





Credit

ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး စတင် ဆွေးနွေးနေပီ…

ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်

ယူကရိန်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေကြား ညှိနှိုင်းမှုတွေ စတင်နေပြီဖြစ်ပါတယ်။ ဘီလာရုစ်သမ္မတက သဘောတူညီချက်တစ်ရပ်ကို ကြားဝင်ဆောင်ရွက်ပေးပြီး ဆွေးနွေးပွဲကို ယူကရိန်း-ဘီလာရုစ်နယ်စပ်ဂိုမယ်လ် ဒေသမှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဘီလာရုစ်ကို ရဟတ်ယာဉ်နှစ်စင်းနဲ့ရောက်ရှိလာခဲ့ပြီး ဒီနေ့ ညနေပိုင်းမှာ ဆွေးနွေးပွဲစတင်ခဲ့ပါတယ်။

နေရာရွေးချယ်မှုအပေါ် သဘောထားကွဲလွဲမှုများကြောင့် ကြန့်ကြာမှုများ အများအပြား ရှိခဲ့ပြီးနောက် အခုလို စတင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီနဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့ တယ်လီဖုန်း ခေါ်ဆိုမှုအပြီးမှာနောက်ဆုံး သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။
Credit

Leave a Reply

Your email address will not be published.