စားစရာမရွိလို႔ ရွိသမၽွအကုန္ထုတ္‌ေရာင္းေနရတဲ့ ( ဘုန္းႀကီးခန္းအမ်ားဆုံးသ႐ုပ္ေဆာင္ေသာ ဉီးေရႊအိုး )

စားစရာမရွိလို႔ ရွိသမၽွအကုန္ထုတ္‌ေရာင္းေနရတဲ့ ( ဘုန္းႀကီးခန္းအမ်ားဆုံးသ႐ုပ္ေဆာင္ေသာ ဉီးေရႊအိုး )

ပရိသတ္ႀကီးေရ ကိုဗစ္ဒဏ္နဲ႔ နိုင္ငံေရးအေျခအေနေတြေၾကာင့္ ျပည္သူေတြကေတာ့ တစ္ပူေပၚႏွစ္ပူဆင့္ဆို သလိုလူတိုင္းအားလုံးစီးပြားေရးေတြက်ပ္တည္းေနၾကပါ တယ္။ဒီလိုဆိုးရြားလွတဲ့ အေျခအေနေတြကို အမ်ားဆုံးခံစား ရတာကေတာ့ အႏုပညာရွင္ေတြပဲျဖစ္ပါတယ္။

အႏုပညာအလုပ္ေတြရပ္နားထားတာေၾကာင့္ဇာတ္ပို႔ ဇာတ္ရန္ေတြနဲ႔ ဟာသသ႐ုပ္ေဆာင္လူရႊင္ေတာ္ေတြ အားလုံးနီးပါးဟာစားဝတ္ေနေရး အခက္အခဲေတြ ေတြ႕ၾကဳံလာရပါတယ္။

ဒီေန႔မွာေတာ့ ပရိသတ္ေတြကို ေပ်ာ္ရႊင္ရယ္ေမာေအာင္ အေကာင္းဆုံးေဖ်ာ္ေျဖခဲ့တဲ့ ဟာသလူရႊင္ေတာ္ ဦး ေရႊ အိုးကေတာ့ သူ႔ရဲ့ အခက္အခဲေတြကို ရင္ဖြင့္လာပါတယ္ ဦး ေရႊအိုး ကေတာ့လက္ရွိမွာ အိမ္လခေပးဖို႔အခက္အခဲ ရွိေနၿပီးေတာ့စားေသာက္ေရးလဲအဆင္မေျပဖူးလို႔သိရပါ တယ္။

ဦး ေရႊအိုး ရဲ့ မိန္းမျဖစ္သူကလည္း က်န္းမာေရးခ်ဴခ်ာ တာေၾကာင့္ ေဆးကုသစရိတ္ေတြမတတ္နိုင္တာေၾကာင့္ ရွိတာေလးေတြ ေရာင္းခ်ေနရပါတယ္။စားေသာက္ေရးအတြက္ကလဲ ဟင္းဝယ္စားဖို႔မတတ္ နိုင္တာေၾကာင့္ ဆန္ျပဳတ္ပဲ ေသာက္ေနရတယ္လို႔စိတ္ မေကာင္းစြာသိရပါတယ္။

ဦး ေရႊအိုး ကေတာ့ အႏုပညာ အသိုင္းအဝိုင္းက ေမာင္ႏွမေတြနဲ႔ ကူညီနိုင္ တဲ့သူေတြအကူအညီေပးၾကပါအုန္းလို႔ အကူအညီေတာင္းခံထားပါတယ္။ပရိသတ္ႀကီးေရ မိမိတို႔ခ်စ္ခင္အားေပးရတဲ့ ဟာသ လူရႊင္ေတာ္ႀကီး ဦးေရႊအိုး ရဲ့အခက္အခဲေတြကို အားလုံးသိၿပီးေတာ့ အကူအညီေပးနိုင္ရန္မၽွေဝ ေပးလိုက္ပါတယ္။ ဦး ေရႊအိုး လည္းအခက္အခဲေတြ အားလုံးအဆင္ေျပပါ ေစ အလႉရွင္ေတြအျမန္ဆုံးေပၚေပါက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

စားစရာမရှိလို့ ရှိသမျှအကုန်ထုတ်‌ရောင်းနေရတဲ့ ( ဘုန်းကြီးခန်းအများဆုံးသရုပ်ဆောင်သော ဉီးရွှေအိုး )

ပရိသတ်ကြီးရေ ကိုဗစ်ဒဏ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေကတော့ တစ်ပူပေါ်နှစ်ပူဆင့်ဆို သလိုလူတိုင်းအားလုံးစီးပွားရေးတွေကျပ်တည်းနေကြပါ တယ်။ဒီလိုဆိုးရွားလှတဲ့ အခြေအနေတွေကို အများဆုံးခံစား ရတာကတော့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေရပ်နားထားတာကြောင့်ဇာတ်ပို့ ဇာတ်ရန်တွေနဲ့ ဟာသသရုပ်ဆောင်လူရွှင်တော်တွေ အားလုံးနီးပါးဟာစားဝတ်နေရေး အခက်အခဲတွေ တွေ့ကြုံလာရပါတယ်။

ဒီနေ့မှာတော့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင် အကောင်းဆုံးဖျော်ဖြေခဲ့တဲ့ ဟာသလူရွှင်တော် ဦး ရွှေ အိုးကတော့ သူ့ရဲ့ အခက်အခဲတွေကို ရင်ဖွင့်လာပါတယ် ဦး ရွှေအိုး ကတော့လက်ရှိမှာ အိမ်လခပေးဖို့အခက်အခဲ ရှိနေပြီးတော့စားသောက်ရေးလဲအဆင်မပြေဖူးလို့သိရပါ တယ်။

ဦး ရွှေအိုး ရဲ့ မိန်းမဖြစ်သူကလည်း ကျန်းမာရေးချူချာ တာကြောင့် ဆေးကုသစရိတ်တွေမတတ်နိုင်တာကြောင့် ရှိတာလေးတွေ ရောင်းချနေရပါတယ်။စားသောက်ရေးအတွက်ကလဲ ဟင်းဝယ်စားဖို့မတတ် နိုင်တာကြောင့် ဆန်ပြုတ်ပဲ သောက်နေရတယ်လို့စိတ် မကောင်းစွာသိရပါတယ်။

ဦး ရွှေအိုး ကတော့ အနုပညာ အသိုင်းအဝိုင်းက မောင်နှမတွေနဲ့ ကူညီနိုင် တဲ့သူတွေအကူအညီပေးကြပါအုန်းလို့ အကူအညီတောင်းခံထားပါတယ်။ပရိသတ်ကြီးရေ မိမိတို့ချစ်ခင်အားပေးရတဲ့ ဟာသ လူရွှင်တော်ကြီး ဦးရွှေအိုး ရဲ့အခက်အခဲတွေကို အားလုံးသိပြီးတော့ အကူအညီပေးနိုင်ရန်မျှဝေ ပေးလိုက်ပါတယ်။ ဦး ရွှေအိုး လည်းအခက်အခဲတွေ အားလုံးအဆင်ပြေပါ စေ အလှူရှင်တွေအမြန်ဆုံးပေါ်ပေါက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။crd

Leave a Reply

Your email address will not be published.