အရပ္သားမ်ားကိုကယ္ဆယ္ေရးလုပ္ေနစဥ္….1

အရပ္သားမ်ားကိုကယ္ဆယ္ေရးလုပ္ေနစဥ္….

ကရင္နီျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ အေနာက္ဘက္လြင္ျပင္ေဒသမွာ စစ္ေကာင္စီရဲ့လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ေဖေဖာ္ဝါရီ(၂၄)ရက္က Free Burma Ranger (FBR)အဖြဲ႕ဝင္ ေစာရီဘိုးအသက္(၂၅) က်ဆုံးခဲ့ပါတယ္။

စစ္ေကာင္စီက ဆက္တိုက္ေလေၾကာင္းပစ္ထိုးစစ္ဆင္ေနတာေၾကာင့္ အရပ္သားျပည္သူေတြကို အႏၲရာယ္ကင္းရာသို႔ ကယ္ထုတ္ေနစဥ္မွာ လက္နက္ႀကီးထိမွန္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္ေစာရီဘိုးရဲ့ ႐ုပ္အေလာင္းကို အျခားရဲေဘာ္မ်ားမွ ခက္ခက္ခဲခဲသယ္ထုတ္ခဲ့ရၿပီး

သယ္ထုတ္ေနစဥ္မွာ ေလေၾကာင္းတိုက္ခိုက္မႈ ခံရတာေၾကာင့္ရဲေဘာ္ႏွစ္ဦး(မစိုးရိမ္ရ) ထိခိုက္ဒါဏ္ရာရရွိခဲ့ၾကပါတယ္။ေစာရီဘိုးသည္ ကရင္နီျပည္နယ္မွာေမြးဖြားခဲ့ေသာ္လည္း ထိုင္းနိုင္ငံမယ္ေဟာင္ခရိုင္ဒုကၡသည္စခန္း အမွတ္(၂)မွာႀကီးျပင္းခဲ့သူျဖစ္ပါတယ္။

သူဟာ (FBR)အဖြဲ႕မွာ ရဲေဘာ္မ်ားအၾကားလူခ်စ္လူခင္ေပါမ်ားသူ ျဖစ္ၿပီး ေသဆုံးခ်ိန္မွာအသက္(၂၅)ႏွစ္ရွိၿပီျဖစ္ပါတယ္ / ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP)ရဲ့ အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး ပါတီထပ္ပိုင္းေခါင္းေဆာင္ေတြရဲ့ လက္ေထာက္အေနအျဖစ္လည္း ပါတီတာဝန္ေတြကို

ထမ္းေဆာင္ေနသူ တစ္ဦးျဖစ္တယ္လို႔ (FBR)မွတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Bruce Woodall ရဲ့လူမႈကြန္ယက္အေကာင့္မွာေရးသားထားပါတယ္။Free Burma Ranger အဖြဲ႕သည္ စစ္ပြဲျဖစ္ပြားရာေဒသမ်ားရွိ ေဒသခံျပည္သူမ်ားအား ကယ္ဆယ္ျခင္း၊ ေဆးကုသမႈေပးျခင္း၊ စိတ္ခြန္အားေပးျခင္းႏွင့္ အျခားေသာ လူသားျခင္းစာနာမႈဆိုင္ရာ အကူအညီမ်ား ေပးေနသည့္အဖြဲ႕ျဖစ္သည္/crd

အရပ်သားများကိုကယ်ဆယ်ရေးလုပ်နေစဉ်….

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အနောက်ဘက်လွင်ပြင်ဒေသမှာ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ(၂၄)ရက်က Free Burma Ranger (FBR)အဖွဲ့ဝင် စောရီဘိုးအသက်(၂၅) ကျဆုံးခဲ့ပါတယ်။

စစ်ကောင်စီက ဆက်တိုက်လေကြောင်းပစ်ထိုးစစ်ဆင်နေတာကြောင့် အရပ်သားပြည်သူတွေကို အန္တရာယ်ကင်းရာသို့ ကယ်ထုတ်နေစဉ်မှာ လက်နက်ကြီးထိမှန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်စောရီဘိုးရဲ့ ရုပ်အလောင်းကို အခြားရဲဘော်များမှ ခက်ခက်ခဲခဲသယ်ထုတ်ခဲ့ရပြီး

သယ်ထုတ်နေစဉ်မှာ လေကြောင်းတိုက်ခိုက်မှု ခံရတာကြောင့်ရဲဘော်နှစ်ဦး(မစိုးရိမ်ရ) ထိခိုက်ဒါဏ်ရာရရှိခဲ့ကြပါတယ်။စောရီဘိုးသည် ကရင်နီပြည်နယ်မှာမွေးဖွားခဲ့သော်လည်း ထိုင်းနိုင်ငံမယ်ဟောင်ခရိုင်ဒုက္ခသည်စခန်း အမှတ်(၂)မှာကြီးပြင်းခဲ့သူဖြစ်ပါတယ်။

သူဟာ (FBR)အဖွဲ့မှာ ရဲဘော်များအကြားလူချစ်လူခင်ပေါများသူ ဖြစ်ပြီး သေဆုံးချိန်မှာအသက်(၂၅)နှစ်ရှိပြီဖြစ်ပါတယ် / ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပါတီထပ်ပိုင်းခေါင်းဆောင်တွေရဲ့ လက်ထောက်အနေအဖြစ်လည်း ပါတီတာဝန်တွေကို

ထမ်းဆောင်နေသူ တစ်ဦးဖြစ်တယ်လို့ (FBR)မှတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Bruce Woodall ရဲ့လူမှုကွန်ယက်အကောင့်မှာရေးသားထားပါတယ်။Free Burma Ranger အဖွဲ့သည် စစ်ပွဲဖြစ်ပွားရာဒေသများရှိ ဒေသခံပြည်သူများအား ကယ်ဆယ်ခြင်း၊ ဆေးကုသမှုပေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် အခြားသော လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးနေသည့်အဖွဲ့ဖြစ်သည်/crd

Leave a Reply

Your email address will not be published.