Categories
သတင်း






Crd

သူနာပြုဆရာမမယုယုဝေ မန္တလေးက အဆောင်တစ်ခုမှ မိမိကိုယ်ကို အဆုံးစီရင်မှု အဖြစ်မှန်သိရ…

(၂၈.၂.၂၀၂၂)တနင်္လာနေ့က သူနာပြုဆရာမမယုယုဝေ မန္တလေးက အဆောင်တစ်ခုမှာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။

မယုယုဝေဟာ စစ်တပ်က အာဏာသိမ်းပြီး​နောက် အကြမ်းမဖက်အာဏာဖီဆန်​ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ထား သူဖြစ်တယ်လို့ လည်းသိရပါတယ်။
သူ ကိုယ့်ကိုယ်ကိုယ်ကြိုးဆွဲချ အဆုံးစီရင်ခဲ့တာနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးလူမူကူညီကယ်ဆယ်ရေးဦးဆောင်ကော်မတီစာမျက်နှာမှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားတာတွေ့ရပါတယ်။

၁၀၆A ၆၃လမ်းမှာရှိတဲ့ အမျိုးသမီးဘော်ဒါဆောင် မှာ ကြိုးဆွဲချသေဆုံးနေတဲ့ မယုယုဝေရဲ့ရုပ်အလောင်းကို အားမာန်လူငယ်လူမှုကယ်ဆယ်​ရေးအသင်းက ကားနဲ့ မော်ကျူရီကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေး ဦးဆောင်ကော်မတီရဲ့ဖေ့စ်ဘုခ်စာမျက်နှာမှာ ရေးသား ထုတ်ပြန် ထားပါတယ်။

မယုယုဝေ ဘာကြောင့်အခုလို မိမိကိုယ်ကို အဆုံးစီရင်ခဲ့ရတယ်ဆိုတဲ့ အချက်ကိုတော့ အတိအကျမသိရှိရသေးပါဘူး။
Crd

Leave a Reply

Your email address will not be published.