Categories
သတင္း

စစ်ကိုင်းတိုင်းအတွင်း အင်တာနက် ဖြတ်တောက်ထားခြင်း။

စစ်ကိုင်းတိုင်းအတွင်း အင်တာနက် ဖြတ်တောက်ထားခြင်း။

စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်များ အင်တာနက် ပြတ်တောက် သွားသည်မှာ ၃.၃.၂၀၂၂ ည ( ၁၁.၃၀ ) နာရီ အချိန်က ဖြစ်ပါသည်။မည်သည်အကြောင်း ကြောင့်ဖြတ်တောက်သည် ဆိုသည်ကို မသိရပါ။

မည်သည့်အချိန်တွင် မည်သည့်ရက်တွင် ပြန်လည်ရရှိမည်ကိုလဲ မသိရှိရပါ။စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေးမြို့များ အင်တာနက် ဖြတ်တောက်ခြင်း ပြတ်တောက်ခြင်း မရှိဟုသိရပါသည်။ MPT – FTTH WiFi လိုင်များပြတ်တောက်ခြင်း မရှိသည့်အတွက် ရေဦးမြို့၌ MPT Dome Pyan အင်တာနက်သုံး၍ ရပါသည်။

အောက်ဖော်ပြပါစာအရ စစ်ကိုင်းတိုင်းအတွင်း အင်တာနက် ဖြတ်တောက်ထားဟည့် မြို့များမှာ ချောင်းဦး၊ ဆားလင်းကြီး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ဝက်လက်၊ ရေဦး၊ မြင်းမူ၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ တန့်ဆည်၊ မင်းကင်း၊ကလေးဝ၊တမူး၊ မော်လိုက်၊အင်းတော်၊ဟုမ္မလင်း၊ ကျွန်းလှ၊ ၊ဖောင်းပြင်၊ ခန္တီး၊ လဟယ်တို့ဖြစ်ပြီး မြို့ပေါင်း ( ၂၃ ) မြို့နယ် ဖြစ်သည်။

ဘုတလင်၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊အရာတော်၊ ဝန်းသို၊ ပင်လယ်ဘူး၊ ကောလင်း အစရှိသည့် မြို့နယ်များမှာ ယခင်ကတည်းက အင်တာနက် ဖြတ်ထားသည့် မြို့များဖြစ်ပါသည်။ အင်တာနက်အသုံးပြုသူများမှ 2G ပြောင်းသုံးလျှင် ရသည်ဟုဆိုနေပါသည်။






Leave a Reply

Your email address will not be published.