Categories
သတင္း

တမူးတြင္ ကားမိုင္းဆြဲခံရၿပီး အာဏာသိမ္းအဖြဲ႕လက္ေအာက္မွ မူးယစ္တပ္ဖြဲ႕စုမႉးအပါအဝင္ ရဲ ၅ ဦးေသဆုံး..0

တမူးတြင္ ကားမိုင္းဆြဲခံရၿပီး အာဏာသိမ္းအဖြဲ႕လက္ေအာက္မွ မူးယစ္တပ္ဖြဲ႕စုမႉးအပါအဝင္ ရဲ ၅ ဦးေသဆုံး

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္အတြင္း ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ (၁၇) ရက္ေန႔က ကားမိုင္းဆြဲခံရၿပီး အာဏာသိမ္းအဖြဲ႕လက္ေအာက္မွ မူးယစ္တပ္ဖြဲ႕စုမႉးတစ္ဦးအပါအဝင္ စုစုေပါင္း ရဲ ၅ ဦးေသဆုံးသြားၿပီး အဆိုပါရဲတပ္ဖြဲ႕ဝင္မ်ားသည္ ၎တို႔ခရီးသြားလာသည့္အစီအမံကို တပ္ဖြဲ႕ထံ တင္ျပထားျခင္းမရွိဟု

မူးယစ္တပ္ဖြဲ႕က သတင္းတင္ထားသည့္ ေၾကးနန္းစာ လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ့လာသည္ကို ေတြ႕ရသည္။ မူးယစ္တပ္ဖြဲ႕စု (၅) ကေလးမွ တပ္ဖြဲ႕စုမႉး ရဲမႉးေသာင္းျမင့္၊ ရဲတပ္ၾကပ္ေဇာ္မင္းေအာင္ႏွင့္ ရဲဒုတပ္ၾကပ္ေက်ာ္ဇင္ထိုက္တို႔သည္ တမူးခရိုင္တရား႐ုံးတြင္ စြဲဆိုထားသည့္ မူးယစ္မႈအား သက္ေသခံရန္ ဇန္နဝါရီလ (၁၇) ရက္ေန႔က သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တရား႐ုံးသက္ေသခံၿပီးေနာက္ တမူးမွ ကေလးသို႔ျပန္မည့္ အဆိုပါ မူးယစ္တပ္ဖြဲ႕စုမႉး၏အဖြဲ႕ႏွင့္အတူ ပုသိမ္သို႔ ေျပာင္းေရႊ႕ရမည့္ ဒုရဲမႉး ဝင္းနိုင္ႏွင့္ မူးယစ္တပ္ဖြဲ႕စု (၄၀) ရန္ကုန္ေျမာက္ပိုင္းကို ေျပာင္းေရႊ႕မည့္ ရဲအုပ္ မိုးထက္နိုင္တို႔က လမ္းၾကဳံလိုက္ပါလာခဲ့ၾကရာ ကားမိုင္းဆြဲခံရခ်ိန္တြင္ အဆိုပါ ရဲ (၅)ဦးလုံး ေနရာတြင္ ေသဆုံးသြားၾကေၾကာင္း သိရသည္။

ေသဆုံးသြားသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ၎တို႔၏လုပ္ငန္းအစီအမံမ်ားကို မူးယစ္တပ္ဖြဲ႕ထံ တင္ျပျခင္းမရွိဟု ၎တို႔တပ္ဖြဲ႕တြင္း တင္ျပၾကသည့္ ေၾကးနန္းတြင္ ေဖၚျပထားသည္ကို ေတြ႕ရသည္။

အဆိုပါ မိုင္းဆြဲတိုက္ခိုက္မႈကို တမူး PDF တပ္ရင္း ၃ က လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားၿပီး ေသဆုံးသြားသည့္ ရဲ (၅)ဦးထံမွ ၃၂ ဗို႔ ေျခာက္လုံးျပဳး ေသနတ္ ၁ လက္ ၊ MA-13 ေသနတ္ တစ္လက္ႏွင့္ က်‌ည္ ၅ ေတာင့္၊ MA-13 ေသနတ္တစ္လက္ႏွင့္ က်ည္ ၂၀ေတာင့္ကို သိမ္းဆည္းရမိသည္ဟု သိရသည္။crd

တမူးတွင် ကားမိုင်းဆွဲခံရပြီး အာဏာသိမ်းအဖွဲ့လက်အောက်မှ မူးယစ်တပ်ဖွဲ့စုမှူးအပါအဝင် ရဲ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့က ကားမိုင်းဆွဲခံရပြီး အာဏာသိမ်းအဖွဲ့လက်အောက်မှ မူးယစ်တပ်ဖွဲ့စုမှူးတစ်ဦးအပါအဝင် စုစုပေါင်း ရဲ ၅ ဦးသေဆုံးသွားပြီး အဆိုပါရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့ခရီးသွားလာသည့်အစီအမံကို တပ်ဖွဲ့ထံ တင်ပြထားခြင်းမရှိဟု


မူးယစ်တပ်ဖွဲ့က သတင်းတင်ထားသည့် ကြေးနန်းစာ လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည်ကို တွေ့ရသည်။ မူးယစ်တပ်ဖွဲ့စု (၅) ကလေးမှ တပ်ဖွဲ့စုမှူး ရဲမှူးသောင်းမြင့်၊ ရဲတပ်ကြပ်ဇော်မင်းအောင်နှင့် ရဲဒုတပ်ကြပ်ကျော်ဇင်ထိုက်တို့သည် တမူးခရိုင်တရားရုံးတွင် စွဲဆိုထားသည့် မူးယစ်မှုအား သက်သေခံရန် ဇန်နဝါရီလ (၁၇) ရက်နေ့က သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားရုံးသက်သေခံပြီးနောက် တမူးမှ ကလေးသို့ပြန်မည့် အဆိုပါ မူးယစ်တပ်ဖွဲ့စုမှူး၏အဖွဲ့နှင့်အတူ ပုသိမ်သို့ ပြောင်းရွှေ့ရမည့် ဒုရဲမှူး ဝင်းနိုင်နှင့် မူးယစ်တပ်ဖွဲ့စု (၄၀) ရန်ကုန်မြောက်ပိုင်းကို ပြောင်းရွှေ့မည့် ရဲအုပ် မိုးထက်နိုင်တို့က လမ်းကြုံလိုက်ပါလာခဲ့ကြရာ ကားမိုင်းဆွဲခံရချိန်တွင် အဆိုပါ ရဲ (၅)ဦးလုံး နေရာတွင် သေဆုံးသွားကြကြောင်း သိရသည်။

သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏လုပ်ငန်းအစီအမံများကို မူးယစ်တပ်ဖွဲ့ထံ တင်ပြခြင်းမရှိဟု ၎င်းတို့တပ်ဖွဲ့တွင်း တင်ပြကြသည့် ကြေးနန်းတွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တမူး PDF တပ်ရင်း ၃ က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး သေဆုံးသွားသည့် ရဲ (၅)ဦးထံမှ ၃၂ ဗို့ ခြောက်လုံးပြုး သေနတ် ၁ လက် ၊ MA-13 သေနတ် တစ်လက်နှင့် ကျ‌ည် ၅ တောင့်၊ MA-13 သေနတ်တစ်လက်နှင့် ကျည် ၂ဝတောင့်ကို သိမ်းဆည်းရမိသည်ဟု သိရသည်။crd

Leave a Reply

Your email address will not be published.