ထိုင်းမင်းသမီးလေး အဖြစ်ကိုမြင်ပြီး လူတွေကိုယုံကြည်လို့မရဘူးဆိုတာ နားလည်သွားတဲ့ သင်ဇာဝင့်ကျော်

ထိုင်းမင်းသမီးလေး အဖြစ်ကိုမြင်ပြီး လူတွေကိုယုံကြည်လို့မရဘူးဆိုတာ နားလည်သွားတဲ့ သင်ဇာဝင့်ကျော်

ပုရိသတွေအသည်းစွဲ သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့ မြန်မာ့ရုပ်ရှင်လောကမှာ နေရာတစ်နေရာ ရရှိထားတဲ့ မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။
သူမကတော့ ဗီဒီယိုကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီးတော့ ပရိသတ်တွေရဲ့အားပေးမှု့ကို ရရှိထားတာပဲဖြစ်ပါတယ်။ဒါအပြင် သူမရဲ့ ခပ်မိုက်မိုက်နဲ့ ဆက်ဆီဆန်ဆန် အသည်းယားဖွယ် ဆွဲဆောင်မှု့အားကောင်းတဲ့ ဓာတ်ပုံလေးတွေကိုအမြဲမျှဝေလေ့ရှိတာကြောင့် ပုရိသတွေသည်းသည်းလှုပ် ချစ်ရတဲ့မင်းသမီးလေးပဲဖြစ်ပါတယ်။

” လူတွေကိုယုံကြည်လို့မရဘူးဆိုတာ မင်းသမီး Tangmo ရဲ့ အဖြစ်ကသက်သေပြသွားတာပဲ သူကသူများအပေါ် စိတ်ကောင်းထားပေးတာတောင်
အဲ့စေတနာကိုအသိအမှတ်မပြုပဲ လုပ်ရက်ကြတာ မိန်းကလေးအချင်းချင်း J အကြီးစား မနာလိုမှုဆိုတာတော်တော်ကြောက်ဖို့ကောင်းပါလား မင်းသမီးက သူ့ Manager ဆိုပေမဲ့ သူငယ်ချင်းပေါင်းပေါင်းတာ တောင်လူမဆန်တဲ့လုပ်ရပ်ကိုလုပ်ရက်တယ်နော်

လူစိတ်ရှိတဲ့သူဆို သူများဒုက္ခရောက်နေတာတောင်ကယ်ရမှာ ကူညီရမှာ ခုဟာက မနာလိုစိတ်ကြောင့် ကျေးဇူးရှင်ကိုသေတွင်းပို့တာ ဝဋ်ဆိုတာကတော့လည်မှာပါ ဘာပဲဖြစ်ဖြစ်မင်းသမီးအတွက်စိတ်မကောင်းဘူး ခုတွေ့ကြုံနေရတဲ့လူတွေထဲမှာလဲဒီလိုပါပဲ ကိုယ်ကအကောင်းတွေပေးတာတောင် ကိုယ့်စေတနာကို အသိအမှတ်မပြုချင်တဲ့သူတွေ ကျေးဇူးမတင်ချင်တဲ့သူတွေရှိတယ်

ကိုယ့်ရှေ့မှာတော့ချိုပြီး အတွင်းပုတ်နေတဲ့သူတွေ သူတို့ကိုကိုကဟန်မပျက်ဆက်ဆံနေပေမဲ့ သူတို့ဖြစ်နေတာကို ကိုယ်ကမသိလို့တော့မဟုတ်ဘူး လူတယောက်နဲ့ပေါင်းကြည့်လိုက်တာနဲ့ သူကဘာလဲဆိုတာကိုယ့်စိတ်ကအလိုလိုသိနေတာမျိုး တခါတခါအဲ့လိုလူတွေနဲ့ဆက်ဆံရတာလဲတကယ်ပင်ပန်းပါတယ် ငါကောင်းရက်နဲ့ ငါ့အပေါ်ဘာလို့မေတ္တာ ဂရုဏာ မုဒိတာမထားနိုင်ကြတာလဲလို့ တခါတလေတော့လဲ ဝမ်းနည်းမိတယ်

ခုတော့ No ပါ သူတို့ရဲ့ အကုသိုလ်စိတ်ဖြစ်နေတာကိုလိုက်ခံစားမနေတော့ဘူး သူတို့ဟာသူတို့ပူလောင်ကြပါစေ ကိုယ်ကကောင်းကောင်းဆက်ဆံပေးထားတာပဲ တခုခုဖြစ်သွားလဲ နောင်တမရှိဘူး ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ ဒါပေမဲ့ စေတနာရောင်ပြန်ဟပ်ဆိုသလို အဲ့လိုလူတွေကလဲကိုယ့်အနားမှာကြာကြာမနေနိုင်ပါဘူး အချိန်တန်ရင်သူ့အလိုလိုအဝေးရောက်သွားတာပါပဲ ကိုယ်ပေးတဲ့စေတနာတွေနဲ့မှမတန်တာ အဲ့ဒီတော့သွားပေါ့ အဲ့လိုလူ ၁၀ ယောက်ရှိတာထက် ကောင်းတဲ့သူ ၁ ယောက်ကိုပဲပိုလိုချင်မိတယ်

ခုကိုယ်ကလွဲရင် ခေါင်းတောင်မယုံချင်တော့ပါဘူး မိဘကလွဲလို့ ယုံကြည်လို့ရပါတယ်ဆိုတဲ့သူတွေကိုတောင်ပိုလို့တောင်မယုံချင်တော့ တွေ့ချိုတွေ လုပ်ချိုတွေလဲမလိုချင်ဘူး အခက်အခဲဖြစ်မှလာရှာတဲ့သူမျိုးလဲမလိုချင်ဘူး အော်ဒါပေမဲ့လည်းကိုယ်ချင်းစာတရားတွေတဖြည်းဖြည်းနည်းပါး လိုချင်ရမက်တွေပြည့်ပြီး အတ္တမာန်မာနတွေ ဖုံးလွှမ်းနေတဲ့ လူ့ငရဲပြည်ကြီးထဲမှာဆက်ပြီးအသက်ရှင်ရဦးမှာပဲ မရှင်ချင်လို့လဲမရ

ကိုယ့်ကိုအားကိုးနေရတဲ့သူတွေလဲရှိသေးတာကိုး ဒါပေမဲ့ အသက်ရှင်မဲ့နေ့ရက်တိုင်းမှာကိုယ့်ကြောင့် သူတပါး ဒုက္ခမရောက်အောင် သူများအတွက်ကိုယ်ဟာ လူပိုတယောက်မဖြစ်အောင် ဝန်ထုတ်ဝန်ပိုးမဖြစ်ရအောင် နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့စကား ပဲပြောမိအောင် အကျိုးရှိတဲ့အလုပ်ပဲ လုပ်မိအောင် ကိုယ်ချင်းစာတရားရှေ့ထားပြီး ကြိုးစားနေထိုင်ပါ့မယ်” လို့ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ သေဆုံးသွားတဲ့ ထိုင်းမင်းသမီးလေးရဲ့ အဖြစ်ဟာ အရမ်းကိုသနားစရာကောင်းပါတယ်နော်။ ဒါကြောင့် လူတွေကို လွယ်လွယ်နဲ့မယုံမိဖို့ သတိထားကြဖို့ လိုအပ်ပါတယ်။ Credit

Leave a Reply

Your email address will not be published.