Categories
ဗဟုသုတ

ဆေးသမားမရှိ စစ်တပ်မရှိ ဆေးလိပ်သောက်သုံးသူ ၁%သာရှိတဲ့ ဘူတန်နိုင်ငံ အကြောင်း…

ဆေးသမားမရှိ စစ်တပ်မရှိ ဆေးလိပ်သောက်သုံးသူ ၁%သာရှိတဲ့ ဘူတန်နိုင်ငံ အကြောင်း…

ဘူတန်နိုင်ငံတွင် အမျိုးသား ၃၀% လောက်ဟာ ဘုန်းကြီးတွေဖြစ်ပြီး ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာ အမှုတစ်မှုပဲရှိခဲ့ပါတယ်/ အဲ့ဒီ အမှုကလည်း ဘုန်းကြီးကျောင်းထဲကို ဖိနပ်စီးပြီး ဝင်မိခြင်းပင်ဖြစ်သည်

ဘူတန်ဟာ World Map of Happiness ကမ္ဘာ့ပျော်ရွှင်ခြင်းနိုင်ငံများမြေပုံမှာ ပဉ္စမနေရာကိုယူခဲ့တယ်/ ဘူတန်နိုင်ငံရဲ့ နယ်နိမိတ် အကျယ်အဝန်းဟာ ၄သောင်း ၇ထောင် ကီလိုမီတာ ပတ်လည်ပဲရှိတယ်

လူဦးရေပေါင်း ၆သိန်း ၇သောင်းကျော် ရှိပြီး ဘူတန်လူမျိုး (၅ဝ%)နီပေါလ်လူမျိုး (၃၅%)နဲ့ ကျန်လူမျိုး (၁၅%) ဖြစ်ကြတယ်/ (၇၅%) က ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး (၂၅%)က ဟိန္ဒူဘာသာတွေဖြစ်တယ်

၁၉ဝ၇ ခုနှစ်မှာတည်ထောင်ခဲ့တဲ့ တိုင်းပြည်ဖြစ်ပြီးမြို့တော်က Thimphuဖြစ်တယ်/ ဘူတန်နိုင်ငံရဲ့မြို့ကြီးမြို့ငယ်လမ်းအသွယ်သွယ်မှာ တောင်းရမ်းသူမရှိဘူး လမ်းကျဉ်း လမ်းငယ်တွေမှာ မိန်းမရွှင်မရှိဘူးဆေးသမားတွေ မရှိဘူး

တောင်ကြီးတောင်ငယ် အလျှိုလျှိုနဲ့ ဝိုင်းရံထားတဲ့နိုင်ငံမှာ ခမ်းနားတဲ့ အဆောက်အအုံတွေကို မမြင်နိုင်သလို စုတ်ပြတ်ပြီး မိုးမလုံလေမလုံတဲ့ အိမ်ငယ်မျိုးလည်း မတွေ့ရဘူးအရက်ဆိုင်မရှိဘူး

မြို့တော် Thimphu မှာ နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်တဲ့ အင်တာနက်ဆိုင်ပေါင်း များစွာရှိတယ် ဘူတန်ယောက်ျားမိန်းမအားလုံး ရိုးရာဝတ်စုံကိုသာဝတ်ဆင် ကြတယ်

ယောက်ျားတွေက (gol) လို့ခေါ်တဲ့ဒူးထိရှည်လျှား တဲ့ စကပ်သဏ္ဍာန် ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ကြပြီး မိန်းမတွေက (kira) လို့ခေါ်တဲ့ ခြေမျက်စိထိဖုံးတဲ့ ဝတ်စုံ၃ထည်ကို ဝတ်ဆင်ကြတယ်

ဘူတန်က ကလေးလူကြီးမကျန်ကုန်သည် ကျောင်းသားလက်လုပ်လက်စားတွေကို အင်တာဗျူကြည့်တဲ့အခါသူတို့ဆီက တူညီတဲ့ စကားတစ်ခွန်းကို ကြားခဲ့ရတယ်

အဲဒီစကားက ကျွန်တော်တို့ ကျေနပ်တယ် ရောင့်ရဲတင်းတိမ်တယ်ဆိုတဲ့ စကားပဲဖြစ်တယ် ရိုးရာဝတ်စုံနှင့် ဘူတန်ဘုရင် Jigme Singye Wangchuck ဆင်းရဲတဲ့တိုင်းပြည်ကို အပျော်ရွှင်ဆုံး တိုင်းပြည်အဖြစ်တည်ထောင်နိုင်ခဲ့သူကတော့ ဘူတန်ဘုရင် Jigme Singye Wangchuck ပဲဖြစ်ပါတယ်

