ေလေၾကာင္းနဲ႔ တ.ိုက္ခို.က္ေနတာကိုက် မရပ္ဘဲ ကယားျပည္နယ္ကို ၿငိမ္းခ်မ္းေရးကမ္းလွမ္းေၾကာင္း သဝဏ္လႊာေပးပို႔တဲ့ မအလ စကစ
အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီရဲ႕ ေလေၾကာင္းသုံး တိုက္ခိုက္မႈပါ ခံေနရတဲ့ ကယားျပည္နယ္ရဲ႕ ႏွစ္၇၀ ျပည့္ ျပည္နယ္ေန႔မွာ စစ္ေခါင္းေဆာင္က သဝဏ္လႊာေပးပို႔ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ကမ္းလွမ္းလိုက္ပါတယ္။
ျပည္နယ္တည္ၿငိမ္ေရးအတြက္ စစ္ေကာင္စီနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ အထူးလိုအပ္ေၾကာင္း၊ ေသြးထိုးလႈံေဆာ္မႈေတြ ရွိေနလို႔သာ ေဒသတခ်ိဳ႕မွာ မၿငိမ္းမခ်မ္းျဖစ္ေနရေၾကာင္းနဲ႔ ကယားျပည္နယ္က တာဝန္ရွိသူေတြအေနနဲ႔
ၿငိမ္းခ်မ္းေရးမွာ အရင္ကထက္ ပူးေပါင္းေဆာင္႐ြက္ဖို႔လိုေၾကာင္း ဒီေန႔ေပးပို႔တဲ့ သဝဏ္လႊာမွာ ေရးထားပါတယ္။ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ KNPPကေတာ့ စစ္ေကာင္စီနဲ႔ ေဆြးေႏြးဖို႔မရွိဘူးလို႔ ေျပာပါတယ္။
KNPPအတြင္းေရးမႉး(၁) ခူဒယ္နီယာက ”KNPPကို ၿငိမ္း ခ်မ္းေရးေဆြးေႏြးမယ္ လာေျပာရင္ေတာ့ KNPPက လူထုနဲ႔ပဲ အလုပ္လုပ္တယ္၊ လူထုနဲ႔ တစ္သားတည္းပဲ၊ သူတို႔နဲ႔ KNPPက ၿငိမ္းခ်မ္းေရး သြားေဆြးေႏြးရင္ KNPPပဲ
နာမည္ပ်.က္မယ္၊ သူတို႔ကို လူထုက လက္မွမခံေတာ့တာ၊ ေလာေလာဆယ္ ေဆြးေႏြးဖို႔အေၾကာင္း မရွိေသးပါဘူး”လို႔ ေျပာပါတယ္။ စစ္ေခါင္းေဆာင္က ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ သဝဏ္လႊာ ေပးပို႔ခဲ့ေပမယ့္
ကယားျပည္နယ္ထဲမွာ စစ္ေကာင္စီဘက္က တိုက္ခိုက္ေနတာေတြေတာ့ ေလွ်ာ့မသြားဘဲ ေန႔တိုင္းတ.ိုက္ပြဲေတြ ျဖစ္ေနပါတယ္။ ကရင္နီတပ္မေတာ္ (KA)၊ KNDFနဲ႔ PDFေတြေပါင္းၿပီး စစ္ေကာင္စီကို
ျပန္တ.ိုက္ခို.က္ေနတာပါ။ ဇန္နဝါရီလ ၁၃ရက္ေန႔က လြိဳင္ေကာ္မွာ တ.ိုက္ပြဲျဖစ္ခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္က အက.်အဆုံ.းမ်ားခဲ့တယ္လို႔ ကရင္နီေဒသခံခုခံကာကြယ္ေရးတပ္ KNDFက ထုတ္ျပန္ထားပါတယ္။
KNDF ေျပာခြင့္ရွိသူေတြကေတာ့ စစ္ေကာင္စီနဲ႔ ေဆြးေႏြးဖို႔ အစီအစဥ္မရွိေၾကာင္း တစိုက္မတ္မတ္ ေျပာဆိုေနတာျဖစ္ပါတယ္။ ကယားျပည္နယ္မွာ စစ္ေကာင္စီက ေလေၾကာင္းနဲ႔ပါ တ.ိုက္ခ.ိုက္ခဲ့တာေၾကာင့္
အရပ္သားေ.သဆုံ.းမႈေတြရွိခဲ့သလို ၿမိဳ႕လုံးကြၽတ္နီးပါး အိုးအိမ္စြန႔္ခြာထြက္ေျပးေနရတာပါ။ ျပည္နယ္တစ္ခုလုံးရဲ႕ လူဦးေရထက္ဝက္ေက်ာ္ စ.စ္ေဘးတိမ္းေရွာင္ေနရတယ္လို႔ ေဒသခံေတြကေျပာၾကပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္
