Categories
ဗဟုသုတ

ရုပ်အဆင်းအဂါင်္ လှပစေသောကုသိုလ်(၄)မျိုး

ရုပ်အဆင်းအဂါင်္ လှပစေသောကုသိုလ်(၄)မျိုး

လူ၊ နတ်၊ ဗြဟ္မာ ဖြစ်လေရာ ဘဝတို့တွင်သူတစ်ပါးထက် ရုပ်အဆင်း လှပလိုသူတို့သည် ကောင်းမှု (၄)မျိုးကို ပြုကြရမည်ဟု ကျမ်းဂန်တို့၌ ဆိုကြ၏ ။ထိုကောင်းမှု (၄) မျိုးသည်ကား..

၁။ အဝတ်အစား , သင်္ကန်း လှူဒါန်းခြင်း။

၂။ အစာအဟာရ လှူဒါန်းခြင်း။

၃။ တံမြတ်လှည်းခြင်း။

၎။ ဒေါသကို ချုပ်တည်း၍ မေတ္တာပွားခြင်း။

ဤ(၄)မျိုးသည် ရုပ်အဆင်းလှပခြင်း၏ အကြောင်းရင်းဖြစ်လေ၏ ။ထိုကုသိုလ်( ၄ )ပါးကိုပြုပါက ရုပ်အဆင်းလှပခြင်းအပြင်သက်ဆိုင်ရာကောင်းကျိုးများကိုလည်း ထပ်မံရသေး၏။

ထိုကြောင့်ဤ ( ၄ ) ပါးသော ကုသိုလ်တို့ကို ဖြစ်လေရာဘဝတိုင်း သူတစ်ပါးထက် ရုပ်အဆင်းလှလိုသူတို့သည် မလွဲမသွေ ပြုကြရပေမည်။တစ်ချို့လူတွေက ရုပ်လှတယ် စိတ်မလှဘူး ။ဒီစိတ်ကြောင့်ပဲ ရုပ်ဘယ်လောက်ပဲလှလှ သူများတွေရဲ့မေတ္တာတွေကို ရသင့်သလောက် မရကြဘူး ။

တစ်ချို့လူတွေကရုပ်ဆိုးတော့တယ် စိတ် ထား ဖြူတယ် ။ဒီစိတ်တွေကြောင့်ပဲ ဘယ်လောက် ရုပ်ဆိုးရုပ်ဆိုးသူတစ်ခုခု လိုအပ်လာရင် ကူညီမယ့်သူတွေ အဆင်သင့်နဲ့သူ့အနားမှာ ဝန်း ရံသူတွေပေါများတတ်တယ် ။

တစ်ချို့လူတွေကရုပ်လည်းမလှဘူး စိတ်လည်းမလှဘူး ။ဒါကြောင့်ပဲ ဘယ်သူနဲ့မှ အဆင်မပြေပဲတစ်လောကလုံးကို အပြစ်မြင်ပြီး ပူလောင်နေရတယ် ။ ဒီဘဝမှာ စိတ်ထားလည်းကောင်း ရုပ်ရည်လည်း လှတဲ့သူတွေဟာအရင်ဘဝက သူတို့ကိုယ်တိုင် ကြိုးစားအားထုတ်ထားတဲ့ကုသိုလ်ကံတွေကြောင့်ဖြစ်တယ် ။

အတိတ်ဘဝက ကုသိုလ်ပါရမီ နည်းခဲ့လို့ ဒီဘဝမှာ စိတ်ထားရော ရုပ်အဆင်းပါ အားနည်းနေတယ်ဆိုရင်တောင် စိတ်ပျက်နေစရာ မလိုပါဘူး။လောကကြီးကို အပြစ်မြင်နေစရာ မလိုပါဘူး။

ခေတ်မှီနည်းပညာတွေ ဆေးဝါးတွေနဲ့ ရသင့်ရထိုက်တဲ့ ရုပ်ရည်ကိုတော့ ပြုပြင်ယူလို့ ရနိုင်ပါသေးတယ်။ငွေကြေးဥစ္စာ အားနည်းလို့ဘယ်လိုမှ မပြုပြင်နိုင်တော့ဘူး ဆိုရင်ရောရုပ်ရည်ကို ပြင်လို့မရရင် စိတ်ဓာတ်ကိုတော့အ ကောင်း ဆုံးဖြစ်အောင် ပြင်ယူလို့ရသေးတာပဲလေ။

လူ့တန်ဖိုးဆိုတာ ရုပ်ရည်နဲ့ ငွေကြေးအပေါ်မှာမူတည်နေတာမဟုတ်ပါဘူး။စိတ်ဓာတ်နဲ့ လုပ်ရပ်အပေါ်မှာပဲ မူတည်နေတာပါ။ကိုယ့်မှာ စိတ်ဓာတ်ကောင်းလေး ပိုင်ဆိုင်ထားတယ်ဆိုရင် ကိုယ်ဟာ လောကမှာ တန်ဖိုးရှိတဲ့လူတစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်စမ်းပါ။

လူတိုင်းက ရုပ်ရည် ချောမော လှပသူဖြစ်ချင်သလို စိတ်ထားကောင်းလေးကိုလည်း ပိုင် ဆိုင်ချင်ကြတာပါပဲ။ဖြစ်လေရာ ဘဝမှာ ရုပ်အဆင်းရော စိတ်ဓာတ်ရော လှပချင်တယ်ဆိုရင်တော့အပေါ်မှာပြထားတဲ့ ကုသိုလ် (၄)မျိုးကိုကြိုး စားပြီး ပြုလုပ် အားထုတ်ကြရမှာ ဖြစ်ပါတယ်။

မိတ်ဆွေများအားလုံးလည်း ရုပ်ကိုလည်းပြုပြင်နိုင်ကြပါစေ စိတ်ထားလေးကိုလည်း ပြုပြင်နိုင်ကြပါစေ၊ရုပ်ရော စိတ်ရော ပြုပြင်နိုင်ပြီး နိဗ္ဗာန်ရောက်သည့်တိုင် လှပနိုင်ကြပါစေ..။crd

Leave a Reply

Your email address will not be published.