အေၾကာ္တစ္ခုကို ၅ဝ ပါ* ၁ဝဝဖိုးကို ၃ ခုထားလိုက္* မရလို႔ပါကြယ္*၂၀၀ ဖိုး ၅ ခု ထားလိုက္ပါလို႔ ေျပာလိုက္ေတာ့

အေၾကာ္တစ္ခုကို ၅ဝ ပါ* ၁ဝဝဖိုးကို ၃ ခုထားလိုက္* မရလို႔ပါကြယ္*၂၀၀ ဖိုး ၅ ခု ထားလိုက္ပါလို႔ ေျပာလိုက္ေတာ့

အေၾကာ္တစ္ခုကို ၅ဝ ပါ။ ၁ဝဝ ဖိုးကို ၃ ခု ထားလိုက္ပါလို႔‌ ေျပာလိုက္‌ေတာ့ (မရလို႔ပါကြယ္) ၂၀၀ ဖိုး ၅ ခုေတာ့ထားလိုက္ပါလို႔ ေျပာလိုက္ေသာအခါအမွတ္တမဲ့ပါပဲ။ နားထဲ ခပ္သဲ့သဲ့ၾကားလိုက္တာပါ။ အေၾကာ္တစ္ခုကိုဘယ္ေလာက္လဲ။ ကေလးတစ္ေယာက္ကို လက္ဆြဲၿပီးေတာ့ အမ်ိဳးသမီးတစ္ေယာက္ (ေငြေၾကးျပည့္စုံတဲ့ အသိုင္းအဝိုင္းက ပုံစံမ်ိဳးပါပဲ) အေၾကာ္ဝယ္ဖို႔ ေမးေနတဲ့အသံပါ။

အေၾကာ္တစ္ခုကို ၅ဝ ပါ။ ၁ဝဝ ဖိုးကို ၃ ခု ထားလိုက္။ (မရလို႔ပါကြယ္) ၂၀၀ ဖိုး ၅ ခုေတာ့ထား။ ( ေဈးဆစ္ေနျခင္း ျဖစ္သည္။ )တေအာင့္ေလာက္ေနေတာ့ ေနာက္ထပ္ ၾကားလိုက္ရတယ္။ “လာ… သား၊ အေၾကာ္ေတြက ညစ္တီးညစ္ပတ္နဲ႔ မသန႔္ရွင္းဘူး။ မစားခ်င္နဲ႔ သား” ဆိုၿပီး ကေလးကို ဆြဲေခၚသြားတယ္။

ကၽြန္ေတာ္ စိတ္ဝင္စားသြားတယ္။ ေသခ်ာလွမ္းၾကည့္လိုက္ေတာ့ အသက္ (၆၀) ေက်ာ္ အေမႀကီးတစ္ေယာက္ အေၾကာ္ေရာင္းေနတာကို အမ်ိဳးသမီးတစ္ေယာက္က ေဈးဆစ္ေနတာ။

ေၾသာ္… လူေတြမ်ား ခက္လိုက္တာဗ်ာ။ အေၾကာ္ဝယ္ဖို႔ ေဈးဆစ္လို႔ မရေတာ့ ညစ္ပတ္တယ္ မစားနဲ႔လို႔ ေျပာသြားတယ္။ ထိုအမ်ိဳးသမီးရဲ့ စိတ္ဓာတ္နဲ႔ အဆင့္အတန္းကို မေဝဖန္ခ်င္ေတာ့၊ မစဥ္းစားခ်င္ေတာ့။

အေၾကာ္သည္ အေမႀကီးကို ၾကည့္လိုက္ေတာ့ အားငယ္သြားတဲ့ မ်က္ႏွာေလးနဲ႔ ထြက္သြားတယ္။ “ေဟာဒီက … အေၾကာ္ပူပူေလး” ရင္ထဲမွာေတာ္ေတာ္ေလး စိတ္မေကာင္း ျဖစ္သြားတယ္။

