
Aung La Nsang အသက်ကြီးပြီလား ဆိုတဲ့သုံးသပ်ချက်
Aung La Nsang က နောက်ဆုံး (၄) ပွဲမှာ (၃) ပွဲရှုံးထားတယ်။ ရလဒ်မကောင်းဘူး။ ချန်ပီယံဖြစ်ဖို့ဆိုတာ နောက်ကိစ္စ၊ ချန်ပီယံလုခွင့်ရဖို့ကို မလွယ်သေးဘူး။ Aung La Nsang အသက်ကြီးလို့ ရလဒ်မကောင်းတာလို့ ပရိသတ်အများစုက ထင်သွားတယ်။ အသက်အရွယ်ကြောင့် မဟုတ်ဘူး။
Aung La Nsang က (၃၆) နှစ်ပါ။ Middleweight (၂၀၅ ပေါင်) တန်းနဲ့ Light Heavyweight (၂၂၅ ပေါင်) တန်းမှာ အသက်မကြီးဘူး။ ဝိတ်တန်းကြီးတွေမှာ ပျမ်းမျှအားဖြင့် အသက် (၃၄/၃၅) နှစ်က အနေတော်ပဲ။ ဝိတ်တန်းကြီးဖြစ်နေလို့ လျင်မြန်မှုက အဓိကမဟုတ်ဘူး။ ပါဝါကိုပဲ အားပြုတယ်။ တစ်ချက်ဆို တစ်ချက်ပဲ။ ထိတာနဲ့ ကျတယ်။
တကယ်လို့ Aung La Nsang က Flyweight (၁၃၅ ပေါင်) နဲ့ Bantamweight (၁၄၅ ပေါင်) တန်းမှာ ကစားရင် အသက်ကြီးပြီ။ ဝိတ်တန်းငယ်တွေမှာ လျင်မြန်မှုကို အဓိကထားတယ်။ အသက်ကြီးရင် လေးသွားတယ်။ ဒါ့ကြောင့်လည်း ဝိတ်တန်းငယ်တွေမှာ သက်ကြီးကစားသမားတွေက ရလဒ်မကောင်းတာပါ။
အသက်ကြီးလို့ မဟုတ်ရင် ဘာကြောင့်လဲ။ Aung La Nsang က Takedown Defense မကောင်းလို့ပါ။ ဝင်လုံးခံရတိုင်း ပါသွားတယ်။ ဘယ်လိုမှ မကာကွယ်နိုင်ဘူး။ Grappling & Wrestling Session ကို ပိုအချိန်ပေးသင့်တယ်။ ပြီးတော့ ကိုယ့်အားသာချက်ကို အသုံးချနိုင်ဖို့ လိုတယ်။ Aung La Nsang က Striking အားသန်တာပါ။
ဒါပေမယ့် ကိုယ်အားသာတဲ့ Striking မှာတောင် Vitaly Bigdash ကို အသာမရဘူး။ Low Kick ကန်တာတောင် ခံလိုက်ရသေးတယ်။ တွဲလုံးတွေ ထွက်မလာဘူး။ အမြင့်ကန်ချက်လည်း မတွေ့ရဘူး။ ဒီအချက်တွေကြောင့် ရလဒ်မကောင်းတာပါ။ အသက်အရွယ်ကြောင့် မဟုတ်ပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။ Crd ONE Championship
Leave a Reply