ဆက်လက်အသက်ရှင်ရန် ခွဲစိတ်ကုသမူ့တွေ ပြုလုပ်တော့မယ့် ကလေးအတွက် ဆုတောင်းပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့ ခိုင်နှင်းဝေ

ဆက်လက်အသက်ရှင်ရန် ခွဲစိတ်ကုသမူ့တွေ ပြုလုပ်တော့မယ့် ကလေးအတွက် ဆုတောင်းပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေ ကတော့မိဘမဲ့ကလေးလေးတွေအတွက် ခိုင်”မိသားစု”ဂေဟာကိုလက်ရှိမှာ ဖွင့်လှစ်ထားပြီးတော့ ရင်ခွင်မဲ့ကလေးလေးတွေကို စောက်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ခိုင်နှင်းဝေ ဂေဟာကိုလည်း (၇) ရက်သားသမီး အလှူရှင်များစွာကလည်း တတ်နိုင်သလောက် အလှူငွေများ ထည့်ကူပေး လျက်ရှိတာကိုလည်း ကြည်နူး ပီတိ ဖြစ်စွာတွေ့ရပါတယ် ။

ဒီနေ့မှာတော့ ခိုင်နှင်းဝေ ဂေဟာမှာ စောက်ရှောက်ထားတဲ့ ကလေးငယ် ကို ခွဲစိတ်ကုသဖို့ အသိပေးလိုက်ပါတယ်။ ” ကိုထက်ဦးမောင်ရဲ့ CT reportများ အရ အတွင်းပိုင်း ခေါင်းရိုးမှာ (မွေးရာပါ) ချိုင့်ဝင်နေတဲ့ (ထိခိုက်မိထားတဲ့ ကုသမှ ရမဲ့ ဒဏ်ရာတစ်ချို့ ) ရှိပါတယ်..အာခေါင်၊မေးရိုး၊ နားရွက်များ အတွက် ခွဲစိတ်ကုသရပါမယ်.. အဆင့် (၃) ဆင့်လောက် ကုသရမှာဖြစ်ပြီး အသက် (၅) နှစ် ဝန်းကျင်ခန့်လောက်မှသာ မျက်နှာ အနေထား ပုံပြောင်းနိုင်မှာ ဖြစ်ပါတယ်..

ယခု အသက်အရွယ်ပိုင်းအရဆိုရင်တော့ အစားစားနိုင်အောင်သာ ခွဲစိတ်ကုသထားနိုင်မှာပါ..သားလေး အတွက် အကောင်းဆုံး ကုသမှုမျိုးများ ဆောင်ရွက်ပေးသွားဘို့ ကျမ ရည်ရွယ်ထားပါတယ်.. သားလေးကို ချစ်ပေးကြတဲ့ ၊မေတ္တာပေးကြတဲ့ ခုနှစ်ရက် သားသမီးများ အားလုံးကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်.. ဆက်လက်ပြီးလဲ မေတ္တာ ခွန်အားများ ပေးပြီး အကောင်းဆုံး ဆက်လက် အသက်ရှင်ဘို့အတွက် သားလေးကို ဖေးမနားလည်ပေးကြပါလို့ မေတ္တာရပ်ခံရင်း..” လို့

ခိုင်နှင်းဝေ ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ပရိသတ်ကြီးရေ မွေးရာပါဒဏ်ရာတွေကို ခွဲစိတ်ကုသဖို့မတိုင်ခင်မှာ အစာစားဖို့အတွက် ပဏာမခွဲစိတ်မူ့ အောင်မြင်ပါစေလို့ ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။ Credit

Leave a Reply

Your email address will not be published.