ဒီေန႔ပဲ ရဲေတြကို စစ္တိုက္ခိုင္းမယ့္ ဥပေဒ ထုတ္လိုက္ၿပီ

ဒီေန႔ပဲ ရဲေတြကို စစ္တိုက္ခိုင္းမယ့္ ဥပေဒ ထုတ္လိုက္ၿပီ

မင္းေအာင္လႈိင္က ဒီေန႔ပဲ ရဲေတြကို စစ္တိုက္ခိုင္းမယ့္ ဥပေဒ ထုတ္လိုက္ၿပီ။ လပ္တီးက အထြက္ပဲရွိေတာ့တယ္။ အဝင္မရွိေတာ့ဘူး။ ဥာဏ္ေကာင္းသူေတြ အရွင္ထြက္ၿပီး ဥာဏ္နည္းသူေတြ အေသထြက္တယ္။ DSAေတာင္ ေလွ်ာက္လႊာတင္မယ့္သူ မရွိဘူး။

ဘယ္ေလာက္ တပ္ပ်က္လဲဆိုေတာ့ ၿပီးခဲ့တဲ့ ႏွစ္ပတ္ေလာက္က ကယားက ကိုယ္ေထာက္ပို႔ေနက်အဖြဲ႕က စစ္ေခြးအရွင္မိတယ္။ စစ္ေဆးတဲ့အခါ အဲ့ဘဲက စစ္သားမဟုတ္ဘူး။ စစ္ေၾကာင္းမွာ လူမရွိလို႔ ညေနျပန္ရမယ္ဆိုၿပီး ေခၚခ်လာတဲ့ ဗိုလ္ႀကီးညီတဲ့။ ဗီဒီယိုဖိုင္ထဲမွာ ငိုလိုက္တာဆိုတာ။

ေရွ႕တန္းဆိုၿပီး ေျခက်င္လႊတ္လိုက္ရင္ လမ္းမွာတင္ ေဝေဝဆာဆာ ပေဒသာနဲ႔ တစ္စိတ္ကုန္တယ္။ ေနာက္တစ္စိတ္က တိုက္ရင္းမာလကတယ္။ တစ္ဝက္ေလာက္က ထြက္ေျပးရသလိုနဲ႔ တပ္ကပါ ေျပးတယ္။

အခု ရဲေတြကို စစ္တိုက္ခိုင္းေတာ့မယ္။ က်ည္အစစ္ေတာင္ ေတာ္႐ုံေပးမကိုင္ခဲ့တဲ့ ရဲေတြကို အခုမွ ေရွ႕တန္းထိုးထည့္ေနတယ္။ ၾကည့္ေန…. ဒြမ္ၾကဦးမွာ အတုံးအ႐ုန္း။
ရဲေတြၿပီးရင္ မီးသတ္ပဲ။ ျပည္ထဲေရးေအာက္က ဘဲေတြကုန္ရင္ Nonေတြပါ ထည့္လိမ့္မယ္။

ေနျပည္ေတာ္တစ္ေနရာတည္းက်န္ရင္ေတာင္ အာဏာ႐ူးရပ္မွာမဟုတ္တဲ့ေကာင္ေတြ။ အကုန္တြဲေခၚသြားမွာ။ ႀကိဳျပင္ထားၾက Non တို႔ေရ
ပန္ဆယ္လို

ဒီနေ့ပဲ ရဲတွေကို စစ်တိုက်ခိုင်းမယ့် ဥပဒေ ထုတ်လိုက်ပြီ။

မင်းအောင်လှိုင်က ဒီနေ့ပဲ ရဲတွေကို စစ်တိုက်ခိုင်းမယ့် ဥပဒေ ထုတ်လိုက်ပြီ။ လပ်တီးက အထွက်ပဲရှိတော့တယ်။ အဝင်မရှိတော့ဘူး။ ဉာဏ်ကောင်းသူတွေ အရှင်ထွက်ပြီး ဉာဏ်နည်းသူတွေ အသေထွက်တယ်။ DSAတောင် လျှောက်လွှာတင်မယ့်သူ မရှိဘူး။

ဘယ်လောက် တပ်ပျက်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကယားက ကိုယ်ထောက်ပို့နေကျအဖွဲ့က စစ်ခွေးအရှင်မိတယ်။ စစ်ဆေးတဲ့အခါ အဲ့ဘဲက စစ်သားမဟုတ်ဘူး။ စစ်ကြောင်းမှာ လူမရှိလို့ ညနေပြန်ရမယ်ဆိုပြီး ခေါ်ချလာတဲ့ ဗိုလ်ကြီးညီတဲ့။ ဗီဒီယိုဖိုင်ထဲမှာ ငိုလိုက်တာဆိုတာ။

ရှေ့တန်းဆိုပြီး ခြေကျင်လွှတ်လိုက်ရင် လမ်းမှာတင် ဝေဝေဆာဆာ ပဒေသာနဲ့ တစ်စိတ်ကုန်တယ်။ နောက်တစ်စိတ်က တိုက်ရင်းမာလကတယ်။ တစ်ဝက်လောက်က ထွက်ပြေးရသလိုနဲ့ တပ်ကပါ ပြေးတယ်။

အခု ရဲတွေကို စစ်တိုက်ခိုင်းတော့မယ်။ ကျည်အစစ်တောင် တော်ရုံပေးမကိုင်ခဲ့တဲ့ ရဲတွေကို အခုမှ ရှေ့တန်းထိုးထည့်နေတယ်။ ကြည့်နေ…. ဒွမ်ကြဦးမှာ အတုံးအရုန်း။
ရဲတွေပြီးရင် မီးသတ်ပဲ။ ပြည်ထဲရေးအောက်က ဘဲတွေကုန်ရင် Nonတွေပါ ထည့်လိမ့်မယ်။

နေပြည်တော်တစ်နေရာတည်းကျန်ရင်တောင် အာဏာရူးရပ်မှာမဟုတ်တဲ့ကောင်တွေ။ အကုန်တွဲခေါ်သွားမှာ။ ကြိုပြင်ထားကြ Non တို့ရေ
ပန်ဆယ်လို

Leave a Reply

Your email address will not be published.