Categories
လိင္ပညာေပး သတင္း

အာဏာသိမ်းစစ်ခေါင်းဆောင် ခါးနာဝေဒနာပြင်းထန်နေတယ်လို့ သတင်းထွက်ပေါ်ပြီးနောက်

အာဏာသိမ်းစစ်ခေါင်းဆောင် ခါးနာဝေဒနာပြင်းထန်နေတယ်လို့ သတင်းထွက်ပေါ်ပြီးနောက်

အာဏာသိမ်းစစ်ခေါင်းဆောင် ခါးနာဝေဒနာပြင်းထန်နေတယ်လို့ သတင်းထွက်ပေါ်ပြီးနောက် ပြည်မြို့ခရီးစဉ်ပျက်

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်မြို့ကို လာရောက်မယ့် ခရီးစဉ်ဖျက်သိမ်းလိုက်တယ်လို့ ပြည်မြို့နယ်အခြေစိုက် စစ်တပ်အသိုင်းအဝိုင်းဆီက သိရပါတယ်။ စစ်ခေါင်းဆောင်ဟာ ပြည်မြို့ကို အခုရက်သတ္တပတ်ထဲမှာလာရောက်ဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ သူ့လမ်းကြောင်းပျက်ပြယ်သွားတယ် စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ပြောပါတယ်။

”ပြီးခဲ့တဲ့အပတ်ထဲက ဒီနေ့ကိုလာဖို့ ပြင်ဆင်ခိုင်းထားတာ။ ဒီကနေ့ နေ့လည်လောက်မှာဘဲသူ့ လမ်းကြောင်းပျက်တယ်လို့ သိရတယ်။ သူလာမယ်ဆိုရင်ပျက်တော့ ပျက်ခဲတယ်။ ဘာကြောင့်ပျက်တာလဲတော့ မသိဘူး” လို့ ပြည်မြို့အခြေစိုက်ထောက်ပို့တပ်ရင်းတခုရဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ ခါးနာဝေဒနာကိုခံစားနေရတယ်လို့သိရှိရပြီး၊ ခါးရိုးကင်ဆာဖြစ်နေတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပြီး လတ်တလောမှာ လူမြင်ကွင်းကနေပျောက်ကွယ်နေတာလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ခါးနဲ့ပတ်သက်တဲ့ ဝေဒနာခံစားနေရတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးသလို စစ်ခေါင်းဆောင်ရဲ့ ပြည်မြို့ခရီးစဉ် ဘာကြောင့်ပျက်ပြယ်တယ်ဆိုတာ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းပိုင်းမှာ မကွေးတိုင်းခရီးစဉ်နဲ့ နေပြည်တော်ဗိုလ်ရှုသဘင်ကိုတက်ရောက်ခဲ့ကာ လကုန်ပိုင်းတုန်းကလည်း နေပြည်တော်အတွင်းမှာရှိတဲ့ ဘုရားတဆူ ပန္ဒက်ရိုက်ပွဲကိုလည်းတက်ရောက်ခဲ့ပြီး၊ ပူတာအိုခရီးစဉ်ပြီးရင်၊ ပြည်ခရီးစဉ်ဟာ ဒုတိယမြောက် ဖျက်သိမ်းရတဲ့ ခရီးစဉ်ဖြစ်တယ်လို့ သိရပါတယ်။ Crd

အာဏာသိမ္းစစ္ေခါင္းေဆာင္ ခါးနာေဝဒနာျပင္းထန္ေနတယ္လို႔ သတင္းထြက္ေပၚၿပီးေနာက္

အာဏာသိမ္းစစ္ေခါင္းေဆာင္ ခါးနာေဝဒနာျပင္းထန္ေနတယ္လို႔ သတင္းထြက္ေပၚၿပီးေနာက္ ျပည္ၿမိဳ႕ခရီးစဥ္ပ်က္

စစ္အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ျပည္ၿမိဳ႕ကို လာေရာက္မယ့္ ခရီးစဥ္ဖ်က္သိမ္းလိုက္တယ္လို႔ ျပည္ၿမိဳ႕နယ္အေျခစိုက္ စစ္တပ္အသိုင္းအဝိုင္းဆီက သိရပါတယ္။ စစ္ေခါင္းေဆာင္ဟာ ျပည္ၿမိဳ႕ကို အခုရက္သတၱပတ္ထဲမွာလာေရာက္ဖို႔ ျပင္ဆင္ေနခဲ့တာျဖစ္ၿပီး ဒီကေန႔မွာေတာ့ သူ႔လမ္းေၾကာင္းပ်က္ျပယ္သြားတယ္ စစ္ေကာင္စီတပ္အသိုင္းအဝိုင္းက ေျပာပါတယ္။

”ၿပီးခဲ့တဲ့အပတ္ထဲက ဒီေန႔ကိုလာဖို႔ ျပင္ဆင္ခိုင္းထားတာ။ ဒီကေန႔ ေန႔လည္ေလာက္မွာဘဲသူ႔ လမ္းေၾကာင္းပ်က္တယ္လို႔ သိရတယ္။ သူလာမယ္ဆိုရင္ပ်က္ေတာ့ ပ်က္ခဲတယ္။ ဘာေၾကာင့္ပ်က္တာလဲေတာ့ မသိဘူး” လို႔ ျပည္ၿမိဳ႕အေျခစိုက္ေထာက္ပို႔တပ္ရင္းတခုရဲ႕ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တဦးက ေျပာပါတယ္။
စစ္ေခါင္းေဆာင္ဟာ ခါးနာေဝဒနာကိုခံစားေနရတယ္လို႔သိရွိရၿပီး၊ ခါး႐ိုးကင္ဆာျဖစ္ေနတယ္လို႔ သတင္းမ်ားထြက္ေပၚခဲ့ၿပီး လတ္တေလာမွာ လူျမင္ကြင္းကေနေပ်ာက္ကြယ္ေနတာလည္း ျဖစ္ပါတယ္။

စစ္ေခါင္းေဆာင္ခါးနဲ႔ပတ္သက္တဲ့ ေဝဒနာခံစားေနရတယ္လို႔ သတင္းေတြထြက္ေပၚေနေပမယ့္ သီးျခားအတည္ျပဳႏိုင္တာမ်ိဳးမရွိေသးသလို စစ္ေခါင္းေဆာင္ရဲ႕ ျပည္ၿမိဳ႕ခရီးစဥ္ ဘာေၾကာင့္ပ်က္ျပယ္တယ္ဆိုတာ ဆက္လက္စုံစမ္းေနဆဲျဖစ္ပါတယ္။

စစ္ေခါင္းေဆာင္ဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလဆန္းပိုင္းမွာ မေကြးတိုင္းခရီးစဥ္နဲ႔ ေနျပည္ေတာ္ဗိုလ္ရႈသဘင္ကိုတက္ေရာက္ခဲ့ကာ လကုန္ပိုင္းတုန္းကလည္း ေနျပည္ေတာ္အတြင္းမွာရွိတဲ့ ဘုရားတဆူ ပႏၵက္႐ိုက္ပြဲကိုလည္းတက္ေရာက္ခဲ့ၿပီး၊ ပူတာအိုခရီးစဥ္ၿပီးရင္၊ ျပည္ခရီးစဥ္ဟာ ဒုတိယေျမာက္ ဖ်က္သိမ္းရတဲ့ ခရီးစဥ္ျဖစ္တယ္လို႔ သိရပါတယ္။ Crd

Leave a Reply

Your email address will not be published.