ခရီးသြားရင္း အပ်ိဳေလးနဲ႔ လူပ်ိဳ တည္းခိုခန္းမွာဆုံေသာအခါ…

ခရီးသြားရင္း အပ်ိဳေလးနဲ႔ လူပ်ိဳ တည္းခိုခန္းမွာဆုံေသာအခါ…

တစ္ခါတုန္းက တစ္နယ္ရပ္ျခားဆီက အပ်ိဳႀကီးတစ္ေယာက္နဲ႔ လူပ်ိႀကီးတစ္ေယာက္ဟာ ခရီးသြားရင္းရင္းႏွီးခဲ့ၾကတယ္။ သြားရမယ့္ခရီးကလဲတူေနေတာ့ စကားေျပာရင္းအတူနားရင္း ခရီးဆက္ခဲ့ၾကသတဲ့။

ညေနရီမိုးခ်ဳပ္တဲ့အခါ ေရာက္တဲ့အရပ္ေဒသက နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ ခရီးတစ္ေထာက္နားရင္း အိပ္စက္ဖို႔အတြက္ တည္းခိုရမယ့္ေနရာ လိုက္ရွာတဲ့အခါ ရွားရွားပါးပါး တစ္ေယာက္အိပ္ခန္း တစ္ခန္းသာက်န္ေတာ့တဲ့ တည္းခိုခန္းတစ္ခုကိုပဲေတြသတဲ့။

မတပ္ႏိုင္တဲ့အဆုံး အဲဒီ့အခန္းမွာပဲ ႏွစ္ေယာက္အိပ္ဖို႔အတြက္ဆုံးျဖတ္ခဲ့ၾကရတယ္။ အခန္းကက်ဥ္းၿပီး ကုတင္မပါတဲ့တည္းခိုခန္းထဲမွာ ေစာင္ပါးေလးတစ္ထည္နဲ႔ ေခါင္းအုံးတစ္လုံးကိုအလယ္မွာခ်ၿပီး လူပ်ိဳႀကီးနဲ႔အပ်ိဳႀကီးဟာ

ဘယ္လူးညာလွိမ့္နဲ႔ ညဥ့္နက္တဲ့အထိအိပ္မေပ်ာ္ၾကပါဘူး။လူပ်ိဳႀကီးရဲ႕သက္ျပင္းခ်သံေတြကိုလဲ အပ်ိဳႀကီးတစ္ေယာက္ ရင္တုန္ေအာင္ၾကားရလိမ့္မယ္ထင္ပါတယ္။ အဲဒီအခ်ိန္မွာပဲ လူပ်ိဳႀကီးက အိပ္ရာကေနထလိုက္ပါတယ္။

( အပ်ိဳႀကီးနဲနဲလန႔္သြားတယ္ထင္ရဲ႕ )စာင္ပါးေလးကိုအသာယူၿပီး ႏွစ္ေယာက္ၾကားမွာ ခန္းစီး သေဘာမ်ိဳးကာထားလိုက္တယ္။ စည္းျခားလိုက္တဲ့သေဘာမ်ိဳးထင္ပါရဲ႕ ဒီလိုနဲ႔မိုးလင္းခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ စကားတစ္ခြန္းမွမဆိုၾကပဲ ကိုယ့္အထုပ္ကိုယ္ဆြဲပီး ခရီးဆက္ခဲ့ၾကျပန္ပါတယ္။ခရီးအေတာ္အတန္ေရာက္တဲ့အခါ ငါးေပေလာက္အက်ယ္ရွိတဲ့ ေရေျမာင္းတစ္ခုဟာ သူတို႔ရဲ႕ခရီးကို ကန႔္လန႔္ျဖတ္ပီးတားထားတယ္။

အနီးဝန္းက်င္မွာလဲ တံတားအျဖစ္ အသုံးျပဳစရာဘာမွမရွိေလေတာ့ လူပ်ိဳႀကီးက ဒီေရေျမာင္းကိုခုန္ကူးပီး တျခားဘက္ေရာက္မွ အပ်ိဳႀကီးကူးဖို႔ တံတားထိုးစရာတစ္ခုခုရွာမယ္ေပါ့။

အဲဒီ့လိုစိတ္ကူးနဲ႔ ပါလာတဲ့အထုပ္ကို အပ်ိဳႀကီးကိုေပး ခါးေတာင္းက်ိဳက္ၿပီး ခုန္ၿပီးကူးမယ္ဟန္ျပင္တုန္း တစ္လမ္းလုံးစကားတစ္ခြန္းမွ မေျပာပဲအခုမွထေျပာတဲ့ အပ်ိဳႀကီးရဲ႕စကားေၾကာင့္ ကိုလူပ်ိဳႀကီး ဖင္ထိုင္လဲက်သြားပါတယ္။

