Categories
ဗဟုသုတ

ကမ္ဘာ ပေါ်က နေမဝင်တဲ့နိုင်ငံ ၅ နိုင်ငံ အကြောင်းသိကောင်းစရာ(ဗဟုသုတရအောင်ဖတ်ကြည့်ပါ)

ကမ္ဘာ ပေါ်က နေမဝင်တဲ့နိုင်ငံ ၅ နိုင်ငံ အကြောင်းသိကောင်းစရာ(ဗဟုသုတရအောင်ဖတ်ကြည့်ပါ)

၁။ နော်ဝေး(Norway)

နော်ဝေးနိုင်ငံကတော့ သခေါင်ယံ နေ့ရှိတဲ့ နိုင်ငံဆိုပြီး လူသိများတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ပင်လယ်ကမ်းရိုတန်း ၂၅၀၀၀ ကီလိုမီတာရှိပြီး ကျွန်းပေါင်း ၅၀၀၀၀ပိုင်ဆိုင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

နော်ဝေးနိုင်ငံရဲ့ ထူးခြားချက်ကတော့ မေလ ကနေ့ စပြီ ဇွန်လ နောက်ဆုံးပိုင်းထိ နေမဝင်တာပဲ ဖြစ်ပါတယ်။ နေ့တစ်နေ့ရဲ့ ၂၄နာရီမှာ နာရီ ၂၀က နေမဝင်ပါဘူး။

နော်ဝေးနိုင်ငံမှာ တည်ရှိတဲ့ ကမ္ဘာမြောက်ဘက်ပိုင်းကို အရောက်ဆုံးဖြစ်တဲ့ ဇပဲလ်ဘတ် မြို့လေးကတော့ Apir ၁၀ရက်နေ့ကစပြီး August 23 ထိ နေမဝင်ပါဘူး။ မြောက်ဘက်ပိုင်း ပိုရောက်လေ နေမဝင် လေပဲဖြစ်ပါတယ်..

ဘာလို့နေမဝင်ရတာလဲဆိုတော့ အာတိတ် စက်ဝိုင်းထဲမှာ တည်ရှိနေလို့ပဲဖြစ်ပါတယ်။

ဒီလိုနေဝင်တာကြောင့် သွားရောက် လှည်ပတ်တဲ့ ခရီးသွားတွေကတော့ စွန့်စားမှုတွေအများကြီးပြုလုပ်တဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

၂။အိုင္စလန်(Iceland)

ဒီနိုင်ငံကတော့ ဥရောပရဲ့ အကြီးဆုံး ကျွန်းတစ်ကျွန်း ပဲဖြစ်ပါတယ်။ မေလ ၁၀ရက်ကနေစပြီး ဇွန်လှိုင်လ ထိ ညမရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

အိုင်စလန်နိုင်ငံမှာတော့ တောင်တွေ ရေပှုစမ်းတွေ မီးတောင်တွေနှင့် ရေတံခွန်တွေ များစွာရှိပါတယ်။

ဒီနိုင်ငံရဲ့ အလုပ်လုပ်တဲ့ အချိန်ကတော့ မနက် ၉ နာရီကနေ ညနေ၅နာရီထိဖြစ်ပေမယ့် နေမဝင်တဲ့ ဇွန် ဇွန်လှိုင် သြဂုတ် တွေမှာတော့ မနက် ၈နာရီကနေ ညနေ ၄နာရီဆိုပြီး သတ်မှတ်ထားပါတယ်။

ဈေးကြီးနိုင်ငံဖြစ်တဲ့ အိုင်စလန်ဟာ အပိုချိန်အလုပ်လုပ်တာလဲ ကျော်ကြားနိုင်ငံလည်းဖြစ်ပါတယ်။

အမျိုးသားတစ်ယောက်က တစ်ပတ်ကို ၄၇နာရီ အလုပ်လုပ်ပြီး အမျိုးသမီး တစ်ယောက်ဆိုရင်တော့ တစ်ပတ်ကို ၃၇နာရီလောက် အလုပ်လုပ်ကြတာပဲဖြစ်ပါတယ်။

၃။ဆြီဒင်(Sweden)

ဆွီဒင်နိုင်ငံကတော့ နေကသခေါင်ယံချိန်မှ ဝင်တတ်ပြီး မနက် ၄နာရီ ခွဲလောက်မှာ နေပြန်ထွက်တတ်တာကြောင့် အံ့သြစရာကောင်းတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ မေလဆန်းပိုင်းကနေ သြဂုတ်လဆုတ် လောက်ထိကို ဒီလိုမျိုးဖြစ်နေတတ်ပါတယ်။

ငါးဖမ်းခြင်း ဂေါက်ကစားခြင်း နေဝင်နေထွက်ခြင်းတွေ ကြည့်လို့ရပြီး စွန့်စားပြီး ခရီးသွားချင်တဲ့ သူတွေအတွက်ကတော့ တကယ် သွားသင့်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ဒီနိုင်ငံကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တဲ့ Insomnia ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးတစ်ကားလည်း ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းပါရစေ။

၎။ဖင္လန်(Finland)

နေမဝင်တာကို ၇၃နာရီလောက် မမြင်ရတဲ့ ဖင်လန်နိုင်ငံကတော့ အိုင်တွေ ကျွန်းတွေ ထောင်ပေါင်း သောင်းချီအောင် ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။

ဒီနိုင်ငံကလည်း မေလကနေ သြဂုတ်လထိ နေမဝင်ပါဘူး။

များသောအားဖြင့် ကမ္ဘာလှည့်ခရီးသွားတွေက ဖင်လန်နိုင်ငံမှာ ရှိတဲ့ ဖီးနစ်လက်စ်လန်း မြို့ကနေ နေမဝင်တာကို အကြည့်များကြပါတယ်။

ဖီးနစ်လက်စ်လန်း မြို့ နိုင်ငံရဲ့ မြောက်ဘက်ပိုင်းကို ပိုရောက်တာကြောင့်ပဲဖြစ်ပါတယ်။

၅။အလက္စ္ကာ(Alaska)

ဝက်ဝံတွေကို တရားဝင် အမဲလိုက်ခွင့်ရှိပြီး အိပ်နေတဲ့ ဝက်ဝံတွေကိုတော့ နှိုးပြီး ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ အမေရိကန်မှာရှိတဲ့ အလက်စ်ကာ ပြည်နယ်ကလည်း နေမဝင်တဲ့နိုင်ငံထဲကနောက်ဆုံးနိုင်ငံပဲဖြစ်ပါတယ်။

နေကမေလအဆုံးပိုင်းကနေ ဇူလှိုင်လအဆုံးပိုင်းထိ ည၁၂နာရီခွဲ လောက်မှ နေဝင်တာပါ။

ဒါကြောင့်မို့ နေမဝင်တဲ့နိုင်ငံတွေထဲက နာမည်ကျော်တဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်

Credit

Leave a Reply

Your email address will not be published.