ရန္ကုန္တြင္ ေငြလႉဒါန္းမႈမ်ားကို Wave Money မွ ေျခရာခံၿပီး စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားေသာ ေထာက္/ပို႔အဖြဲ႕မ်ားကို စစ္တပ္က လိုက္ဖမ္းေန

ရန္ကုန္တြင္ ေငြလႉဒါန္းမႈမ်ားကို Wave Money မွ ေျခရာခံၿပီး စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားေသာ ေထာက္/ပို႔အဖြဲ႕မ်ားကို စစ္တပ္က လိုက္ဖမ္းေန

ရန္ကုန္တြင္ ေငြလႉဒါန္းမႈမ်ားကို Wave Money မွ ေျခရာခံၿပီး စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားသူ ေထာက္/ပို႔အဖြဲ႕မ်ားကို စစ္တပ္က လိုက္ဖမ္းလ်က္ရွိၿပီး လက္ရွိအခ်ိန္အထိ ဖမ္းဆီးခံရသူမ်ား ရွိေနေၾကာင္း ေတာ္လွန္ေရးတက္ႂကြလႈပ္ရွားသူ ဦးေဆာင္သူတခ်ိဳ႕က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ဖမ္းဆီးမႈမ်ားသည္ ယမန္ေန႔မွစတင္ျခင္းျဖစ္ၿပီး ေငြလႉဒါန္းမႈဆိုင္ရာ Wave Money အခ်က္အလက္မ်ား၊ ဖုန္းနံပါတ္မ်ားကို ေျခရာခံျခင္း၊ ဖမ္းမိသူမ်ားကို ဖုန္းဆက္ခိုင္း၍ ေထာင္ေခ်ာက္ဆင္ ဖမ္းဆီးခိုင္းျခင္းမ်ားကို စစ္တပ္က လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။

“ရန္ကုန္မွာရွိတဲ့ Supporters ေတြကို အပီအျပင္လိုက္ဖမ္းေနတယ္။ မေန႔က စဖမ္းတာ Wave Account ကေနေျခရာခံတာ ။ စာရင္းအတိအက်နဲ႔ ေငြလြဲမွတ္တမ္းေတြပါပါတယ္။ ထပ္သိရတာက လိုခ်င္ေနတာက ၈ ေယာက္အဖြဲ႕။

အထဲမွာ မိထားတာေတြလည္းရွိတယ္ မိတဲ့သူရဲ့ ဖုန္း Contact ကေန ဖုန္းေခၚခိုင္းၿပီး ကြင္းဆက္လိုက္ေနတယ္။ အခု ဖမ္းတာက support အဖြဲ႕ေတြႀကီးပဲ။ အဲဒီကေနမွ UG ေတြကို အစဆြဲထုတ္မယ့္သေဘာရွိတယ္။

တခ်ိဳ႕က သတင္းမွားထင္မွာစိုးလို႔ နာမည္ႀကီးေတြကို အလႊတ္ျပၿပီး supporter ေတြကို ဆြဲေနတာ” ဟု ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက ေျပာသည္။
အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားသည္ ဖမ္းဆီးရမိသူမ်ားကို စစ္ေၾကာေရးတြင္ လူမဆန္စြာ ညႇဥ္းပန္းႏွိပ္စက္သတ္ျဖတ္မႈမ်ား လုပ္ေဆာင္ေနၿပီး လူမသိ သူမသိ ေသဆုံးသြားရသည့္ စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားသူမ်ားလည္းရွိေနေၾကာင္း သိရွိရသည္။
crd

ရန်ကုန်တွင် ငွေလှူဒါန်းမှုများကို Wave Money မှ ခြေရာခံပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသော ထောက်/ပို့အဖွဲ့များကို စစ်တပ်က လိုက်ဖမ်းနေ

ရန်ကုန်တွင် ငွေလှူဒါန်းမှုများကို Wave Money မှ ခြေရာခံပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူ ထောက်/ပို့အဖွဲ့များကို စစ်တပ်က လိုက်ဖမ်းလျက်ရှိပြီး လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူများ ရှိနေကြောင်း တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဦးဆောင်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖမ်းဆီးမှုများသည် ယမန်နေ့မှစတင်ခြင်းဖြစ်ပြီး ငွေလှူဒါန်းမှုဆိုင်ရာ Wave Money အချက်အလက်များ၊ ဖုန်းနံပါတ်များကို ခြေရာခံခြင်း၊ ဖမ်းမိသူများကို ဖုန်းဆက်ခိုင်း၍ ထောင်ချောက်ဆင် ဖမ်းဆီးခိုင်းခြင်းများကို စစ်တပ်က လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ရန်ကုန်မှာရှိတဲ့ Supporters တွေကို အပီအပြင်လိုက်ဖမ်းနေတယ်။ မနေ့က စဖမ်းတာ Wave Account ကနေခြေရာခံတာ ။ စာရင်းအတိအကျနဲ့ ငွေလွဲမှတ်တမ်းတွေပါပါတယ်။ ထပ်သိရတာက လိုချင်နေတာက ၈ ယောက်အဖွဲ့။

အထဲမှာ မိထားတာတွေလည်းရှိတယ် မိတဲ့သူရဲ့ ဖုန်း Contact ကနေ ဖုန်းခေါ်ခိုင်းပြီး ကွင်းဆက်လိုက်နေတယ်။ အခု ဖမ်းတာက support အဖွဲ့တွေကြီးပဲ။ အဲဒီကနေမှ UG တွေကို အစဆွဲထုတ်မယ့်သဘောရှိတယ်။

တချို့က သတင်းမှားထင်မှာစိုးလို့ နာမည်ကြီးတွေကို အလွှတ်ပြပြီး supporter တွေကို ဆွဲနေတာ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖမ်းဆီးရမိသူများကို စစ်ကြောရေးတွင် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများ လုပ်ဆောင်နေပြီး လူမသိ သူမသိ သေဆုံးသွားရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများလည်းရှိနေကြောင်း သိရှိရသည်။
crd

Leave a Reply

Your email address will not be published.