Categories
အႏုပညာသတင္း

တစ္ခ်ိန္က ေရႊအိုေရာင္ဆံပင္ရွည္ေလးနဲ႔ ပရိသတ္ေတြရဲ့ အသည္းႏွလုံးကို အပိုင္ယူသြားတဲ့ F4 မင္းသား Kim Hyun Joong လပ္ထပ္ေတာ့မည္

တစ္ခ်ိန္က ေရႊအိုေရာင္ဆံပင္ရွည္ေလးနဲ႔ ပရိသတ္ေတြရဲ့ အသည္းႏွလုံးကို အပိုင္ယူသြားတဲ့ F4 မင္းသား Kim Hyun Joong လပ္ထပ္ေတာ့မည္

အဆိုေတာ္၊ မင္းသား Kim Hyun Joong ကသူ႔ရဲ႕ခ်စ္သူနဲ႔ လက္ထပ္ေတာ့မွာျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔မွာ TV Daily က Kim Hyun Joong ကသူ႔ရဲ႕အႏုပညာေလာကကမဟုတ္တဲ့ခ်စ္သူနဲ႔လက္ထပ္ေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့တာျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးက Covid-19 ပ်ံ႕ႏွံ႔ေနမႈေၾကာင့္ မဂၤလာပြဲေတာ့က်င္းပသြားမွာမဟုတ္ပါဘူးတဲ့။ သူတို႔စုံတြဲက တစ္ဦးအေပၚတစ္ဦးပြင့္လင္းရင္းႏွီးၾကၿပီး အခ်စ္ဆုံးသူငယ္ခ်င္းေတြလိုပါပဲလို႔ သူတို႔ရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားထားခဲ့ပါတယ္။

ဒါ့အျပင္ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔မွာပဲ Kim Hyun Joong ကသူ႔ရဲ႕ပရိတ္သတ္ေတြကို ကိုယ္တိုင္ေျပာျပခဲ့ပါေသးတယ္။ “ဒီစကားကို ဘယ္လိုစေျပာရမယ္မွန္းေတာင္မသိပါဘူး။ ကြၽန္ေတာ့္ရဲ႕လက္က်န္ဘဝကို ခက္ခဲတဲ့အခ်ိန္ေတြတုန္းက ကြၽန္ေတာ့္ေဘးမွာေနေပးခဲ့တဲ့သူနဲ႔ျဖတ္သန္းသြားဖို႔ ဆုံးျဖတ္ထားပါတယ္” ဆိုၿပီး သူ႔ရဲ႕ Gift Concert တစ္ခုမွာ ပရိတ္သတ္ေတြကိုေျပာျပခဲ့တာပါ။

“ကြၽန္ေတာ့ဘဝကိုျပန္စဥ္းစားၾကည့္တဲ့အခါမွာ ကြၽန္ေတာ္က အခ်စ္ေတြအမ်ားႀကီးလက္ခံရရွိခဲ့တဲ့သူပါ။ ဘယ္လိုအခ်ိန္မ်ိဳးမွာပဲျဖစ္ျဖစ္ကြၽန္ေတာ့ကိုယုံၾကည္ၿပီး ကြၽန္ေတာ့ေဘးမွာေနေပးခဲ့တဲ့ ပရိတ္သတ္ေတြကိုလည္း ေက်းဇူးတင္လို႔မဆုံးပါဘူး။

ဒီလိုမ်ိဳး ဒီစကားကို လူကိုယ္တိုင္ေျပာခြင့္ရတဲ့အတြက္လည္း ဝမ္းသားမိပါတယ္။ ကြၽန္ေတာ့ဘဝကို ဒီလိုမ်ိဳးဆက္လက္ေလွ်ာက္လွမ္းေနႏိုင္တာ ပရိတ္သတ္ေတြေပးတဲ့အခ်စ္ေၾကာင့္ပါ။

