Categories
သတင္း

ဘုရင်ရူး ရူးနေတဲ့ တပည့်ကျော် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဦးသန်းရွှေကျေနပ် နေမလား

ဘုရင်ရူး ရူးနေတဲ့ တပည့်ကျော် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဦးသန်းရွှေကျေနပ် နေမလား

ဦးသန်းရွှေဟာ သူဆင်းတော့ သူ့တစ်ယောက်ထဲမှာရှိတဲ့ အာဏာအားလုံးကို လူသုံးယောက်ကိုခွဲဝေပေးပြီး သူညက ဒုချုပ်မောင်အေးကိုအပါခေါ်ဆင်းသွားပါတယ်။သိန်းစိန်က သမ္မတလုပ် ရွှေမန်းကို လွှတ်တော်နာယကလုပ် မင်းအောင်လိူင်ကို တပ်ချုပ်လုပ် အသီးသီးနေရာပေးပြီး အေးအေးဆေးဆေး စာဖတ်နေပါတယ်။

ထိုအချိန်က အသက် ၅၄ နှစ်အရွယ်မင်းအောင်လိူင် ကိုတပ်ချုပ်ပေးခဲ့တာ အစိုးရသက်တမ်း တစ်ဆက်အ တွ က်ပဲ ရည်ရွယ်ခဲ့ပုံရပါတယ်။ဘာလို့လဲဆိုရင် ၂၀၁၆ မှာ မင်းအောင်လိူင်ဟာ အသက် ၆၀ ပြည့်ပါမယ် ထိုအခါ တပ်ချုပ်ကနေပင်စင်ယူရပါမယ် မင်းအောင်လိူင် ကိုယ် တိုင်ကလဲ အင်တာဗျူးတွေမှာ စစ်ဥပဒေအရ အသက် ၆၀ ပြည့်ရင် နားကိုနားရ မယ်လို့ဆိုထားပါတယ်။

ဒါဟာ ၂၀၁၅ မှာကြံခိုင်ရေးဝက်ဝက်ကွဲ မဲမရူံးခင်ထိပြောတဲ့စကားပဲ ဖြစ်ပါတယ် ၂၀၁၆ NLD ပါတီအစိုး ရဖွဲ့နိုင်ပြီးနောက်ပိုင်းမှာ မင်းအောင်လိူင်ဟာသူပြောခဲ့တဲ့စကားတွေနဲ့ဆန့်ကျင်ပြီး တပ်ချုပ်သက်တမ်းကို သူ့ဘာသာတိုးပါတယ်။သို့သော်လဲ ထိုစဥ်က NLD က သမ္မတ ဦးထင်ကျော်က အတည်မပြုပေးလို့ ကာလုံခေါ်ပါ လို့ တစာစာအော်ခဲ့ဖူးပါတယ် အခုအာဏာသိမ်းချိန်ထိ မင်းအောင်လိူင်ဟာ တရားဝင်တပ်ချုပ်မဟုတ်ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲ မဲထည့်ပြီးအပြန်မှာ မင်းအောင်လိူင်ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရကိုလက်ခံပါ့မယ် လို့ဆိုခဲ့ပြန်တယ် ပြီးတော့ ဘာအကြောင်းပြချက်မှ မခိုင်လုံတဲ့ မဲစာရင်းမှားတယ်လို့ ပြသနာရှာမြင့်ဆွေ ကိုယာယီသမ္မတတင် မပြည့်စုံတဲ့ကာလုံခေါ်ကိုယ်ဖဲကိုယ်ချိုးပြီး အာဏာသိမ်းလိုက်ပါတယ်
၂၀၁၀ မှာ ဦးသန်းရွှေပေးခဲ့တဲ့ တပ်ချုပ်မင်းအောင်လိူင်ဟာ ပိုင်ဆိုင်မူ့အနေနဲ့ဘာမှ မပြောပလောက်ပေမယ့် ၂၀၂၁ အာဏာသိမ်းလိုက်ပြီး ၁၁ နှစ်တာကာလအတွင်းမှာတော့ မြန်မာပြည်မှာ အချမ်းသာဆုံးလို့ဆိုရမယ့် ဦးတေဇရဲ့ ပိုင်ဆိုင်မူ့ကို မှီသွားခဲ့ပါတယ်။စစ်ဗိုလ်ချုပ်အကြီးအကဲတွေရဲ့ သမိုင်းပြန်ကြည့်တဲ့အခါ မိဘဘိုး ဘွားကတည်းကကြွယ်ဝလာတာ ဘယ်သူမှမရှိပဲ

ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နေလာရာကနေ ရာထူးကြီးကြီးတွေရတဲ့အခါ ထားစရာမရှိအောင် ချမ်းသာသွားကြပါတယ်ထိုသူတွေက အိမ်တစ်လုံးတောင် မပိုင်တဲ့ နိုင်ငံတော်သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံကို အဂတိလိုက်စားမူ့နဲ့တရားစွဲတယ် ဆိုတော့မင်းအောင်လိူင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းဆန္ဒပြတာတွေဖြစ်မယ် အဲ့ကမှသူပြင်းပြင်းထန်ထန်နှိပ်ကွပ်လိုက်ရင် ပြီးသွားမယ်လို့ တွက်ဆခဲ့ပါတယ်။

