ပေါင်းဖက်ဖို့အကောင်းဆုံး အိမ်ထောင်ဖက်နေ့နံများ….
” ဦး သာ စိန် ပန်း ဒန်းလှ ကို ရှာ ”…
ဦး-သာ တနင်္ဂနွေနှင့် သောကြာ အိမ်ထောင်ဖက်၊… စိန်-ပန်း အင်္ဂါနှင့် ကြာသပတေး အိမ်ထောင်ဖက်၊…..
ဒန်း-လှ စနေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်၊… ကို-ရှာ တနင်္လာ နှင့် ရာဟု အိမ်ထောင်ဖက်……
” ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ ” (အိမ်ထောင်ရန်ဖက်)…
ဓ မ္မာ – စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့်… သော က – သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့်…..
အင်း ၀ – တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့်… ရာ ဇာ – ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်…
“အောင် ပ ကုလား ဆွေသား နောင်ရင်း” (မိတ်ဖက်)…
အောင် ပ တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည်… ကု လား တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည်……
ဆွေ သား အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည်… နောင် ရင်း စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်…
“ဦးညို ခေမာ သုတ ဝေရီ” (ကမ္ဘာ့ရန်)…
ဦး ညို – တနင်္ဂနွေနှင့် အင်္ဂါ ကမ္ဘာ့ရန်… ခေမာ – တနင်္လာနှင့် ကြာသပတေး ကမ္ဘာ့ရန်…..
သုတ – သောကြာနှင့် စနေ ကမ္ဘာ့ရန်… ဝေရီ – ဗုဒ္ဓဟူးနှင့် ရာဟု ကမ္ဘာ့ရန်..
(ခုနှစ်နံနှင့် အုပ်စိုးသည့် သတ္တုရတနာများ)..
တနင်္ဂနွေ – ကြေးနီ… တနင်္လာ – ပတ္တမြား… အင်္ဂါ – ရွှေ… ဗုဒ္ဓဟူး –..
ကျောက်သံပတ္တမြား… ကြာသပတေး – ငွေ… သောကြာ-ပုလဲ… စနေ-သံ..
(ရက်ရာဇာ ရွေးနည်း)..
တန်ခူး သာလှ – တန်းခူးလမှာ သောကြာ- ဗုဒ္ဓဟူး… ထွန်းပ ကဆုန် – ကဆုန်လမှာ စနေ – ကြာသပတေး…..
နယုန်ညွန့်စ – နယုန်လမှာ အင်္ဂါ… အောင်လှဝါဆို – ဝါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူး… သာလိုဝါခေါင် – ဝါခေါင်လတွင် ဗုဒ္ဓဟူး-သောကြာ…..
မြတောင် တော်သလင်း -တော်သလင်းလတွင် ကြာသပတေး-စနေ… သီတင်းကျွတ် ဆီ –..
သီတင်းကျွတ်လတွင် အင်္ဂါ… သောရီ တန်ဆောင်မုန်း – တန်ဆောင်မုန်းလတွင် သောကြာ –..
ရာဟု ချမ်းတုန် နတ်တော် – နတ်တော်လတွင် တနင်္လာ – စနေ..
မိနော်ပြာသို ပြာသိုလတွင် ကြာသပတေး – စနေ… မိညိုတပို့တွဲ တပို့တွဲလတွင် -အင်္ဂါ – ကြာသပတေး……
ထဲဝင်တပေါင်း တပေါင်းလတွင် စနေ – ဗုဒ္ဓဟူး… ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာ ဖြစ်ပေသည် …။…
(ပြဿဒါးရက် ရွေးနည်း)…
တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မေလျာ မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး)…
ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး)…
နယုန် ဝါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် ကျား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ)…
ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့…
ဟိုင်းခငြေ်္သ့ (ဟိုင်း= ရာဟု ၊ ခငြေ်္သ့ = အင်္ဂါ) မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွား…
(ဂြိုလ်နေ ဂြိုလ်သက်များ)….
တနင်္ဂနွေ ဂြိုလ်သက် – ၆နှစ်… တနင်္လာ ဂြိုလ်သက် – ၁၅ နှစ်… အင်္ဂါ ဂြိုလ်သက် – ၈ နှစ်… ဗုဒ္ဓဟူး ဂြိုလ်သက် – ၁၇ နှစ်……
ကြာသပတေး ဂြိုလ်သက် – ၁၉ နှစ်… သောကြာ ဂြိုလ်သက် – ၂၁ နှစ်… စနေ ဂြိုလ်သက်- ၁၀ နှစ်… ရာဟုဂြိုလ် – ၁၂ နှစ်…
အဲဒီ့ဂြိုလ်တွေ အားလုံး ပေါင်းလိုက်ရင် ၁၀၈ ရတယ် ၁၀၈ နဝင်းလို့ ခေါ်ကြလေသည်။…
phothutaw.com..
Credit: Social Media..