Categories
သတင္း

အခြားသူတွေထက် ဆန်းသထက် ဆန်းချင်လွန်းလို့ ငွေစက္ကူတွေကို ညှပ်ပြီး လက်သည်းအလှ ဆင်ပြခဲ့တာကြောင့် အကြီးအကျယ် ဝေဖန်ခံနေရတဲ့ မိန်းကလေးတစ်ဦး

အခြားသူတွေထက် ဆန်းသထက် ဆန်းချင်လွန်းလို့ ငွေစက္ကူတွေကို ညှပ်ပြီး လက်သည်းအလှ ဆင်ပြခဲ့တာကြောင့် အကြီးအကျယ် ဝေဖန်ခံနေရတဲ့ မိန်းကလေးတစ်ဦး

လူသားတွေရဲ့ အခြားသူတွေထက် ဆန်းတထက် ဆန်းချင်တဲ့ အတ္တစိတ်နှင့် တီထွင်ဖန်တီးတတ်မှု တို့ကြောင့်ဘဲ ကမ္ဘာကြီးဟာ ယနေ့ခေတ်လို နည်းပညာတိုးတက်ခေတ် မီနေတာလို့ ထင်ပါတယ်။ အခြားသူတွေထက် သာချင်ပြီး ဆန်းသစ်ချင်တဲ့ လူမျိုးကို စာဖတ်သူတို့ ကြုံတွေ့ဖူးကြမှာပါ။

မကြာသေးမီက ဆိုရှယ် မီဒီယာပေါ်ရှိ နိုင်ဂျီးရီးယား နိုင်ငံသားများဟာ N1000 ( ၄,၅၉၀ ကျပ်) တန်ငွေစက္ကူရွက်ကို အသုံးပြုပြီး သူမရဲ့ လက်သည်း တွေကို အလှဆင်ခဲ့တဲ့ နိုင်ဂျီးရီးယား အမျိုးသမီးငယ် တစ်ဦးကို ပြစ်တင်ဝေ ဖန်ခဲ့ကြပါတယ်။ အဆိုပါ ဗိုင်းရပ်စ် ဗီဒီယိုမှာတော့ သူမရဲ့လက်သည်း တွေကို အလှဆင်ရန်အတွက် လက်သည်း ပညာရှင်တွေက ညှပ်ထုတ်ထားတဲ့ ငွေစက္ကူ တွေကို ပြသနေပေမဲ့လည်း ၊ ၎င်းက အတု သို့မဟုတ် အစစ် ဟုတ်မဟုတ် ကိုတော့ ရှင်းလင်းစွာ မသိခဲ့ရ သေးပါဘူး။

နိုင်ဂျီးရီးယား နိုင်ငံသားတွေကို ဒေါသတကြီး တုံ့ပြန်ခဲ့ကြပြီး နိုက်ရာကို စော်ကားတယ်လို့ စွပ်စွဲကာ သက်ဆိုင်ရာ အာဏာပိုင်တွေကို အပြစ်ပေးဖို့လည်း တောင်းဆို ခဲ့ကြပါတယ်။ ဒါ့ပြင် ” ဒါ ကျွန်တော်တို့ရဲ့ ငွေကြေးကို အလွဲသုံးစား လုပ်တာဘဲ ” ၊ ” သူမ တကယ် အဖမ်းခံရသင့်တယ်၊ ပိုက်ဆံက အတုဆိုရင်တောင် အဲ့တာက ငါ့အမြင်အနေနဲ့ မိုက်မနေဘူး ” ၊ ” အဲ့လောက် စီးပွါးရေး ကျပ်တည်း နေတာကို မင်းတို့က သောက်ပိုက်ဆံ ဖြုန်းပြနေတယ် ” ၊ “ဒါက အတော်လေး မိုက်မဲ လွန်းတယ်” လို့စတဲ့ မှတ်ချက် များစွာဖြင့်လည်း တုံ့ပြန် ခဲ့ကြပါသေးတယ်။ ခရက်ဒစ်

Leave a Reply

Your email address will not be published.