ရုရှားနဲ့ ယူကရိန်းအကြား ပထမဆုံးအကြိမ် ခေတ္တအပစ်ရပ်စဲရေး သဘောတူ
ယူကရိန်းနိုင်ငံ တောင်ဘက် အခြမ်းမှာရှိတဲ့ မာရီယူပိုလ်မြို့ နဲ့ ဗိုနိုဘာကာ မြို့နှစ်ခုမှာ နှစ်ဘက်ခေတ္တအပစ်အခတ် ရပ်စဲဖို့ နှစ်နိုင်ငံအကြားသဘောတူညီခဲ့ပါတယ်။ ဒါက မြို့ ၂နှစ်အတွင်း ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ဖို့နဲ့ ထွက်ခွာခွင့်ပေးဖို့ အတွက် ရုရှားနဲ့ ယူကရိန်းအကြား ပထမဆုံအကြိမ်အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်ရရှိတာလည်းဖြစ်ပါတယ်။
ဒီသဘောတူညီချက်မတိုင်ခင်ကလည်း အဲဒီမြို့တွေမှာ လူသားချင်းဆိုင်ရာအထောက်အပံ့ အကူအညီပေးနိုင်မယ့် လမ်းကြောင်းတွေပြုလုပ်ပေးမယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် တစ်ချိန်ထဲမှာပဲ အခြားယူကရိန်းရဲ့ နိုင်ငံအနှံ့က အခြားမြို့ကြီးတွေမှာတော့ ဗုံးကျဲတိုက်ခိုက်ခံရတာတွေရှိနေပါတယ်။ အခုလိုအပစ်ရပ်တာကို ယူကရိန်းစံတော်ချိန် မနက် ၁၁နာရီကစတင်မှာဖြစ်ပြီး ၁နာရီအတွင်း မြို့ ၂ခုထဲက ပြည်သူတွေက ထွက်ခွာရမှာလည်း ဖြစ်ပါတယ်။ crd BBC
႐ုရွားနဲ႔ ယူကရိန္းအၾကား ပထမဆုံးအႀကိမ္ ေခတၱအပစ္ရပ္စဲေရး သေဘာတူ
ယူကရိန္းႏိုင္ငံ ေတာင္ဘက္ အျခမ္းမွာရွိတဲ့ မာရီယူပိုလ္ၿမိဳ႕ နဲ႔ ဗိုႏိုဘာကာ ၿမိဳ႕ႏွစ္ခုမွာ ႏွစ္ဘက္ေခတၱအပစ္အခတ္ ရပ္စဲဖို႔ ႏွစ္ႏိုင္ငံအၾကားသေဘာတူညီခဲ့ပါတယ္။ ဒါက ၿမိဳ႕ ၂ႏွစ္အတြင္း ပိတ္မိေနတဲ့ ေဒသခံေတြကို ကယ္ထုတ္ဖို႔နဲ႔ ထြက္ခြာခြင့္ေပးဖို႔ အတြက္ ႐ုရွားနဲ႔ ယူကရိန္းအၾကား ပထမဆုံအႀကိမ္အပစ္အခတ္ရပ္စဲဖို႔ သေဘာတူညီခ်က္ရရွိတာလည္းျဖစ္ပါတယ္။
ဒီသေဘာတူညီခ်က္မတိုင္ခင္ကလည္း အဲဒီၿမိဳ႕ေတြမွာ လူသားခ်င္းဆိုင္ရာအေထာက္အပံ့ အကူအညီေပးႏိုင္မယ့္ လမ္းေၾကာင္းေတြျပဳလုပ္ေပးမယ္လို႔ ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနကထုတ္ျပန္ခဲ့ပါတယ္။
ဒါေပမယ့္ တစ္ခ်ိန္ထဲမွာပဲ အျခားယူကရိန္းရဲ႕ ႏိုင္ငံအႏွံ႔က အျခားၿမိဳ႕ႀကီးေတြမွာေတာ့ ဗုံးက်ဲတိုက္ခိုက္ခံရတာေတြရွိေနပါတယ္။ အခုလိုအပစ္ရပ္တာကို ယူကရိန္းစံေတာ္ခ်ိန္ မနက္ ၁၁နာရီကစတင္မွာျဖစ္ၿပီး ၁နာရီအတြင္း ၿမိဳ႕ ၂ခုထဲက ျပည္သူေတြက ထြက္ခြာရမွာလည္း ျဖစ္ပါတယ္။ crd BBC