နိုင်တကာဖိအားဆိုတာလဲ သူတို့အာဏာဆုပ်ကိုင်နိုင်ရင် အပေးအယူလုပ် ညှိလို့ရတယ်လို့ ယူဆခဲ့ပြန်တယ် ဒါကလဲ ၈၈ တုန်းကအာဏာသိမ်းဖြစ်စဥ်ကို ကြည့် ပြီးပြင်ဆင်ခဲ့တာပါ တစ်ကယ်လက်တွေ့မှာတော့ ရက်စက်မူ့ သတ်ဖြတ်မူ့ ဖိနှိပ်မူ့ အနိုင်ကျင့်ခံရမူ့တွေ လူမဆန်အောင်ဖြစ်လာတဲ့အခါ ငါတို့သူတို့လက်အောက်ဘယ် လိုမှ နေလို့မရတော့ဘူးဆိုတာ ဖြစ်လာပြီး မင်းအောင်လိူင်စစ်တပ်ကို ရရာလက်နက်နဲ့ တော်လှန်ကြပါတော့တယ်။

မြို့ပေါ်မှာဆန္ဒပြတာတွေ အရှိန်ကောင်းနေချိန် GZ မျိုးဆက်တွေဟာ EAOs တွေဆီတိတ်တဆိတ်ထွက် လာပြီးစစ်ပညာသင်ကြတာ မင်းအောင်လိူင်တို့မသိ ခဲ့ကြဘူး နယ်ဘက်တွေမှာ စုဖွဲ့မူ့တွေလုပ်ပြီး လက်နက်တွေစုပြင်ဆင်နေခဲ့တာကို စကစသိချိန်မှာ စတော်လှန်နေကြပါပြီ။CRPH ကနေ NUG ဖြစ်လာတယ် PDF တွေဖွဲ့တယ် DDay ကြေငြာတယ် UN မှာ ဦးကျော်မိုးထွန်းဆက် ရှိတယ်။

မကွေး စစ်ကိုင်း ကယား ချင်း တွေမှာ LDF တွေစိုးမိုးလာတယ် စကစတပ်တွေ နေရာစုံမှာ အကျအရူံးများလာတယ် ဒီလိုဆင့်ကဲဆင့်ကဲ ဖြစ် လာသလိုနိုင်ငံတကာ နဲ့အာဆမ်ဟာလဲ စကစကိုခါးခါးသီးသီးငြင်ပယ်နေတော့ စကစဟာ အုပ်ချုပ်ရေးအာဏာဘယ်လိုမှ တည်မရကို ဖြစ်လာတော့တာပါပဲ။မြို့ပြ UG တွေရဲ့ စွန်လွှတ်ခံ တိုက်ခိုက်မူ့တွေဟာ လွတ်လပ်ရေးရပြီးထဲက အတိုက်ခိုက်မခံရတဲ့ ရန်ကုန် မန္တလေးမြို့တွေ အခုဆို ဗုံးမကွဲတဲ့နေ့မရှိပဲ စကစအတွက် တပ်ပြင်ထွက်လိုက်တာနဲ့ စစ်မျက်နှာဖြစ်နေတော့တယ်။

အာဏာသိမ်းမူ့ကြောင့် တိုင်းပြည်ဖရိုဖရဲဖြစ်ပြီး အဘက်ဘက်မှာယိုယွင်းပျက်စီးသွားပါတယ် မင်းအောင်လိူင်နဲ့ စစ်အာဏာရှင်တစ်စုကတော့ တိုင်းပြည်ဘယ်လိုပဲပျက်စီးပစေ သူတို့ကိုလက်မခံရင်အကုန်ရှင်းမယ်။အခုလိုတိုက်ခိုက်နေတာ ပြည်သူက PDF တွေကိုထောက်ပံနေလို့ ဒါကြောင့် ပြည်သူ တွေ ဒုက္ခရောက်အောင်လုပ်မယ် နလန်မထူအောင် လုပ်မယ် ဦးချိုးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပါးစပ်ထဲ ရှိတဲ့အမိန့်ထုတ်နေပြန်တယ်။

ဒီဖြစ်စဥ်တွေကိုပြန်ကြည့်တဲ့အခါ ဦးသန်းရွှေ မှားခဲ့တာလား ဒါမှမဟုတ် သူဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာတာလား ဆိုတာပါ။ဘယ်လိုပဲဖြစ်ဖြစ်ပါ အခုအခြေအနေဟာ မင်းအောင်လိူင်တို့အုပ်စုတင် မဟုတ်ပါဘူး အရင် အာဏာရှင်ဟောင်းတစ်စုအပါ အဝင် ခရိုနီတွေအတွက် မျှော်လင့်သလို ပျော်စရာ မဟုတ်တော့ပါဘူး။တော်လှ န်ရေး ကို ပိတ်စို့ဖို့တား ဆီးဖို့ စကစ ဘယ်လိုမှမတတ်နိုင်တော့ပါဘူးပြည် သူဟာ နာကြည်းစိတ်နောက်ကွယ်ကနေ ရအောင် အမြစ်ဖြတ်မယ်ဆိုတဲ့ တော်လှန်စိတ်ပြင်းထန်နေပါ တယ်။

မကြာခင်လဲ ပြင်းထန်တဲ့ တော် လှန်ရေး မုန်တိုင်းထိုးစစ်ကြီးလာပါတော့မယ်။ဆိုတော့ ပေးခဲ့တဲ့အမွေနဲ့ အာဏာရူး သမ္မတရူး ရူးပြီး အလုံးစုံပျက်သုန်းရေးကို လုပ်နေတဲ့ မင်းအောင်လိူင်ကို ကြည့်ပြီး ဦးသန်းရွှေ ကျေနပ်နေမလား နောင်တရနေမလားဆိုတာ သိချင်မိတယ်ဗျာ။(မူရင်းရေးသားသူကို လေးစားစွာဖြင့် ခရက်ဒစ်)

Leave a Reply

Your email address will not be published.