အပ်ိဳႀကီးေျပာလိုက္တာက ညတုန္းကေစာင္ပါးေလးကိုေတာင္ မေက်ာ္ႏိုင္ပဲ ဒီေျမာင္းကို ရွင္ေက်ာ္ႏိုင္ပါ့မလားတဲ့။Credit

ခရီးသွားရင်း အပျိုလေးနဲ့ လူပျို တည်းခိုခန်းမှာဆုံသောအခါ…

တစ်ခါတုန်းက တစ်နယ်ရပ်ခြားဆီက အပျိုကြီးတစ်ယောက်နဲ့ လူပျိကြီးတစ်ယောက်ဟာ ခရီးသွားရင်းရင်းနှီးခဲ့ကြတယ်။ သွားရမယ့်ခရီးကလဲတူနေတော့ စကားပြောရင်းအတူနားရင်း ခရီးဆက်ခဲ့ကြသတဲ့။

ညနေရီမိုးချုပ်တဲ့အခါ ရောက်တဲ့အရပ်ဒေသက နယ်မြို့လေးတစ်မြို့မှာ ခရီးတစ်ထောက်နားရင်း အိပ်စက်ဖို့အတွက် တည်းခိုရမယ့်နေရာ လိုက်ရှာတဲ့အခါ ရှားရှားပါးပါး တစ်ယောက်အိပ်ခန်း တစ်ခန်းသာကျန်တော့တဲ့ တည်းခိုခန်းတစ်ခုကိုပဲတွေသတဲ့။

မတပ်နိုင်တဲ့အဆုံး အဲဒီ့အခန်းမှာပဲ နှစ်ယောက်အိပ်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြရတယ်။ အခန်းကကျဉ်းပြီး ကုတင်မပါတဲ့တည်းခိုခန်းထဲမှာ စောင်ပါးလေးတစ်ထည်နဲ့ ခေါင်းအုံးတစ်လုံးကိုအလယ်မှာချပြီး လူပျိုကြီးနဲ့အပျိုကြီးဟာ

ဘယ်လူးညာလှိမ့်နဲ့ ညဥ့်နက်တဲ့အထိအိပ်မပျော်ကြပါဘူး။လူပျိုကြီးရဲ့သက်ပြင်းချသံတွေကိုလဲ အပျိုကြီးတစ်ယောက် ရင်တုန်အောင်ကြားရလိမ့်မယ်ထင်ပါတယ်။ အဲဒီအချိန်မှာပဲ လူပျိုကြီးက အိပ်ရာကနေထလိုက်ပါတယ်။

( အပျိုကြီးနဲနဲလန့်သွားတယ်ထင်ရဲ့ )စာင်ပါးလေးကိုအသာယူပြီး နှစ်ယောက်ကြားမှာ ခန်းစီး သဘောမျိုးကာထားလိုက်တယ်။ စည်းခြားလိုက်တဲ့သဘောမျိုးထင်ပါရဲ့ ဒီလိုနဲ့မိုးလင်းခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ စကားတစ်ခွန်းမှမဆိုကြပဲ ကိုယ့်အထုပ်ကိုယ်ဆွဲပီး ခရီးဆက်ခဲ့ကြပြန်ပါတယ်။ခရီးအတော်အတန်ရောက်တဲ့အခါ ငါးပေလောက်အကျယ်ရှိတဲ့ ရေမြောင်းတစ်ခုဟာ သူတို့ရဲ့ခရီးကို ကန့်လန့်ဖြတ်ပီးတားထားတယ်။

အနီးဝန်းကျင်မှာလဲ တံတားအဖြစ် အသုံးပြုစရာဘာမှမရှိလေတော့ လူပျိုကြီးက ဒီရေမြောင်းကိုခုန်ကူးပီး တခြားဘက်ရောက်မှ အပျိုကြီးကူးဖို့ တံတားထိုးစရာတစ်ခုခုရှာမယ်ပေါ့။

အဲဒီ့လိုစိတ်ကူးနဲ့ ပါလာတဲ့အထုပ်ကို အပျိုကြီးကိုပေး ခါးတောင်းကျိုက်ပြီး ခုန်ပြီးကူးမယ်ဟန်ပြင်တုန်း တစ်လမ်းလုံးစကားတစ်ခွန်းမှ မပြောပဲအခုမှထပြောတဲ့ အပျိုကြီးရဲ့စကားကြောင့် ကိုလူပျိုကြီး ဖင်ထိုင်လဲကျသွားပါတယ်။

အပျိုကြီးပြောလိုက်တာက ညတုန်းကစောင်ပါးလေးကိုတောင် မကျော်နိုင်ပဲ ဒီမြောင်းကို ရှင်ကျော်နိုင်ပါ့မလားတဲ့။Credit

Leave a Reply

Your email address will not be published.