ္ အ ဆင့္ အပါ အ ဝင္ ဂိတ္အေစာင့္က် စကစ သုံးဦး ထိ ခိုက္ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း စစ္ေကာင္စီ ရဲအသိုင္းအဝိုင္းႏွင့္ နီး စပ္သူမ်ားက MFP သို႔ ေျပာသည္။“ထိတာကေတာ့ သုံးေယာက္ထိတယ္။

ဒဏ္ရာကေတာ့ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့အေနအထား မရွိ” ဟု စစ္ေကာင္စီ ရဲအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးက MFP သို႔ ေျပာသည္။ ဂိတ္အေစာင့္က် ဒု-အရာခံဗိုလ္သည္ နဖူးတြင္ ထိခိုက္ဒဏ္ရာရၿပီး တပ္ၾကပ္သည္ လက္ႏွင့္ ေျခေထာက္တြင္ ထိခိုက္ဒဏ္ရာရေၾကာင္း၊

ထို႔အျပင္ ဂိတ္အေစာင့္က် စကစ လက္ေအာက္ခံ အက်ဥ္းဦးစီးဌာန တပ္သားသ ည္ ေနာက္ေက်ာတြင္ ဗုံးစထိမွန္ ဒဏ္ရာမ်ား ရရွိခဲ့သည္ဟု ဆိုသည္။
အဆိုပါ အိုးဘိုေထာင္ကို ဗုံးထုတိုက္ခိုက္မႈႏွင့္ပတ္ သက္ ၍ MFP အေနျဖင့္ အေသးစိတ္ အ ေျခအေနမ်ား မသိရေသးပါ။

အိုးဘိုေထာင္ ဝ န္ထမ္းမ်ားက ေထာင္အတြင္း ဖမ္းဆီးထားသူမ်ားအနက္ ႏိုင္ငံေရးႏွင့္ ဆက္စပ္သူမ်ားကို ပိုမိုဖိႏွိပ္ ပညာျပေနေၾကာင္း သတင္းမ်ား ထြက္ေပၚေန သ ည္။ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း စစ္ကိုင္းတိုင္း တမူးၿမိဳ႕ န ယ္ရွိ ရဲဘက္အက်ဥ္းစခန္း တိုက္ခိုက္ခံရကာ စကစ လ က္ေအာက္ခံ (၁၀)ဦးထက္မနည္း ေသခဲ့သည္။crd

မန္တလေး ဗဟို အကျဉ်းထောင် ဗုံးထုခံရ၊ ဒု-အရာခံဗိုလ် အပါအဝင် ဂိတ်အစောင့် စကစ သုံးဦး…….see more

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မန္တလေး ဗဟိုအကျသ်းထောင် (အိုးဘို)တွင် ယနေ့ ညနေပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ဂိတ်အစောင့်ကျ စကစ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း MFP ၏ သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ ဇန်နဝါရီ(၁၆)ရက် ညနေ(၆)နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျ င်ရပ်ကွက်၊ အ ကျဉ်းဦး စီးဌာန ဝင်းအတွင်းရှိ အကျဉ်းဦးစီး သ င်တ န်းကျောင်း မြော က်ဘက်အပေါက်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တို က်ခိုက်ခံရကာ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှု့ကြောင့် ဒုအရာခံ ဗိုလ် အ ဆင့် အပါ အ ဝင် ဂိတ်အစောင့်ကျ စကစ သုံးဦး ထိ ခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီး စပ်သူများက MFP သို့ ပြောသည်။“ထိတာကတော့ သုံးယောက်ထိတယ်။

ဒဏ်ရာကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထား မရှိ” ဟု စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက MFP သို့ ပြောသည်။ ဂိတ်အစောင့်ကျ ဒု-အရာခံဗိုလ်သည် နဖူးတွင် ထိခိုက်ဒဏ်ရာရပြီး တပ်ကြပ်သည် လက်နှင့် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရကြောင်း၊

ထို့အပြင် ဂိတ်အစောင့်ကျ စကစ လက်အောက်ခံ အကျဉ်းဦးစီးဌာန တပ်သားသ ည် နောက်ကျောတွင် ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ အိုးဘိုထောင်ကို ဗုံးထုတိုက်ခိုက်မှုနှင့်ပတ် သက် ၍ MFP အနေဖြင့် အသေးစိတ် အ ခြေအနေများ မသိရသေးပါ။

အိုးဘိုထောင် ဝ န်ထမ်းများက ထောင်အတွင်း ဖမ်းဆီးထားသူများအနက် နိုင်ငံရေးနှင့် ဆက်စပ်သူများကို ပိုမိုဖိနှိပ် ပညာပြနေကြောင်း သတင်းများ ထွက်ပေါ်နေ သ ည်။ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း တမူးမြို့ န ယ်ရှိ ရဲဘက်အကျဉ်းစခန်း တိုက်ခိုက်ခံရကာ စကစ လ က်အောက်ခံ (၁၀)ဦးထက်မနည်း သေခဲ့သည်။crd

Be the first to comment

Leave a Reply

Your email address will not be published.


*