သံဃာတစ်ပါးဦးဆောင်သော ပျူစောထီးအဖွဲ့ကို ချောင်းဦး LPDFများ ပူးပေါင်းတိုက်ခိုက်၊ ပျူစောထီး ငါးဦးဂန့်

သံဃာတစ်ပါးဦးဆောင်သော ပျူစောထီးအဖွဲ့ကို ချောင်းဦး LPDFများ ပူးပေါင်းတိုက်ခိုက်၊ ပျူစောထီး ငါးဦးဂန့်

သံဃာတစ်ပါးဦးဆောင်သော ပျူစောထီးအဖွဲ့ကို ချောင်းဦး LPDFများ ပူးပေါင်းတိုက်ခိုက်၊ ပျူစောထီး ငါးဦးသေသံဃာတစ်ပါးဦးဆောင်သော စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ကို မဟာမိတ်ညီနောင်အဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Chaung U Revolution Army (C.R.A) အဖွဲ့က ယနေ့(မတ် ၃)ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီထောက်တိုင်ဖြစ် သော ကံကြီးကုန်းရွာမှ သံဃာတစ်ပါးဦးဆောင်သော ပျူစောထီးအဖွဲ့သည် ယနေ့(မတ် ၃ ရက်)တွင် ဝယာကျေးရွာသို့ဝင်ရောက်ပြီး နေအိမ်များနှင့် ကွမ်းခြံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ထို့အပြင် အဆိုပါအဖွဲ့မှာ ဝယာကျေးရွာအတွင်း ဝင်ရောက်စဥ် ပြည်သူများကြောက်လန့်စေရန် သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွက် ပါရှိသည်။

ယင်းပျူစောထီးအဖွဲ့များ ဝယာကျေးရွာမှအပြန် ဝယာနှင့် ယာကြီးကြားလမ်းပိုင်းတစ်နေရာတွင် မဟာမိတ်ညီနောင် ဒေသကာကွယ်ရေးအဖွဲ့များမှ ပဒေသာမိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့မှ ငါးဦးသေဆုံးကာ ဒဏ်ရာပြင်းထန်သူ ငါးဦးထက်မနည်းရှိကြောင်း အသိပေးထားသည်။အထက်ပါတိုက်ခိုက်မှုကို Chaung U Revolution Army ( C.R.A ) နှင့် Chaung U Local Defence Force ( CHU- LDF )တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုထောက်ခံသူများအားစုစည်း၍ စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်အချို့တွင် သေနတ်ပစ်သင်တန်းများပေးလျက်ရှိရာ သံဃာအချို့လည်းပါဝင်သည်ကို တွေ့ရသည်။(စစ်ကိုင်းတိုင်း အတွင်းရှိပျူ စောထီးအား ကောင်း သော ကျေးရွာများတွင် သံဃာအချို့ပါ အကြမ်းဖက်စသ် ကောင်စီက စစ်သင်တန်း ပေး နေသည်) လူထုနွေဦး Credit






Leave a Reply

Your email address will not be published.