ဟုမ္မလင်းတွင် ခရီးသည်က လက်ဆော့ပြီး လေယာဉ် အရေးပေါ် တံခါးကို ဖွင့်မှုဖြစ်
ဟုမ္မလင်းတွင် ခရီးသည်က လက်ဆော့ပြီး လေယာဉ် အရေးပေါ် တံခါးကို ဖွင့်မှုဖြစ်
ဟုမ္မလင်း၊ မတ် ၄ -၂၀၂၂ စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်း လေဆိပ်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ဟုမ္မလင်း-မုံရွာ ပျံသန်းမဲ့ လေယာဉ် တစ်စီးကို ခရီးသည် တစ်ဦးက လက်ဆော့ပြီး ATR-72 လေယာဉ် အမှတ် AMI ၏ အရေးပေါ် တံခါးကို လေယာဉ် ရပ်ထားစဉ် ဖွင့်လှစ်မှု မတ်လ ၄ ရက် နံနက်က ဖြစ်ပွားခဲ့တယ်ဟု သိရပါတယ်။
“ဦးဇော်ဦး အသက် ၃၈(နှစ်) ဆိုသူက လေယာဉ်ရဲ့ ဘယ်ဘက် အခြမ်း A1 အရေးပေါ် ထွက်ပေါက် ခလုတ်ကို နှိပ်မိ တာကနေ အရေးပေါ် ထွက်ပေါက် တံခါးတွေ ပွင့်ထွက် သွားတာပါ” လေယာဉ်ပေါ် ပါသူတစ်ဦးက ပြောပါတယ်။
အဆိုပါ ခရီးသည်ကို အရေးယူရန် ရဲစခန်းတွင် ဖမ်းဆီး ထားကြောင်းနှင့် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ခရီးသည်များ သယ်ရန်နှ င့်လေယာဉ်ကိုပြန်လည် ပြင်ဆင်ရန် နောက်ထပ် လေယာဉ်တစ်စီး စေလွှတ်ထား လိုက်ကြောင်း သိရပါတယ်။ crd
Be the first to comment
Leave a Reply
Your email address will not be published.
*