ကၽြန္ေတာ္ ကမန္းကတန္း လွမ္းေခၚလိုက္တယ္။ အေမႀကီး… ခဏေနပါအုံးဗ်၊ အေၾကာ္ဝယ္ခ်င္လို႔။ ျပန္လွည့္လာၿပီး အေၾကာ္ဗန္းကို ခ်ေပးတယ္။ၾကည့္လိုက္ေတာ့ မုန႔္ေပါင္းနဲ႔ အေၾကာ္ေလးေတြက အစီအရီ။ ဗန္းထဲမွာ စားခ်င္စဖြယ္ သန႔္သန႔္ရွင္းရွင္းလုပ္ထားတာပါ။

စဥ္းစားမိတယ္။ ေနရဲ့အပူရွိန္ေအာက္မွာ အေၾကာ္ေတြက မနက္ကတည္းက ေၾကာ္ထားတာ ျဖစ္နိုင္ေပမယ့္ အပူရွိန္ေၾကာင့္ အေၾကာ္ေတြက ပူေနမွာမလြဲ။အေၾကာ္ပူပူေလးလို႔ ေအာ္ေရာင္းတာနဲ႔ အကိုက္ပဲ။ ေၾသာ္… ဒီအသက္အရြယ္နဲ႔ ေနပူပူမွာ ဘယ္ေလာက္ ပင္ပမ္းရွာေလမလဲ။

ငါ့အေမမ်ား ဒီလိုဆိုရင္ဆိုတဲ့ အေတြးနဲ႔ ကိုယ္ခ်င္းစာ စိတ္မေကာင္း ျဖစ္မိတယ္။ အေမႀကီး … “အေၾကာ္တစ္ခုဘယ္ေလာက္လဲ” သိေပမယ့္ ထပ္ေမးလိုက္တယ္။အေၾကာ္တစ္ခု (၅၀)ပါ သားေလးရယ္။ ေနာက္ထပ္ေဈးဆစ္မွာ ေရာင္းမေကာင္းမွာ စိုးရိမ္ေနပုံပါပဲ။ မ်က္ႏွာေပၚက ေခၽြးစက္ေတြကို သဘက္နဲ႔သုတ္ရင္း ခပ္တိုးတိုးေျဖတယ္။

“အေမႀကီး အေၾကာ္ေတြက စားခ်င္စရာပဲ စားေကာင္းမယ့္ပုံပဲဗ်” ဆိုၿပီးအေၾကာ္တစ္ခုကို ေကာက္ဝါးလိုက္တယ္။ သူ႔ခမ်ာအေမာေၿပ သေဘာက်သြားပုံပဲ။ ညႇိုးငယ္ေနတဲ့ မ်က္ႏွာ ခ်က္ျခင္းျပဳံးလာတယ္။ ဝမ္းသာသြားပုံပဲ။

“အရသာရွိတယ္… အေမႀကီး ႐ုံးကလူေတြလည္း ေကၽြးခ်င္လို႔ အကုန္လုံးဆိုရင္ ဘယ္ေလာက္က်လဲ” လို႔ ေမးၿပီး ငါးေထာင္တန္တစ္ရြက္ ထုတ္ေပးလိုက္တယ္။အေၾကာ္ေတြထည့္ရင္းနဲ႔ ဗန္းေအာက္က ငါးရာတန္နဲ႔ ႏွစ္ရာတန္ အႏြမ္းေလးေတြ တုန္တုန္ရီရီနဲ႔ ထုတ္ေရၿပီးျပန္အမ္းဖို႔ ႀကိဳးစားေနတယ္။ “ရတယ္ အေမႀကီး ျပန္မအမ္းပါနဲ႔ေတာ့” ဆိုေတာ့

