အင်္ဂလိပ် လို ရေးပေးတဲ့ ရည်းစားစာ ကို ၈ တန်း ဒုတိယနှစ်ကျောင်းသားကို ဘာသာပြန် ခိုင်းသောအခါ
“အေးကြည်မ ရော့ ”
“ဟဲ့ အဲဒါဘာတုန်း ”
“ရည်းစားစာ ”
“ဗုဒ္ဓေါ ”
အေးကြည်မ က အံ့ဩလွန်းလို့ရင်ဘတ်ကိုဖိထားရတယ် ငြိမ်းမောင် ကတော့ ခပ်တည်တည်ပဲ
“ယူလေ ”
“အိ မယူပါဘူး ”
“အင့်ဟာ ယူ ”
ငြိမ်းမောင်က စာကိုအေးကြည်မလက်ထဲထိုးပေးပြီးပြန်သွားရော အေးကြည်မတစ်ယောက်လမ်းပေါ်မတ်တပ်ရပ်ပြီး ဘာလုပ်ရမှန်းမသိ ငူတူတူကြီးကျန်နေခဲ့ရောသိလည်း သိချင်သေး၍ စာကိုဖွင့်ကြည့်လိုက်လေတော့
“ကျစ် ငြိမ်းမောင်တော့ငါ့ကို ပညာပြသွားပြီ ”
ရေးထားသည်က အင်္ဂလိပ်စာများဖြစ်သည် သူမလည်း မဖတ်တတ် မဖတ်တတ်၍ ပိုသိချင်လာသဖြင့် အိမ်ရောက်မှတူဖြစ်သူအားဖတ်ခိုင်းမည်ဟုကြံကာ အိမ်ပြန်လာခဲ့တော့သည်
“တူလေး ဒါလေးဖတ်ပြ ”
“ဘာလေးလဲ ”
တူတော်မောင်က အေးကြည်မလက်ထဲမှစာအားဆွဲယူလိုက်ပြီးဖွင့်ကြည့်လိုက်သည် ပြီးနောက်
“မုန့်ဖိုးပေးမှ ဖတ်ပြမယ် ”
“အေးပါဟယ် နှစ်ရာ ပေးမယ် ”
“မရဘူး တစ်ထောင်ပေးရမယ် ”
“ဟော ”
“မပေးလည်းရတယ်နော် မဖတ်ဘူး ”
“ပေးမှာပါဟာ ဖတ်ပြနော် ”
“ပြီးရော ”
ငတိက စာရွက်ကိုဖွင့်ကာ ကြည့်ပြီးပြုံးလိုက်သေးသည်အမှန်တော့ သူလည်းသေသေချာချာမသိ ရှစ်တန်းနှစ်ခါ ကျထားသူဖြစ်၏
“ယူအာမိုင် စကိုင်း ”
“You are my sky ”
“အဲဒါ ဘာလဲဟဲ့ ”
“နင့်ဖက်က စပြီး ကိုင်းပေးပါ ”
“ဟဲ့ ဘယ်လိုတုန်းဟ ”
အေးကြည်မ တွေး၍မရချေ ပထမဆုံးမို့ နာမလည်ခြင်းဖြစ်နိုင်သည်ဟုတွေးလိုက်၏
“ဆက်ဖတ် ”
“အိုင်အမ် သယ် ဘရိုက်ဂျက် စတား ”
“I am the brightest star ”
“ပြောပါဦးဟဲ့ ”
“မင်းကို အလင်းရောင်ဝင်တဲ့အထိ ကျယ်အောင်လုပ်ပေးမယ် ”
“အို့ ဘယ်လိုကြီးတုန်း ”
အေးကြည်မအဖြေရှာရ ပိုခက်လေပြီ ဘာတွေမှန်းမသိ
“ဆက်ဖတ်ပါဟာ ”
“အိုင်ဟုပ် ယွာ လက်ဖ်”
“I hope your love ”
“အေး အဲဒါ ဘာတုန်း ”
“ငါ မင်းရဲ့ လက်ကို ဟက်မယ်တဲ့ ”
“ဘာ ”
“အသ်ဖ်ယူ လက်ဖ်မီ ရီတန်းဘက်ခ်တူမီ ”
“If you love me,return back to me”
“အဲဒါက ဘာလဲ ”
“မင်း ငါ့လက်ကိုပြန် ဟက်ချင်ရင်တော့ငါတို့အတန်းဖက်ကိုလာခဲ့ပါတဲ့ ”
“ဖွီး မိုက်ရိုင်းတဲ့ကောင် ”
အေးကြည်မ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည် ပြီးနောက် ငြိမ်းမောင်ရှိရာ တမာတန်းဖက်သို့ထွက်လာခဲ့လေတော့သည်သူမကို ကျယ်အောင်ချဲ့မည်လည်းပြောသည်လက်ကိုလည်းကိုက်ဦးမည်သူမအားလည်းလက်ပြန်ကိုက်ခိုင်းသေးသည် တွေ့ပြီငြိမ်းမောင်တော့ တွေ့ပြီ
“ငြိမ်းမောင် ”
“ဟင် အေးကြည်မ ”
“ဖြန်း ”
“ရော့ ပြန်ယူ ”
ငြိမ်းမောင်ခမျာ စာရွက်ကလေးကိုင်ပြီးပါးလေးပွတ်ကာကျန်နေခဲ့လေတော့သည် စိတ်နာနာနဲ့စာရွက်ကလေးပြန်ကြည့်တော့ ကျောဖက်မှာစာပြန်ရေးထားတာတွေ့လိုက်ရသည်
“ခန့်ဇော် ဒုတိယနှစ်ရှစ်တန်း ရမ်းသမ်း ဘာသာပြန်ပေးလိုက်သည် “တဲ့
“ဖွီး သောက်ကလေး ဒီတစ်နှစ်လည်း စာမေးပွဲအောင်မှာမဟုတ်ဘူး ”မှတ်စမ်း အင်္ဂလိပ်လို ရည်းစားစာပေးချင်ဦး
Credit : နန်းဝေအောင်