Categories
သတင်း

လာပြီဗျာ NUG ပြည်သူ့အစိုရ အစစ်မှန် ဆိုတာ ဒါ..q








Crd

လာပြီဗျာ NUG ပြည်သူ့အစိုရ အစစ်မှန် ဆိုတာ ဒါ

ဟိုး.. နေ့က တပ်ရင်းမှူးက ပြောတယ်၊ နူဂျီ ဝန်ကြီး တပါး လာမယ်တဲ့…..

ကျွန်တော်တို့လဲ စောင့်နေတာပေါ့ဗျာ…လာတော့မယ်၊ အားလုံး သတိ ဆိုပြီး အမိန့်ပေးသံအောက်မှာကျွန်တော်တို့လဲ

အသင့်ပြင်၊ သတိဆွဲထားတာပေါ့ သိပ်မကြာပါဖူး၊ကားတစီးလုံး ဖုန်တွေပိတ်ဖုံးနေတဲ့ တံခါးပေါက်ကနေ လူတယောက်ထွက်လာတယ်၊ကြည့်လိုက်တော့၊ ဦးလွင်ကိုလတ်…..

ညီ၊ညီမတို့ ဘာလုပ်နေတာလဲဆိုပြီး မေးတယ်၊ကျွန်တော်တို့ကလဲ လူကြီးကိုစောင့်နေတာဆိုတော့.. ဟာ…. မဟုတ်တာ၊ကျွန်တော်က ပြည်ထဲဝန်ကြီးဆိုပေမယ့်၊ ကျွန်တော်က လူကြီး မဟုတ်ပါဖူးတဲ့ကျွန်တော်တို့အားလုံးက မိသားစုတွေပါတဲ့….

နေ့လည်စာ စားတဲ့အချိန်…. အားလုံးအတူ ထမင်းစားနေကြတုန်း၊ဆရာ စားတာမြန်လိုက်တာ၊ဗိုက်ရောပြည့်ရဲ့လားဆိုပြီး လှမ်းပြောလို့ လှည့်ကြည့်လိုက်တော့ ဝန်ကြီးဖြစ်နေတယ်…..

ဝန်ကြီးရယ် ကျွန်တော့်ကို ဆရာလို့ မခေါ်ပါနဲ့၊ ကျွန်တော်မနေတတ်လို့ပါဆို့တော့…..ဆရာဝန်ကို ဆရာလို့မခေါ်ဘဲ ဘယ်လိုခေါ်ရမလဲဆိုပြီး ပြုံးနေတယ်လေ…..

ဘဝတလျှောက်လုံးမှာ တခါမှကို မကြုံဖူးပါဖူးဗျာ
Crd

Leave a Reply

Your email address will not be published.