ကမ္ဘာ့အကြမ်းဖက်မှုထိပ်ဆုံး ၁၀ နိုင်ငံစာရင်းထဲ မြန်မာပါဝင်လာ

ကမ္ဘာ့အကြမ်းဖက်မှုထိပ်ဆုံး ၁၀ နိုင်ငံစာရင်းထဲ မြန်မာပါဝင်လာ

ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံး၁၀နိုင်ငံစာရင်း ထဲ ပါဝင်လာပါတယ်။ မတ်လ၂ရက်နေ့ကထုတ်ပြန်လိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုညွှန်းကိန်း (Global terrorism Index) ရဲ့ ၂၀၂၁ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အဆိုးဆုံးနံပါတ် ၉ နေရာရောက်လာကြောင်းဖော်ပြ ထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးက အာဖဂန်နစ္စတန်ဖြစ်ပြီး ဒုတိယအီရန်နဲ့ တတိယ ဆိုမားလီးယား ဖြစ်ကာ နံပါတ် ၉ နေရာမှာရှိတဲ့ မြန်မာနိုင်ငံရဲ့နောက် နံပတ် ၁၀ ကတော့ ပါကစ္စတန်ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု အနည်းဆုံး ၇၅၀ ဖြစ်ပွားခဲ့ပြီး အသက်သေဆုံးသူ ၅၂၁ ဦးသေကာ ဒဏ်ရာရသူ ၃၅၁ ဦး ရှိခဲ့ပါတယ်။

အခု၂၀၂၂ခုနှစ်မှာလည်း နိုင်ငံရေးအခြေအနေ မသေချာမှုတွေကြောင့် ထိခိုက်သေဆုံးမှု အရေအတွက် တိုးလာမယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်မှာမြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၂၄ ဦးသာ သေဆုံးမှု ရှိခဲ့ရာကနေ မင်းအောင်လှိုင် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာတော့ သေဆုံးမှု အဆ ၂၀ တိုး လာခဲ့ကာအဲဒါဟာ ကမ္ဘာ့နိုင်ငံ အားလုံးထဲမှာ အရေအတွက်အများဆုံး တိုးလာတာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှု ၅၂၂၆ ခု ဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုညွှန်းကိန်း (Global terrorism Index) ဟာ ကမ္ဘာတစ်ဝန်းက အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို လေ့လာပြီး နိုင်ငံအလိုက် အဆင့်သတ်မှတ်ထုတ်ပြန်ပေးတာဖြစ်ပါတယ်။ Credit

Leave a Reply

Your email address will not be published.