မဟုတ္တာ သားေလးရယ္တဲ့။ “ ရတယ္ ပိုတာကို ကုသိုလ္လုပ္တာပါလို႔ေျပာလိုက္ေရာ” ေက်းဇူးတင္လိုက္တာ စိတ္ေကာင္းရွိလိုက္တာသားေလးရယ္။အိမ္က သားေတြမ်ား ဒီလိုသိတတ္ရင္ဆိုၿပီး ပုခုံးေပၚ တင္ထားတဲ့ သဘက္အႏြမ္းေလးနဲ႔ မ်က္ရည္စတခ်ိဳ႕ကို ဖ်တ္ခနဲ သုတ္ရွာတယ္။“ရင္ထဲမွာမေကာင္း မိဘခ်င္း ကိုယ္ခ်င္းစာစိတ္နဲ႔ မ်က္ရည္လည္မိတယ္” အေမႀကီး အသက္ ဘယ္ေလာက္ရွိၿပီလဲ ဆိုေတာ့ (၆၅) ႏွစ္တဲ့။

ကၽြန္ေတာ့္အေမနဲ႔ အသက္ သိပ္မကြာ။ ေလာကဒဏ္ရဲ့ရိုက္ပုတ္မႈပင္ပမ္းဆင္းရဲမႈေတြေၾကာင့္ အေမ့ထက္ေတာင္ အမ်ားႀကီး အိုစာေနပါလား။တကယ္ဆို ဒီအရြယ္က ဘုရားရိပ္တရားရိပ္မွာ တရားအားထုတ္ၿပီး ေအးေအးခ်မ္းခ်မ္း ေနရမယ့္အရြယ္ေလ။ သားသမီးေတြ ရွိလားလို႔လည္း ကၽြန္ေတာ္ မေမးခ်င္ေတာ့ပါ။သားသမီးေတြက မေထာက္ပံ့ၾကဘူးလားလို႔လည္း မေမးခ်င္ေတာ့ပါ။ ဒီလို ပင္ပင္ပန္းပန္း ေဈးေရာင္းေနၾကရတဲ့ အေမမ်ိဳးေတြ ျမန္မာျပည္မွာဘယ္ေလာက္ေတာင္ ရွိေနမလဲ။

ကၽြန္ေတာ္ကေကာ ဘယ္ႏွစ္ခါဘယ္ေလာက္ ကူညီနိုင္မွာမို႔လဲ။ တကယ္ေတာ့… လူတိုင္းရဲ့ရင္ထဲမွာ ကိုယ္ခ်င္းစာ နားလည္တတ္တဲ့စိတ္ သားသမီးတိုင္းရဲ့ ရင္ထဲမွာ မိဘေက်းဇူးကိုသိတတ္နားလည္လုပ္ေကၽြး ျပဳစုခ်င္တဲ့စိတ္ လူသားတိုင္းရဲ့ ရင္ထဲမွာ ကိုယ္စီ တာဝန္ေက် သိတတ္မႈေတြ ရွိေနၾကမယ္ဆိုရင္ မိဘကို ေကၽြးေမြးျပဳစု ေစာင့္ေရွာက္ၾကပါ။

အကြော်တစ်ခုကို ၅ဝ ပါ* ၁ဝဝဖိုးကို ၃ ခုထားလိုက်* မရလို့ပါကွယ်*၂၀၀ ဖိုး ၅ ခု ထားလိုက်ပါလို့ ပြောလိုက်တော့

အကြော်တစ်ခုကို ၅ဝ ပါ။ ၁ဝဝ ဖိုးကို ၃ ခု ထားလိုက်ပါလို့‌ ပြောလိုက်‌တော့ (မရလို့ပါကွယ်) ၂၀၀ ဖိုး ၅ ခုတော့ထားလိုက်ပါလို့ ပြောလိုက်သောအခါအမှတ်တမဲ့ပါပဲ။ နားထဲ ခပ်သဲ့သဲ့ကြားလိုက်တာပါ။ အကြော်တစ်ခုကိုဘယ်လောက်လဲ။ ကလေးတစ်ယောက်ကို လက်ဆွဲပြီးတော့ အမျိုးသမီးတစ်ယောက် (ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပုံစံမျိုးပါပဲ) အကြော်ဝယ်ဖို့ မေးနေတဲ့အသံပါ။

