“မကြေးစည်” ဇာတ်လမ်းတွဲရိုက်ကူးနေရင်းမှာပဲ အသုဘ အခန်းမှာကြုံတွေရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တခုကို ပြောပြလာတဲ့ မေမီကိုကို…

“မကြေးစည်” ဇာတ်လမ်းတွဲရိုက်ကူးနေရင်းမှာပဲ အသုဘ အခန်းမှာကြုံတွေရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တခုကို ပြောပြလာတဲ့ မေမီကိုကို…

ပရိသတ်ကြီးရေ လက်ရှိ ညစဥ် ၇ နာရီတိုင်း MRTV-4 မှာထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” မကြေးစည်” ဆိုတဲ့ ဇာတ်လမ်းတွဲကို အားလုံပဲစောင့်ကြည့် အားပေးနေကြလိမ့်မယ်လို့ထင်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ပရိသတ်တွေကြားထဲမှာ အတော်လေးနာမည်ကြီးနေပြီး အခြားဇာတ်ကားတွေနဲ့မတူတာကြောင့်လဲ စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးနေကြတာလဲ ဖြစ်ပါတယ်။

မကြေးစည်ဇာတ်ကားရိုက်နေရင်း ထူးဆန်းတဲ့ အဖြစ်အပျက်များစွာလဲ ကြုံတွေ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မကြေးစည်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး မေမီကို က အခုလိုပဲ ပြောပြခဲ့ပါတယ်။ မကြေးစည်ဇာတ်ကားအစပိုင်းမှာ အသုဘဇာတ်ဝင်ခန်း ရိုက်ကူးနေရင်း ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုပါ။ ကိုမင်းနိုင်အသုဘကို ရိုက်ကူးတဲ့အခန်းမှာ မကြေးစည် ကို ဒါရိုက်တာမငိုခိုင်းပါဘူး၊ဒီအတိုင်းပဲ ဝမ်းနည်းစွာနဲ့ရပ်ကြည့်နေခဲ့ခိုင်းပေမယ့် ဝမ်းနည်းစွာငိုကြွေးခဲ့ပါတယ်။

ဒီဇာတ်ဝင်ခန်းက တကယ့်အသုဘတစ်ခုနဲ့တူနေပြီး ကြည့်နေရင်းရင်နင့်စွာခံစားလာရတာကြောင့် အခြားလူတစ်ယောက်လို ငိုချပစ်လိုက်တာ တော်တော်နဲ့အငိုမရပ်ဘူးတဲ့။ ရူတင်ကလူတွေပြောတာကတော့ အဲ့အချိန်မှာ မေမီကိုကို(မကြေးစည်) ဟာ အခြားလူတစ်ယောက်လို ပြောင်းလဲသွားပြီး ရူတင်ကလူတွေတောင် မမှတ်မိတော့တဲ့ ခဏတာထူးဆန်းတဲ့အဖြစ်အပျက်တွေ ရှိခဲ့တယ်

ဇာတ်လမ်းသွားရောက်ရိုက်ကူးတဲ့နေရာက အရမ်းကိုအစောက်အရှောက်ကြီးတာကြောင့် စကားမှားလို့မရပါဘူးတဲ့။ ရူတင်ကလဲ လူများတော့ စစနောက်နောက်နဲ့ စကားမှားတယ်ထင်တယ် မီးတွေရှော့ဖြစ်ပြီး (၂)ရက်လောက် မီးစက်ပျက်သွားခဲ့ဖူးတယ်။ အစောက်အရှောက်များတဲ့နေရာမှာ မဟုတ်တာကိုမလုပ်သင့်ပဲ ယုံကြည်သင့်တာကို ယုံသင့်ပါတယ်လို့ သူမကဆိုပါတယ်။

သရုပ်ဆောင် မေမီကိုကို ဟာ မကြေးစည် ကာရိုက်တာက သူမနဲ့လိုက်ဖက်လွန်းတာကြောင့် ‌ရွေးချယ်ခံခဲ့ရတာလို့ ပြောပါတယ်။ အတူပါဝင်သရုပ်ဆောင်ထားတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ကြီး ဦးလူမုန်း ဟာ လူငယ်တွေနဲ့အဆင်ပြေအောင် ပေါင်းသင်းတတ်သူဖြစ်ပြီး အနုပညာအရည်အချင်းရှိသူကြီးတစ်ဦးပါတဲ့။

ကွယ်လွန်သွားတဲ့ ဒါရိုက်တာ အောင်ဗပါဝါနဲ့ သရုပ်ဆောင်ကြီး ဦးလူမုန်း နဲ့ ပထမဆုံး ဒီဇာတ်လမ်းတွဲမှာ ဆုံကြတာဖြစ်ပြီး နောက်ဆုံးအကြိမ်ဖြစ်သွားခဲ့တယ်လို့ စိတ်မကောင်းစွာ ပြောထားပါတယ်။ နောက်ဆုံးအနေနဲ့ သရုပ်ဆောင် မေမီကိုကို ဟာ ဒီဇာတ်ကားမှာ တရားသဘောများစွာပါဝင်တာကြောင့် ကြည့်ရူ့ပြီး အသိတရားတစ်စုံတစ်ရာ ရရှိနိုင်ကြပါစေလို့ ပြောခဲ့ပါတယ်။ crd cele only

Leave a Reply

Your email address will not be published.