လေကြောင်းနဲ့ တ.ိုက်ခို.က်နေတာကိုကျ မရပ်ဘဲ ကယားပြည်နယ်ကို ငြိမ်းချမ်းရေးကမ်းလှမ်းကြောင်း သဝဏ်လွှာပေးပို့တဲ့ မအလ စကစ
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုပါ ခံနေရတဲ့ ကယားပြည်နယ်ရဲ့ နှစ်ရ၀ ပြည့် ပြည်နယ်နေ့မှာ စစ်ခေါင်းဆောင်က သဝဏ်လွှာပေးပို့ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။
ပြည်နယ်တည်ငြိမ်ရေးအတွက် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အထူးလိုအပ်ကြောင်း၊ သွေးထိုးလှုံဆော်မှုတွေ ရှိနေလို့သာ ဒေသတချို့မှာ မငြိမ်းမချမ်းဖြစ်နေရကြောင်းနဲ့ ကယားပြည်နယ်က တာဝန်ရှိသူတွေအနေနဲ့
ငြိမ်းချမ်းရေးမှာ အရင်ကထက် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ဒီနေ့ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးထားပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့မရှိဘူးလို့ ပြောပါတယ်။
KNPPအတွင်းရေးမှူး(၁) ခူဒယ်နီယာက ”KNPPကို ငြိမ်း ချမ်းရေးဆွေးနွေးမယ် လာပြောရင်တော့ KNPPက လူထုနဲ့ပဲ အလုပ်လုပ်တယ်၊ လူထုနဲ့ တစ်သားတည်းပဲ၊ သူတို့နဲ့ KNPPက ငြိမ်းချမ်းရေး သွားဆွေးနွေးရင် KNPPပဲ
နာမည်ပျ.က်မယ်၊ သူတို့ကို လူထုက လက်မှမခံတော့တာ၊ လောလောဆယ် ဆွေးနွေးဖို့အကြောင်း မရှိသေးပါဘူး”လို့ ပြောပါတယ်။ စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ သဝဏ်လွှာ ပေးပို့ခဲ့ပေမယ့်
ကယားပြည်နယ်ထဲမှာ စစ်ကောင်စီဘက်က တိုက်ခိုက်နေတာတွေတော့ လျှော့မသွားဘဲ နေ့တိုင်းတ.ိုက်ပွဲတွေ ဖြစ်နေပါတယ်။ ကရင်နီတပ်မတော် (KA)၊ KNDFနဲ့ PDFတွေပေါင်းပြီး စစ်ကောင်စီကို
ပြန်တ.ိုက်ခို.က်နေတာပါ။ ဇန်နဝါရီလ ၁၃ရက်နေ့က လွိုင်ကော်မှာ တ.ိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အက.ျအဆုံ.းများခဲ့တယ်လို့ ကရင်နီဒေသခံခုခံကာကွယ်ရေးတပ် KNDFက ထုတ်ပြန်ထားပါတယ်။
KNDF ပြောခွင့်ရှိသူတွေကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အစီအစဉ်မရှိကြောင်း တစိုက်မတ်မတ် ပြောဆိုနေတာဖြစ်ပါတယ်။ ကယားပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ပါ တ.ိုက်ခ.ိုက်ခဲ့တာကြောင့်
အရပ်သားေ.သဆုံ.းမှုတွေရှိခဲ့သလို မြို့လုံးကျွတ်နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာပါ။ ပြည်နယ်တစ်ခုလုံးရဲ့ လူဦးရေထက်ဝက်ကျော် စ.စ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်