တိုင္းျပည္ကာကြယ္ဖို႔ စစ္ထဲဝင္လာတဲ့ ယူကရိန္းေဘာလုံးသမားႏွစ္ေယာက္ က်ဆုံး see more…

တိုင္းျပည္ကာကြယ္ဖို႔ စစ္ထဲဝင္လာတဲ့ ယူကရိန္းေဘာလုံးသမားႏွစ္ေယာက္ က်ဆုံး….

ေဘာလုံးသမားဘဝကေန ႐ုရွားက်ဴးေက်ာ္စစ္ေၾကာင့္ စစ္ထဲဝင္လာတဲ့ ယူကရိန္းေဘာလုံးကလပ္ ဒိုင္နမိုကိဗ္အသင္းသားထဲက ေဘာလုံးသမားႏွစ္ေယာက္တိုင္းျပည္အတြက္ အသက္ေပးလႉသြားခဲ့တယ္လို႔ ယူကရိန္း ျပန္ၾကားေရးရဲ႕ ထြက္ျပန္ခ်က္အရ သိရပါတယ္။…

၂၁ ႏွစ္အ႐ြယ္ Vitalii Sapylo နဲ႔ ၂၅ ႏွစ္အ႐ြယ္ Dmytro Martynenko တို႔ႏွစ္ေယာက္ဟာ ႐ုရွားရဲ႕က်ဴး ေက်ာ္စစ္ကို တားဆီးရင္း ယူကရိန္းႏိုင္ငံအတြက္ အသက္ေပးလႉသြားခဲ့ၾကတာလို႔ ဆိုပါတယ္။….

၂၁ ႏွစ္အ႐ြယ္ Vitalii Sapyloဆိုတဲ့ လူငယ္ေဘာလုံးသမားေလးဟာ တတိယတန္းကလပ္ Karpaty Lviv အသင္းရဲ႕ လူငယ္အသင္းမွာ ဂိုးသမားအျဖစ္ကစားေနရင္း တိုင္းျပည္ရန္ကာကြယ္ဖို႔ တင့္ကားတပ္မႉးအျဖစ္ ယူကရိန္းစစ္တပ္ကို ဝင္ေရာက္ခဲ့တာပါ။….

ဒါေပမယ့္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ(၂၅)ရက္ ေသာၾကာေန႔က ၿမိဳ႕ေတာ္ Kyiv ကို ကာကြယ္ရင္း က်ဆုံးသြားခဲ့ရတယ္လို႔ ယူကရိန္းျပန္ၾကားေရးဌာနက သတင္းထုတ္ျပန္ပါတယ္။…

ဒါ့အျပင္ ၂၅ ႏွစ္အ႐ြယ္ Dmytro Martynenko ဆိုသူကေတာ့ေဘာလုံးထူးခြၽန္ဆုေတြပါ ရရွိထားသူျဖစ္ၿပီး ဒုတိယတန္းကလပ္ FC Gostomel မွာေနာက္ဆုံးေဘာလုံးကစားခဲ့ရာကေန ႐ုရွားရန္ကာကြယ္ဖို႔စစ္ထဲဝင္ေရာက္လာခဲ့ရင္း ၿမိဳ႕ေတာ္ရွိ တိုက္ခန္းတစ္ခန္းမွာ ႐ုရွားဗုံးေတြႀကဲခ်မႈေၾကာင့္ သူ႔မိခင္နဲ႔အတူ ေသဆုံးသြားခဲ့တာပါ။….

၎တို႔ႏွစ္ေယာက္ဟာ ႐ုရွား-ယူကရိန္းစစ္ပြဲအတြင္း ပထမဆုံးေသဆုံးခဲ့ရတဲ့ ယူကရိန္းႏိုင္ငံရဲ႕ ေဘာလုံးအားကစားသမားေတြျဖစ္ခဲ့ၿပီး ယူကရိန္းႏိုင္ငံရဲ႕ မွတ္ေက်ာက္တင္ဂုဏ္ျပဳျခင္းလည္း ခံခဲ့ၾကရသူေတြ ျဖစ္လာခဲ့ပါတယ္။….

တိုင်းပြည်ကာကွယ်ဖို့ စစ်ထဲဝင်လာတဲ့ ယူကရိန်းဘောလုံးသမားနှစ်ယောက် ကျဆုံး…

ဘောလုံးသမားဘဝကနေ ရုရှားကျူးကျော်စစ်ကြောင့် စစ်ထဲဝင်လာတဲ့ ယူကရိန်းဘောလုံးကလပ် ဒိုင်နမိုကိဗ်အသင်းသားထဲက ဘောလုံးသမားနှစ်ယောက်တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့တယ်လို့ ယူကရိန်း ပြန်ကြားရေးရဲ့ ထွက်ပြန်ချက်အရ သိရပါတယ်။…

၂၁ နှစ်အရွယ် Vitalii Sapylo နဲ့ ၂၅ နှစ်အရွယ် Dmytro Martynenko တို့နှစ်ယောက်ဟာ ရုရှားရဲ့ကျူး ကျော်စစ်ကို တားဆီးရင်း ယူကရိန်းနိုင်ငံအတွက် အသက်ပေးလှူသွားခဲ့ကြတာလို့ ဆိုပါတယ်။…

၂၁ နှစ်အရွယ် Vitalii Sapyloဆိုတဲ့ လူငယ်ဘောလုံးသမားလေးဟာ တတိယတန်းကလပ် Karpaty Lviv အသင်းရဲ့ လူငယ်အသင်းမှာ ဂိုးသမားအဖြစ်ကစားနေရင်း တိုင်းပြည်ရန်ကာကွယ်ဖို့ တင့်ကားတပ်မှူးအဖြစ် ယူကရိန်းစစ်တပ်ကို ဝင်ရောက်ခဲ့တာပါ။…

ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၂၅)ရက် သောကြာနေ့က မြို့တော် Kyiv ကို ကာကွယ်ရင်း ကျဆုံးသွားခဲ့ရတယ်လို့ ယူကရိန်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။..

ဒါ့အပြင် ၂၅ နှစ်အရွယ် Dmytro Martynenko ဆိုသူကတော့ဘောလုံးထူးချွန်ဆုတွေပါ ရရှိထားသူဖြစ်ပြီး ဒုတိယတန်းကလပ် FC Gostomel မှာနောက်ဆုံးဘောလုံးကစားခဲ့ရာကနေ ရုရှားရန်ကာကွယ်ဖို့စစ်ထဲဝင်ရောက်လာခဲ့ရင်း မြို့တော်ရှိ တိုက်ခန်းတစ်ခန်းမှာ ရုရှားဗုံးတွေကြဲချမှုကြောင့် သူ့မိခင်နဲ့အတူ သေဆုံးသွားခဲ့တာပါ။…

၎င်းတို့နှစ်ယောက်ဟာ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ပထမဆုံးသေဆုံးခဲ့ရတဲ့ ယူကရိန်းနိုင်ငံရဲ့ ဘောလုံးအားကစားသမားတွေဖြစ်ခဲ့ပြီး ယူကရိန်းနိုင်ငံရဲ့ မှတ်ကျောက်တင်ဂုဏ်ပြုခြင်းလည်း ခံခဲ့ကြရသူတွေ ဖြစ်လာခဲ့ပါတယ်။….

Leave a Reply

Your email address will not be published.