မိန်းမမရှုပ်တတ်တဲ့ ယောက်ကျားကိုရလို့ ကံကောင်းတယ်လို့ ချီးမွမ်းခံနေရတဲ့ နန္ဒာလှိုင်

မိန်းမမရှုပ်တတ်တဲ့ ယောက်ကျားကိုရလို့ ကံကောင်းတယ်လို့ ချီးမွမ်းခံနေရတဲ့ နန္ဒာလှိုင်

ပရိသတ်ကြီးရေ မင်းသမီး နန္ဒာလှိုင် ကတော့ဆယ်စုနှစ်ကတည်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မြန်မာပြည်ရဲ့ နာမည်ကြီး မင်းသမီးကြီးတစ်လက်ဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာလဲ ပြောစရာမလိုလောက်အောင် ပြည့်စုံကောင်းမွန်လွန်းတာကြောင့် အကယ်ဒမီဆုကြီးကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။
မွန်တိုင်းရင်းသူလေးဖြစ်တဲ့ သူမဟာအောင်မြင်တဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားတာပဲ ဖြစ်ပါတယ်။

သူမရဲ့မောင်တော်စပ်သူတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းသား ” မောင် “ကိုလဲ သူမကိုယ်တိုင်မြေတောင်မြှောက်ပေးခဲ့တာလဲ ဖြစ်ပါတယ်။ လက်တလောမှာတော့ အိမ်ထောင်ရေးအခြေအနေကတော့ မိန်းမမရှုပ်တတ်တဲ့ ယောက်ကျားကိုရထားလို့ ပရိသတ်တွေရဲ့ ချီးမွမ်းအားကျခြင်းကို ခံနေရပါတယ်နော်။
သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင် ဟာလက်ရှိမှာအနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပါဘူး။

သူမချစ်ရတဲ့ခင်ပွန်းနဲ့အတူ အိမ်ထောင်တစ်ခုကို ထူထောင်ထားပြီး ချစ်ဖို့ကောင်းတဲ့ ရင်သွေးလေးတွေနဲ့အတူ ဘဝကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ဦးဇေသီဟ က မိန်းမဖြစ်သူ မင်းသမီး နန္ဒာလှိုင် ကိုလွန်စွာချစ်မြတ်နိုးသူတစ်ဦးဖြစ်တာကြောင့် မိသားစုပိုင်ဇေကမ္ဘာပြတိုက်ထဲမှာ
ပုံတူပန်းချီကားတောင် ချိတ်ဆွဲပြီး ချစ်ပြခဲ့တာပဲဖြစ်ပါတယ်။ ဒါအပြင် မိန်းမမရှုပ်တဲ့အကြောင်းကို ” ပျင်းစရာကောင်းလို့ နဲနဲ Ro မယ်။ နန္ဒာ က ပြောတယ်။

မိန်းမ မရှုတ်နဲ့နော်တဲ့။ ကျွန်တော် ပြုံးပြီး ရိုးရိုးလေး ပြန်ဖြေလိုက်တယ်။ နန္ဒာ … ဘုရားမှာ ဆုတောင်းစရာ မလိုပဲ ပြည့်တဲ့ ဆုက အဲ့ဒီဆုပဲ ” လို့
ဦးဇေသီဟ ရဲ့ ကိုယ်ပိုင်အကောင့်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဦးဇေသီဟ ပိုစ်အောက်မှာတော့ နန္ဒာလှိုင် ကို အားကျနေကြတဲ့ မိန်းကလေးပရိသတ်များစွာရဲ့ ကောမန့်တွေကို တွေ့ရပါတယ်နော်။

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင် ရဲ့အိမ်ထောင်ရေးခရီးလမ်းကတော့ အားကျစရာပါပဲနော်။ သစ္စာရှိတဲ့ယောက်ကျားကို ပိုင်ဆိုင်ထားတဲ့ သူမ ကတော့ ဘုရားမှာဆုတောင်းစရာ မလိုပဲ ဆုတောင်းပြည့်ခဲ့တာဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးရေ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Credit

Leave a Reply

Your email address will not be published.