Categories
သတင္း

မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်ရွေးစင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဘောလုံးသမားများကို ရှေ့တန်းလွှတ်သဖြင့် ၁၂ ဦး ထွက်ပြေး

မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်ရွေးစင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဘောလုံးသမားများကို ရှေ့တန်းလွှတ်သဖြင့် ၁၂ ဦး ထွက်ပြေး

မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်ကောင်စီတပ်ဖွဲ့ဝင် လက်ရွေးစင်ဘောလုံးသမား ၁၂ ဦး ဇန်နဝါရီလကုန်ပိုင်းကစတင်၍ ထွက်ပြေးနေကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရသည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လက်အောက်ခံတပ်ရင်းများမှ ရွေး ချယ်၍ လပခကိုယ်စားပြု ကြည်း/ရေ/လေဘောလုံးပြိုင် ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်ဘောလုံးကစားကြရသူ များဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်ဘောလုံးသမားများကို လပခအကြီးတန်းအရာရှိများက ရှေ့တန်းလွှတ်ရန်စီစဉ်နေသ ဖြင့်ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။ ” သူတိုပြေးတာ ၁ လကျော်ပြီ၊ တလပိုင်းကုန် ၂လပိုင်းလ ဆန်းလောက်ပေါ့။သူတို့ရဲ့လုံခြုံရေးအခြေအနေအရ ပြောလို့မရတာကြောင့်။ သူတို့က အရင်ထဲက နန်းတွင်းထဲမှာဘဲcampသွင်းထားတာ။ အောက်တပ်ရင်းတွေကဘောလုံးကောင်းတဲ့သူတွေကိုပြန်ရွေးထားတာ။ တပ်တွေကတော့အစုံပေါ့။

သူတို့တပ်တွေကိုတောင်မပြန်ရဘူး။ ဘောလုံးလေ့ကျင့်တာနဲ့ပြိုင်ပွဲဝင်ရတာနဲ့ဒါဘဲလုပ်ရတာ။တိုင်းလက် ရွေးစင်တွေပေါ့။ လူလိုလို့ထင်တယ်သူတို့ကိုပါ ရှေ့ တန်းထွက်ရမယ်ဆိုပြီးခိုင်းတာနဲ့ ထွက်ပြေးသွားတာ ” ဟု အဆိုပါ ထွက်ပြေးသွားသူများနှင့်နီးစပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။ လက်ရှိတွင် အဆိုပါမန္တလေးနန်းတွင်းမှ ထွက်ပြေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံစိတ်ချရသည့်နေရာဒေသများတွင်ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကဆက် လက်ပြောသည်။

စစ်အာဏာ သိမ်းပြီးနောက် စစ်ကောင်စီအနေဖြင့် စစ်အင်အား လိုအပ်ချက်များကြောင့် ရေ/လေ၊စစ်လက်ရုံးတပ်များကိုပါရှေ့တန်းသို့ပို့ဆောင်စေလွှတ်နေရပြီး စစ်အင်အားဖြည့်တင်းနေရကြောင်း သိရသည်။ အဆိုပါစစ်ကောင်စီတပ်သားများထွက်ပြေးနေမှုအား စစ်ကောင်စီဘက်မှတစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးကြီးအဆင့်အပါ အဝင် CDM ပြုလုပ်ထားသည့် တပ်မတော်သား ၂၀၀၀ ကျော်ရှိပြီဟု ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ထားပြီး စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန် မထမ်းဆောင် လိုသဖြင့် မိမိ အစီအစဉ်ဖြင့် ထွက်ပြေးနေသည့် တပ်မတော်သား ထောင်နှင့် ချီ၍ အများအပြား ရှိပြီးဖြစ် ကြောင်း သိရသည်။ source-Ayeyarwaddy Times ဟိန်းစံ/ဧရာဝတီတိုင်းမ် မတ်လ ၃ ရက်

Leave a Reply

Your email address will not be published.