အကြော်တစ်ခုကို ၅ဝ ပါ။ ၁ဝဝ ဖိုးကို ၃ ခု ထားလိုက်။ (မရလို့ပါကွယ်) ၂၀၀ ဖိုး ၅ ခုတော့ထား။ ( ဈေးဆစ်နေခြင်း ဖြစ်သည်။ )တအောင့်လောက်နေတော့ နောက်ထပ် ကြားလိုက်ရတယ်။ “လာ… သား၊ အကြော်တွေက ညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူး။ မစားချင်နဲ့ သား” ဆိုပြီး ကလေးကို ဆွဲခေါ်သွားတယ်။

ကျွန်တော် စိတ်ဝင်စားသွားတယ်။ သေချာလှမ်းကြည့်လိုက်တော့ အသက် (၆၀) ကျော် အမေကြီးတစ်ယောက် အကြော်ရောင်းနေတာကို အမျိုးသမီးတစ်ယောက်က ဈေးဆစ်နေတာ။

သြော်… လူတွေများ ခက်လိုက်တာဗျာ။ အကြော်ဝယ်ဖို့ ဈေးဆစ်လို့ မရတော့ ညစ်ပတ်တယ် မစားနဲ့လို့ ပြောသွားတယ်။ ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့ အဆင့်အတန်းကို မဝေဖန်ချင်တော့၊ မစဉ်းစားချင်တော့။

အကြော်သည် အမေကြီးကို ကြည့်လိုက်တော့ အားငယ်သွားတဲ့ မျက်နှာလေးနဲ့ ထွက်သွားတယ်။ “ဟောဒီက … အကြော်ပူပူလေး” ရင်ထဲမှာတော်တော်လေး စိတ်မကောင်း ဖြစ်သွားတယ်။

ကျွန်တော် ကမန်းကတန်း လှမ်းခေါ်လိုက်တယ်။ အမေကြီး… ခဏနေပါအုံးဗျ၊ အကြော်ဝယ်ချင်လို့။ ပြန်လှည့်လာပြီး အကြော်ဗန်းကို ချပေးတယ်။ကြည့်လိုက်တော့ မုန့်ပေါင်းနဲ့ အကြော်လေးတွေက အစီအရီ။ ဗန်းထဲမှာ စားချင်စဖွယ် သန့်သန့်ရှင်းရှင်းလုပ်ထားတာပါ။

စဉ်းစားမိတယ်။ နေရဲ့အပူရှိန်အောက်မှာ အကြော်တွေက မနက်ကတည်းက ကြော်ထားတာ ဖြစ်နိုင်ပေမယ့် အပူရှိန်ကြောင့် အကြော်တွေက ပူနေမှာမလွဲ။အကြော်ပူပူလေးလို့ အော်ရောင်းတာနဲ့ အကိုက်ပဲ။ သြော်… ဒီအသက်အရွယ်နဲ့ နေပူပူမှာ ဘယ်လောက် ပင်ပမ်းရှာလေမလဲ။

ငါ့အမေများ ဒီလိုဆိုရင်ဆိုတဲ့ အတွေးနဲ့ ကိုယ်ချင်းစာ စိတ်မကောင်း ဖြစ်မိတယ်။ အမေကြီး … “အကြော်တစ်ခုဘယ်လောက်လဲ” သိပေမယ့် ထပ်မေးလိုက်တယ်။အကြော်တစ်ခု (၅၀)ပါ သားလေးရယ်။ နောက်ထပ်ဈေးဆစ်မှာ ရောင်းမကောင်းမှာ စိုးရိမ်နေပုံပါပဲ။ မျက်နှာပေါ်က ချွေးစက်တွေကို သဘက်နဲ့သုတ်ရင်း ခပ်တိုးတိုးဖြေတယ်။

