အသံတိတ်သပိတ် ခေါင်းဆောင် အဖြူရောင်မင်းသမီးကြီးရဲ့ ယနေ့တင်လာတဲ့ ပို့စ်ကြောင့် လူမှုကွန်ယက်မှာ ပွဲဆူနေ

အသံတိတ်သပိတ် ခေါင်းဆောင် အဖြူရောင်မင်းသမီးကြီးရဲ့ ယနေ့တင်လာတဲ့ ပို့စ်ကြောင့် လူမှုကွန်ယက်မှာ ပွဲဆူနေ

အသံတိတ်သပိတ် ခေါင်းဆောင် အဖြူရောင်မင်းသမီးကြီးရဲ့ ယနေ့တင်လာတဲ့ ပို့စ်ကြောင့် လူမှုကွန်ယက်မှာ ပွဲဆူနေ

အာဏာသိမ်းပြီး ကတည်းက ပါးစပ်ပိတ် အသံတိတ်နေခဲ့တဲ့ အကယ်ဒမီမို့မို့မြင့်အောင်ရဲ့ ယနေ့တင်လာတဲ့ ပို့စ်တခုကြောင့် ပွဲဆူနေတဲ့ ပရိတ်သတ်များ
သရုပ်ဆောင် စွမ်းရည်ပြည့်ဝပြီး နှစ်များစွာ ကြာအောင် အနုပညာလောကမှာ ရပ်တည်အောင်မြင်လာခဲ့တဲ့ မို့မို့မြင့်အောင်က ဆယ်စုနှစ်တွေ များစွာတိုင်အောင်အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီးကြီး တစ်ဦးလည်း ဖြစ်ပါတယ်။

မျိုးဆက်သစ် အနုပညာရှင်များကတော့ သူမကို မေမွှေးလို့ ချစ်စနိုးနဲ့ ခေါ်ကြတာလည်း ဖြစ်ပါတယ်။ သူမဟာ ဇာတ်ကားတိုင်းလိုလို ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေများစွာ ရရှိပိုင်ဆိုင်ထားသော ဝါရင့်အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်နော်။

တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့ပြီး အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီး တစ်လက်ဖြစ်တဲ့ မို့မို့မြင့်အောင်က သရုပ်ဆောင်အိုင်တင်နဲ့ ပက်သက်ရင် ဘက်စုံတော်တဲ့သူ တစ်ယောက်ဖြစ်လို့ ကျရာဇာတ်ရုပ်တိုင်းမှာ ပိုင်နိုင်တိကျတဲ့ သူမရဲ့ အိုင်တင်တွေက ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူညီခဲ့ပါတယ်နော်။

မို့မို့မြင့်အောင်ဟာ နှစ်များစွာ ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်သော်လည်း တစ်နိုင်ငံလုံး အရေးကြုံလာခဲ့တဲ့ အာဏာသိမ်း ခံရမှုကြီးမှာတော့ ငြိမ်သက် တိတ်ဆိတ်စွာ နေခဲ့ရုံသာမက ပရိသတ်ပြည်သူတွေနဲ့ ဆန့်ကျင်ဖက်မှာ ရပ်တည်နေခဲ့တာကြောင့် ပြည်သူလူထုရဲ့ ငြိုငြင်မှုကို ခံခဲ့ရပြီး ဝေဖန်မှုတွေ ကြုံတွေ့ နေရသူလည်း ဖြစ်ပါ တယ်။

ဒီနေ့မှာဆိုရင်လည်း မို့မို့ မြင့်အောင်က ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ ပြန်လွတ်လာတဲ့အတွက် ဝမ်းသာမိတယ် ဆိုပြီး ခုလိုပြောလာခဲ့တာပဲ ဖြစ်ပါတယ်နော်။ ‘ချစ်ရတဲ့ မောင်လေး ညီမလေး တွေ မိသားစုနဲ့ ပျော်ရွှင်နေကြတာ ကိုယ်လည်း ရောပြီး ပျော်လိုက်တာ။ အမေတွေလည်း ပျော် သားသားမီးမီးတွေ လည်းပျော်ဒို့အနုပညာ မောင်နှမတွေလည်း ပျော်တယ်ဟေ့။ ဆိုကာ ရေးသားဖော်ပြလာခဲ့ရာ အများပြည်သူအတွက် မျက်စိဆံပင်မွှေး စူးစရာဖြစ်ကာ ဝေဖန်သံတွေ ဆူညံနေတာကိုလည်း တွေ့မြင်ရ ပါတယ်နော်။

ဖတ်ရှု့အားပေးနေကြသော ပရိသတ်ကြီးအနေနဲ့လည်း အဖြူရောင် မင်းသမီးကြီး မို့မို့မြင့်အောင်ရဲ့ ရေးသားဖော်ပြချက် အပေါ် ဘယ်လိုမြင်သလဲ ဆိုတာ ပြောပြ ဆွေးနွေး ပေးခဲ့ ကြပါအုံးနော်။ crd

Leave a Reply

Your email address will not be published.