






တချို့လူတွေရဲ့ ချစ်ခြင်းမေတ္တာ သစ္စာတရားက တည်မြဲလွန်းလို့ ကို ကံတရားကြီးကတောင် သဝန်တိုမိသွားတယ်ထင်ပါရဲ့…😥😥

ပရိတ်သတ်ကြီးရေ ချစ်ခြင်း မေတ္တာတရားက တော်တော်ကိုထူးဆန်းတယ် ထင်ပါရဲ့။ ကောင်လေး နဲ့ ကောင်မလေးက အရမ်းချစ်ကြပြီး သစ္စာရှိနေတဲ့ ချစ်သူ စုံတွဲတွေကျတော့ ကံတရားက မနာလိုတယ်။ ကောင်လေးအရမ်းချစ်နေတော့ ကောင်မလေးက ဖောက်ပြန်တယ်. ကောင်မလေးက အရမ်းချစ်နေတော့ ကောင်လေးက ဖောက်ပြန်တယ်။ တစ်ခါ နှစ်ယောက်လုံး ချစ်ကြပြီး သစ္စာရှိနေတော့ ကံတရားက ဖောက်ပြန်တယ်။

အခု ဖော်ပြပေးမှာကတော့ ကောင်မလေးက မှည့် ကင်ဆာ ဝေဒနာကို ခံစားနေရတာပါ။ ကောင်လေးက ကောင်မလေးကို မငြိုငြင်ဘဲ အနားမှာ အမြဲနေပြီး ပြုစုပေးနေရှာတယ်။ အလှူခံငွေတွေလည်း ကောင်မလေးရောဂါ အတွက် လှည့်ပြီး အလှူခံပေးရှာတယ်။ ဒါကို တစ်ချို့က ဝေဖန်ပြစ်တင်ကြတယ်။

ကောင်လေးက ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ ကောင်မလေး နားမှာ အမြဲတမ်း အတူတူ ရှိနေပေးတာ။ ကောင်လေးရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။ နောက်ဆုံးထွက်သက်ထိ အတူတူရှိနေပေးတာ။ အဲ့လိုအချစ်မျိုးကျတော့ ကံတရားက မရ ရအောင်ခွဲလိုက်တယ်လေ။

ကောင်လေးက သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ အခုလိုပဲ တင်ပေးလာပါတယ်။”သူဆုံးသွားပြီ နှစ် နှစ်နဲ့ မထားခဲ့ဘူးဆို .😥😥”စာသားလေးတေက နည်းပေမယ့် ရင်ထဲမှာ နင့်နေအောင် ခံစားနေရတာပါ။

နောင်ဘဝ ဆိုတာများရှိခဲ့ရင် အကိုရော အမရော အခုလို အဖြစ်မျိုး မကြုံရအောင် ဆုတောင်းပေးလိုက်ပါတယ်။ အမလည်း ကောင်းရာ ဘုံဘဝရောက်ပါစေ 💜
နောက်ဆုံးအချိန်ထိနွေးနွေးထွေးထွေးရှိပေးခဲ့တဲ့ အကိုကိုလည်း လေးစားပါတယ်💜

Leave a Reply

Your email address will not be published.