Jigme Singye ဟာ ခမည်းတော် သေဆုံးပြီးတဲ့နောက် ၁၇နှစ်အရွယ်နဲ့ ဘုရင်ဖြစ်လာခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘုရင်ဖြစ်ခဲ့တယ်/ ဘုရင် Jigme ဟာ အမေ့ရင်ခွင်မှာ ပျော်ပိုက်တဲ့အရွယ်ရှစ်နှစ်သားမှာပဲ အိန္ဒိယကို ပညာသင်ဖို့ ရောက်ခဲ့တယ်

(၁ဝ) နှစ်သားမှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိပြီး ၁၄နှစ်မှာသားမှာတော့ အောက်စဖို့ တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်/ ဒီတိုင်းပြည်မှာ စစ်တပ်မမွေးဘူး ဒီတိုင်းပြည်မှာ လက်နက်အားမကိုးဘူး

ဒီတိုင်းပြည်မှာ လူတန်းစားမရွေး ပြည်သူတိုင်း အခမဲ့ကျောင်းတက်ခွင့် ဆေးကုသခွင့်ရှိတယ်/ ဘူတန်မှာ စာတတ်သူတွေက တစ်တိုင်းပြည်လုံးမှာ ၉၇% ရှိပြီး နိုင်ငံခြားထွက် ပညာသင်တွေထဲမှာ ၉၉%ဟာ ဘွဲ့ရပြီးနောက် တိုင်းပြည်ကို ပြန်လာကြသူတွေဖြစ်တယ်

ဘူတန်တစ်တိုင်းပြည်လုံး ဆေးလိပ်မသောက်ရလို့ တားမြစ်ထားတဲ့ တိုင်းပြည်ဖြစ်တယ်/ တစ်တိုင်းပြည်လုံးရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၁% ပဲရှိခဲ့တယ် ပလပ်စတစ်အိတ် ဝင်ခွင့်ကိုလည်း ပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်တယ်

ဘူတန်နိုင်ငံ ပတ်ဝန်းကျင်မှာ ၇၂%က သစ်တောတွေဖြစ်ပြီး အာရှနိုင်ငံမှာ ပထမဆုံးသော သစ်တောမပြုန်းတီး နိုင်ငံဖြစ်တယ်၂၆% ကိုပြည်သူ‌တွေအပန်းဖြေတဲ့ ပန်းခြံအဖြစ် ထားရှိတယ်

ရေအားလျှပ်စစ်ကို အသုံးပြုပြီး တစ်တိုင်းပြည်လုံး ၇၁% မီး အပြည့်အဝ ရရှိတဲ့နိုင်ငံဖြစ်တယ်/ သူတို့ လူမျိုးတွေကို နိုင်ငံခြားသား အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်သူတွေနဲ့ အိမ်ထောင်ပြုခွင့် မပေးပါဘူး

ဘူတန် ဘုရင်ဟာ ၂၀ဝ၈ ခုနှစ် တုန်းကမှ သူ့သဘော နဲ့သူ သက်ဦး ဆံပိုင် ဘုရင်စနစ် ကနေ စည်းမျဉ်းခံ ဘုရင် စနစ် ကို ပြောင်းလဲ ပေးခဲ့တာ ဖြစ်ပါတယ်
စည်းမျည်းခံ ဘုရင်စနစ်ဖြစ်ပြီး ဘုရင်မှာ မိဖုရားတစ်ပါးသာ ရှိပါတယ်

ပုံပြင်ဆန်ဆန် အချစ်ဇာတ်လမ်းလေးလည်း ရှိပါတယ်/ အဲဒါကတော့တစ်နေ့ ၁၇ နှစ်အရွယ် အိမ်ရှေ့မင်းသားဟာ တိုင်းခန်းလှည့်လည်တဲ့အခါမှာ ၇နှစ်သမီးအရွယ် မိန်းကလေးတစ်ယောက်က သူ့ကိုခေါ်သွားဖို့ ပြောပါတယ်

အဲဒီအခါ မင်းသားကမင်းလည်း အရွယ်ရောက်လို့အိမ်ထောင်မရှိတဲ့အခါ ငါလည်း အိမ်ထောင် မပြုရသေးရင် လာခေါ်မယ်လို့ ကတိပေးခဲ့ပါတယ်
နောင်တစ်ချိန်မင်းသားက ၃၁ နှစ် မိဖုရားက ၂၁ နှစ်အရွယ်မှာ ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်

ကတိသစ္စာတည်သောအခါဝယ်နွယ်မြစ်သစ်ပင် ဆေးဘက်ဝင်၏တဲ့ဘူတန်လူမျိုးတွေဟာကတိတည်ကြသလိုသစ္စာလည်းအရမ်းရှိကြတယ်ကံငါးပါးလုံခြုံကြပြီးတော့အသက်ရှည်ရှည်နေကြရတဲ့လူမျိုးတွေဖြစ်ပါတယ်/crd

Leave a Reply

Your email address will not be published.