တစ်ချိန်ကဘီလူးမြို့တော် (သို့မဟုတ်) ဘီလူးများနေခဲ့ဟန်ရှိတဲ့ အီသီယိုးပီးယားက ရှေးဟောင်းမြို့တစ်မြို့

တစ်ချိန်ကဘီလူးမြို့တော် (သို့မဟုတ်) ဘီလူးများနေခဲ့ဟန်ရှိတဲ့ အီသီယိုးပီးယားက ရှေးဟောင်းမြို့တစ်မြို့

တစ်ချိန်က အီသီယိုးပီးယားမှာ ပျောက်ကွယ်သွားခဲ့ရတဲ့ ရှေးဟောင်းမြို့တစ်မြို့ကို သုတေသန ပညာရှင်များက ဘီလူးကြီးများရဲ့အိမ်လို့လည်း ယူဆခဲ့ကြဖူးပါတယ်။

ယင်းမြို့ဟောင်းဟာ အစောပိုင်း အေဒီ ၁၀ ရာစုနှင့် ၁၅ ရာစုကြားမှာ အီဂျစ်အိန္ဒိယတို့အပြင် နိုင်ငံတကာကုန်သွယ်ရေးကောင်းမွန်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပြီး ဒေသအသီးသီးက လူမျိုးများစွာနှင့်အတူ နေထိုင်ခဲ့ကြပုံပေါ်တယ်လို့လည်း ဆိုခဲ့ကြပါတယ်။ အဆိုပါ လူမျိုးတွေဟာ အများသောအားဖြင့် အစ္စလာမ့်ဘာသာကို ယုံကြည်ကိုးကွယ်ကြတာ ဖြစ်ပါတယ်။

ပညာရှင်များက ဒီမြို့ကို ပြန်လည်တူးဖော်ခဲ့ရာမှာလည်း ၁၂ ရာစုက တည်ဆောက်ထားတဲ့ ဗလီတစ်ခု အစ္စလာမ့်သင်္ချိုင်းများနှင့် ခေါင်းကျောက်များ၊ ဖန်အိုးအပိုင်းအစများ၊ ကျောက်သားပုံဆောင်ခဲများ၊ ကာနီလီယံ၊ ဖန်ပုတီးစေ့များ၊ နွားချေးခွံများနှင့် မဒါဂတ်စကာ၊ မော်လ်ဒိုက်၊ ယီမင်နိုင်ငံတို့မှ အိုးခွက်များနှင့် တရုတ်ပစ္စည်းအချို့များအပြင် အီဂျစ်ကကြေးနှင့် ငွေဒင်္ဂါးများပါ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒေသခံလယ်သမားများကလည်း ယင်းကဲ့သို့ နှစ်ပေါင်းများစွာက အိုးခွက်များနှင့် ဒင်္ဂါးပြားများကို ရရှိခဲ့ကြပါတယ်။ ဒီလိုမြေအောက်တွေကနေ တန်ဖိုးကြီး ရတနာတွေကို တွေ့ရှိရတာဟာ အီသီယိုးပီးယားမှာ တစ်ချိန်က အလွန်ချမ်းသာ ကြွယ်ဝမှုရှိခဲ့ကြောင်းကို မီးမှောင်ထိုးပြနေတာပါ။ ဒါ့အပြင် ပိုပြီးအံ့သြစရာ ကောင်းတာကတော့ ကျောက်တုံးအချို့ရဲ့ ကြီးမားတဲ့အရွယ်အစားဟာ ထိုဧရိယာမှာ ဘီလူးကြီးများနေထိုင်ရာ ဒေသဖြစ်ခဲ့တယ်ဆိုပြီ ဒဏ္ဍာရီတစ်ခုရှိလည်း ရှိခဲ့တာ တွေ့ရပါတယ်။

ဘာလို့လဲဆိုတော့ မြို့ရဲ့မီတာ ၅၀၀ နှင့် ၁၀၀၀ မီတာ ပတ်လည်မှာ ကျောက်တုံးကြီးများဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံများနှင့် နံရံများပါရှိပြီး ဒီလိုတည်ဆောက်နိုင်တာဟာ မြင့်မားတဲ့အရပ်နှင့် ကြီးမားတဲ့ ခွန်အားရှိသူများဟာ တည်ဆောက်နိုင်တာလို့ ယူဆကြတာ ဖြစ်ပါတယ်။
သုသာန်အတွင်းမှာလည်း မြှုပ်နှံထားတဲ့ လူ ၃၀၀ ခန့်ရဲ့ ရုပ်အကြွင်းအကျန်များပါ တွေ့ရှိခဲ့ပါတယ်။ ဒီရုပ်အလောင်းတွေကိုလည်း ဘီလူးတွေရဲ့ သားသမီးတွေလို့ တချို့ကယူဆထားကြပါတယ်။

ဒီမြို့ဟောင်းရဲ့ သုတေသနကို ဆွစ်ဇာလန်နိုင်ငံရှိ Max Van Berchem ဖောင်ဒေးရှင်းနှင့် ဥရောပသုတေသန ကောင်စီတို့ကရန်ပုံငွေ ထောက်ပံ့ထားပေးထားပြီး နောက်ထပ်အထောက် အထားများကို ရှာဖွေဖော်ထုတ်ဖို့အတွက် အခြားနေရာများနှင့် မြေအောက်နက်နက်များကို လာမည့်နှစ်တွေမှာ ထပ်မံတူးဖော်မှာ ဖြစ်ပါတယ်။ ယခုအချိန်အထိ ၎င်းတို့ဟာ အနက် ၂.၅ မီတာအထိ တူးဖော်တွေ့ရှိပြီး ယင်းကို ၆ ရာစုအထိလို့ သတ်မှတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Leave a Reply

Your email address will not be published.