Categories
သတင်း

ရန်ကုန်က နာမည်ကြီးရွှေဆိုင်နဲ့ ကျန်တဲ့ရွှေဆိုင်အကုန်လုံး တကယ်နားကားပြီ

ရန်ကုန်က နာမည်ကြီးရွှေဆိုင်နဲ့ ကျန်တဲ့ရွှေဆိုင်အကုန်လုံး တကယ်နားကားပြီ

ရန်ကုန်က နာမည်ကြီးရွှေဆိုင်နဲ့ ကျန်တဲ့ရွှေဆိုင်အကုန်လုံး တကယ်နားကားပြီရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များတွင် တစ်နေ့ရောင်းရသည့်ပမာဏကို စတင်စာရင်း ကောက်ယူလျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ရွှေဆိုင်များ၏ တစ်နေ့ရောင်းရသည့် ရွှေစာရင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီကို ပေးပို့ရခြင်းဖြစ်ကြောင်း၊ရွှေ အသင်းတွင် လာရောက်ရောင်းချဝယ်ယူသည့် စာရင်းကိုလည်း ပေးပို့ရလျက်ရှိကြောင်း ဦးမျိုး မြင့်က ဆက်လက်ပြောကြားသည်။

“အခုကောက်တဲ့ဆိုင်တွေကိုလည်း ကောက်နေပြီ။ ရောင်းရတဲ့ဆိုင်တွေကလည်း စည်ပင်ကို စာရင်းပို့ရတယ်။ ကျွန်တော်တို့ ရွှေအသင်းမှာလည်း ရောင်းရတဲ့ဟာကို ပို့ပေး ရတယ်။

နေ့စဉ်ရီပို့ ပုံစံမျိုးပဲပေါ့။ ဘယ်လောက် ရောင်းတယ်၊ ဘယ်လောက်ဝယ်တယ်။ ပြည်ပကိုပို့ရင်လည်း ဘယ်လောက်ပို့တယ်ပေါ့” ဟု ဦးမျိုးမြင့်က ပြောကြားသည်။ ရန်ကုန်တိုင်းရွှေဈေးကွက်အတွင်း လည်ပတ်နေသည့် ရွှေအလေးချိန်များကို ကောက် ယူနေခြင်းဖြစ်ပြီး ပြည့်စုံပါကနိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ကိုင်သွားမည့်အခြေအနေရှိ ကြောင်း ဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌအပါအဝင်၊ အထူးစုံစမ်းစစ်ဆေးရေးဦး စီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများတွေ့ဆုံရာတွင်

ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ရွှေဈေးနှုန်းတည်ငြိမ်ရေးနှင့် ဈေး ကစားသူများကိုထိန်းကျောင်း အရေးယူရန် ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်သည့် စာရင်းများကောက်ယူမည် ဖြစ်ကြောင်း ပြောကြားထားသည်။

လက်ရှိဈေးကွက်အတွင်း ပြည်ပသို့ရွှေတင်ပို့မှုများရှိသော်လည်း တိကျသည့်အချက် အလက်မရှိသေးကြောင်း ဦးမျိုးမြင့်က ပြောကြားသည်။ “ ထိုင်းကိုပို့တယ်။ အိန္ဒိယပို့တယ်ဆိုရင် လည်း Information ပေါ့။ တို့ဆီမှာ ပို့တယ် ဆိုတာပဲရှိတယ်။ ဒေတာအသေးစိတ် မသိဘူး။

အဲဒါတွေလိုချင်တာပေါ့။ အဲဒါတွေ ဆွေးနွေး တာပါပဲ” ဟု ဦးမျိုးမြင့်က ပြောကြားသည်။ ရွှေဈေးကွက်အတက်အကျ ထိန်းနိုင်ရန် အပြင် ကမ္ဘာ့ဈေးတက်သည်ကို အကြောင်းပြု ပြီး ပြည်တွင်းရွှေဈေးနှုန်းမကျရန် လုပ်ဆောင် နေသည်များကိုလည်း အရေးယူမည်ဟု ဗဟို ဘဏ်ဒုဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း ဦးမျိုး မြင့်က ပြော၊crd

Leave a Reply

Your email address will not be published.