ဒါ့ေၾကာင့္မို႔လို႔ပဲ ဒီသတင္းကို ပရိတ္သတ္ေတြဆီဒီလိုမ်ိဳး လူကိုယ္တိုင္ေျပာမယ္လို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္” ဆိုၿပီး ပရိတ္သတ္ေတြရင္ထဲထိေလာက္ေအာင္ သူ႔ရဲ႕ခံစားခ်က္ေတြကို ဖြင့္ဟခဲ့ပါတယ္။

ဒါ့အျပင္ Kim Hyun Joong ရဲ႕ေအဂ်င္စီျဖစ္တဲ့ Henecia ကလည္း သူ႔ရဲ႕မဂၤလာသတင္းကို အတည္ျပဳတဲ့ေၾကညာစာတစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။crd

တစ်ချိန်က ရွှေအိုရောင်ဆံပင်ရှည်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို အပိုင်ယူသွားတဲ့ F4 မင်းသား Kim Hyun Joong လပ်ထပ်တော့မည်

အဆိုတော်၊ မင်းသား Kim Hyun Joong ကသူ့ရဲ့ချစ်သူနဲ့ လက်ထပ်တော့မှာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ TV Daily က Kim Hyun Joong ကသူ့ရဲ့အနုပညာလောကကမဟုတ်တဲ့ချစ်သူနဲ့လက်ထပ်တော့မှာဖြစ်ကြောင်း အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးက Covid-19 ပျံ့နှံ့နေမှုကြောင့် မင်္ဂလာပွဲတော့ကျင်းပသွားမှာမဟုတ်ပါဘူးတဲ့။ သူတို့စုံတွဲက တစ်ဦးအပေါ်တစ်ဦးပွင့်လင်းရင်းနှီးကြပြီး အချစ်ဆုံးသူငယ်ချင်းတွေလိုပါပဲလို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာပဲ Kim Hyun Joong ကသူ့ရဲ့ပရိတ်သတ်တွေကို ကိုယ်တိုင်ပြောပြခဲ့ပါသေးတယ်။ “ဒီစကားကို ဘယ်လိုစပြောရမယ်မှန်းတောင်မသိပါဘူး။ ကျွန်တော့်ရဲ့လက်ကျန်ဘဝကို ခက်ခဲတဲ့အချိန်တွေတုန်းက ကျွန်တော့်ဘေးမှာနေပေးခဲ့တဲ့သူနဲ့ဖြတ်သန်းသွားဖို့ ဆုံးဖြတ်ထားပါတယ်” ဆိုပြီး သူ့ရဲ့ Gift Concert တစ်ခုမှာ ပရိတ်သတ်တွေကိုပြောပြခဲ့တာပါ။

“ကျွန်တော့ဘဝကိုပြန်စဉ်းစားကြည့်တဲ့အခါမှာ ကျွန်တော်က အချစ်တွေအများကြီးလက်ခံရရှိခဲ့တဲ့သူပါ။ ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ်ကျွန်တော့ကိုယုံကြည်ပြီး ကျွန်တော့ဘေးမှာနေပေးခဲ့တဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်လို့မဆုံးပါဘူး။

ဒီလိုမျိုး ဒီစကားကို လူကိုယ်တိုင်ပြောခွင့်ရတဲ့အတွက်လည်း ဝမ်းသားမိပါတယ်။ ကျွန်တော့ဘဝကို ဒီလိုမျိုးဆက်လက်လျှောက်လှမ်းနေနိုင်တာ ပရိတ်သတ်တွေပေးတဲ့အချစ်ကြောင့်ပါ။

ဒါ့ကြောင့်မို့လို့ပဲ ဒီသတင်းကို ပရိတ်သတ်တွေဆီဒီလိုမျိုး လူကိုယ်တိုင်ပြောမယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်” ဆိုပြီး ပရိတ်သတ်တွေရင်ထဲထိလောက်အောင် သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် Kim Hyun Joong ရဲ့အေဂျင်စီဖြစ်တဲ့ Henecia ကလည်း သူ့ရဲ့မင်္ဂလာသတင်းကို အတည်ပြုတဲ့ကြေညာစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။crd

Leave a Reply

Your email address will not be published.