Categories
သတင္း

မိုးခေါင်၍ ဖားနှစ်ကောင်ကို ပေးစားတဲ့ မိုပြည်နယ် ရေကြီးခဲ့သဖြင့် ထိုဖားနှစ်ကောင်ကို ပြန်လည်ကွာရှင်းပေးခဲ့ရ

မိုးခေါင်၍ ဖားနှစ်ကောင်ကို ပေးစားတဲ့ မိုပြည်နယ် ရေကြီးခဲ့သဖြင့် ထိုဖားနှစ်ကောင်ကို ပြန်လည်ကွာရှင်းပေးခဲ့ရ

ဖားနှစ်ကောင်ကို ပေးစားကာ မိုးခေါ်ခဲ့သည့် ပြည်နယ် ရေကြီးခဲ့သဖြင့် ထိုဖားနှစ်ကောင်ကို ပြန်လည် ကွာရှင်းပေးခဲ့ရ

မိုးရွာသွန်းစေဖို့ ဆုတောင်းတဲ့ အနေနဲ့ ဖားနှစ်ကောင်ကို မင်္ဂလာပွဲ ကျင်းပ ပေးခဲ့ပီး နှစ်လခန့် အကြာမှာ အိမ်ခြေ (9,000)ခန့် ရေနစ်မြုပ်သွားခဲ့ရလို့ ပြန်ကွာရှင်း ပေးလိုက်ရတယ်ဆိုတဲ့ အဖြစ်ကြီး အိန္ဒိယနိုင်ငံမှာ အမှန်တစ်ကယ် ဖြစ်ပေါ ်ခဲ့ရ ပြန်ပါတယ်… နိုင်ငံတိုင်းမှာတော့ ကိုယ်ယုံကြည်ရာ၊ ကိုးကွယ်ရာ ဓလေ့ ကိုယ်စံကိုယ်စီရှိကြပါတယ်။ ထိုနည်းတူပဲ အိန္ဒိယနိုင်ငံက မိုးခေါင် ရေရှားတဲ့ ဒေသဖြစ်တဲ့ Bhopal မှာ တော့၊ မိုးခေါ်တဲ့ အနေနဲ့ မိုးနတ်မင်းကြီးဆီ ဆုတောင်းပသဖို့ဆိုပီး၊ ဖားစုံတွဲကို မဂ်လာ ဆောင်ပေးရင် မိုးလာစေတဲ့ အယူဓလေ့ကြောင့် ဘုရားကျောင်းတခုမှာ မင်္ဂလာပွဲ ဆင်နွှဲစေခဲ့ပါတယ်။

ထို့နောက် Bhopal ဒေသမှာ မိုးလာစေဖို့ ဖားနှစ်ကောင်ကို လက်ထပ်ပွဲ ကျင်းပပေးခဲ့ပီး နှစ်လအကြာမှာတော့၊ အိန္ဒိယနိုင်ငံမှာ (13)နှစ်တာ ကာလအတွင် ၊း
မရွာစဖူး ရွာလိုက်တဲ့ မိုးသက် လေးပြင်း ကြီးကြောင့် အိမ်ခြေ(9,000) ရေနစ်မြုပ် ပျက်စီးခဲ့ရပီး ရေဘေး ဒု က္ခသည် အများအပြား ဖြစ်ခဲ့ရတယ်လို့ သိရှိရပါတယ်။

ထိုအဖြစ်ကြောင့် Bhopal အစိုးရဟာ၊ အလျင်အမြန်ပဲ ၎င်းတို့ဒေသခံတွေနဲ့အတူ လက်ထပ်ပွဲ ကျင်းပပေးခဲ့တဲ့ ဖားနှစ်ကောင်ကို ကွာရှင်းစေဖို့အတွက် ဘုရားကျောင်းတစ်ခုမှာ ကွာရှင်းပွဲ ချက်ချင်းပဲ ပြုလုပ် စေခဲ့ပါတယ်။ ထိုဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံခဲ့ရတာကြောင့် ထိုဖားနှစ်ကောင်ရဲ့ ဇာတ်လမ်းဟာလဲ၊ အဲ့ဒီညမှာပဲ ဇာတ်သိမ်း သွားခဲ့တယ်လို့ သိရှိရပါတယ်။ crd

Leave a Reply

Your email address will not be published.