“အမေကြီး အကြော်တွေက စားချင်စရာပဲ စားကောင်းမယ့်ပုံပဲဗျ” ဆိုပြီးအကြော်တစ်ခုကို ကောက်ဝါးလိုက်တယ်။ သူ့ခမျာအမောပြေ သဘောကျသွားပုံပဲ။ ညှိုးငယ်နေတဲ့ မျက်နှာ ချက်ခြင်းပြုံးလာတယ်။ ဝမ်းသာသွားပုံပဲ။

“အရသာရှိတယ်… အမေကြီး ရုံးကလူတွေလည်း ကျွေးချင်လို့ အကုန်လုံးဆိုရင် ဘယ်လောက်ကျလဲ” လို့ မေးပြီး ငါးထောင်တန်တစ်ရွက် ထုတ်ပေးလိုက်တယ်။အကြော်တွေထည့်ရင်းနဲ့ ဗန်းအောက်က ငါးရာတန်နဲ့ နှစ်ရာတန် အနွမ်းလေးတွေ တုန်တုန်ရီရီနဲ့ ထုတ်ရေပြီးပြန်အမ်းဖို့ ကြိုးစားနေတယ်။ “ရတယ် အမေကြီး ပြန်မအမ်းပါနဲ့တော့” ဆိုတော့

မဟုတ်တာ သားလေးရယ်တဲ့။ “ ရတယ် ပိုတာကို ကုသိုလ်လုပ်တာပါလို့ပြောလိုက်ရော” ကျေးဇူးတင်လိုက်တာ စိတ်ကောင်းရှိလိုက်တာသားလေးရယ်။အိမ်က သားတွေများ ဒီလိုသိတတ်ရင်ဆိုပြီး ပုခုံးပေါ် တင်ထားတဲ့ သဘက်အနွမ်းလေးနဲ့ မျက်ရည်စတချို့ကို ဖျတ်ခနဲ သုတ်ရှာတယ်။“ရင်ထဲမှာမကောင်း မိဘချင်း ကိုယ်ချင်းစာစိတ်နဲ့ မျက်ရည်လည်မိတယ်” အမေကြီး အသက် ဘယ်လောက်ရှိပြီလဲ ဆိုတော့ (၆၅) နှစ်တဲ့။

ကျွန်တော့်အမေနဲ့ အသက် သိပ်မကွာ။ လောကဒဏ်ရဲ့ရိုက်ပုတ်မှုပင်ပမ်းဆင်းရဲမှုတွေကြောင့် အမေ့ထက်တောင် အများကြီး အိုစာနေပါလား။တကယ်ဆို ဒီအရွယ်က ဘုရားရိပ်တရားရိပ်မှာ တရားအားထုတ်ပြီး အေးအေးချမ်းချမ်း နေရမယ့်အရွယ်လေ။ သားသမီးတွေ ရှိလားလို့လည်း ကျွန်တော် မမေးချင်တော့ပါ။သားသမီးတွေက မထောက်ပံ့ကြဘူးလားလို့လည်း မမေးချင်တော့ပါ။ ဒီလို ပင်ပင်ပန်းပန်း ဈေးရောင်းနေကြရတဲ့ အမေမျိုးတွေ မြန်မာပြည်မှာဘယ်လောက်တောင် ရှိနေမလဲ။

ကျွန်တော်ကကော ဘယ်နှစ်ခါဘယ်လောက် ကူညီနိုင်မှာမို့လဲ။ တကယ်တော့… လူတိုင်းရဲ့ရင်ထဲမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့စိတ် သားသမီးတိုင်းရဲ့ ရင်ထဲမှာ မိဘကျေးဇူးကိုသိတတ်နားလည်လုပ်ကျွေး ပြုစုချင်တဲ့စိတ် လူသားတိုင်းရဲ့ ရင်ထဲမှာ ကိုယ်စီ တာဝန်ကျေ သိတတ်မှုတွေ ရှိနေကြမယ်ဆိုရင် မိဘကို ကျွေးမွေးပြုစု စောင့်ရှောက်ကြပါ။crd

Leave a Reply

Your email address will not be published.