စစ္ေကာင္စီက ေနျပည္ေတာ္ ၿမိဳ႕နယ္အားလုံးကို လူ ၅ ဦးထက္ပိုမစုဖို႔ ပုဒ္မ ၁၄၄ ထုတ္ျပန္

စစ္ေကာင္စီက ေနျပည္ေတာ္ ၿမိဳ႕နယ္အားလုံးကို လူ ၅ ဦးထက္ပိုမစုဖို႔ ပုဒ္မ ၁၄၄ ထုတ္ျပန္

စစ္ေကာင္စီ႐ုံးစိုက္ရာေနျပည္ေတာ္ေကာင္စီနယ္ေျမ ရွိ ၿမိဳ႕နယ္အားလုံးကို လူ ၅ ဦးနဲ႔ ၅ ဦးထက္ပိုမစုရန္ စစ္ေကာင္စီက ပုဒ္မ ၁၄၄ ကို မတ္လ ၂၁ ရက္စြဲျဖင့္ ၿမိဳ႕နယ္အလိုက္ ထုတ္ျပန္ေၾကျငာလိုက္သည္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမၿမိဳ႕နယ္မ်ားျဖစ္သည့္ သီရိ ၅ ၿမိဳ႕နယ္ႏွင့္ ပ်ဥ္းမနား၊လယ္ေဝး၊တပ္ကုန္း ၿမိဳ႕မ်ားတြင္ စုေဝးျခင္း၊ေဟာေျပာျခင္း၊ စီတန္းလွည့္လည္ျခင္း၊ လႈံ႕ ေဆာ္ျခင္း၊ ဖ်က္ဆီးျခင္း၊ ႐ုန္း ရင္းဆန္ခတ္ျပဳမႈျခင္းမ်ားကို မျပဳလုပ္ရဟု တားျမစ္ေဖာ္ျပထားသည္။ ” ပုဒ္မ ၁၄၄ ထုတ္တယ္ဆိုတာ လိုက္ေအာ္ေနတယ္။ လူ ၅ ဦးထက္ပိုမစုဖို႔တဲ့ အမိန႔္ေတြကေတာ့အမ်ိဳးမ်ိဳးထုတ္ေနတာဘဲ” ဟု ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕ခံတဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

လက္ရွိတြင္ စစ္ေကာင္စီအေနျဖင့္ ၄င္းတို႔၏တပ္မေတာ္စစ္ေရးျပကိုက်င္းပရန္မွာ ရက္ပိုင္းသာလို ေတာ့ၿပီး ေန ျပည္ေတာ္အတြင္းတြင္လည္း လုံၿခဳံေရးမ်ား အမ်ားအ ျပားတိုးျမႇင့္ခ်ထားေၾကာင္း သိရသည္။ crd

စစ်ကောင်စီက နေပြည်တော် မြို့နယ်အားလုံးကို လူ ၅ ဦးထက်ပိုမစုဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ ရှိ မြို့နယ်အားလုံးကို လူ ၅ ဦးနဲ့ ၅ ဦးထက်ပိုမစုရန် စစ်ကောင်စီက ပုဒ်မ ၁၄၄ ကို မတ်လ ၂၁ ရက်စွဲဖြင့် မြို့နယ်အလိုက် ထုတ်ပြန်ကြေငြာလိုက်သည်။

နေပြည်တော်ကောင်စီနယ်မြေမြို့နယ်များဖြစ်သည့် သီရိ ၅ မြို့နယ်နှင့် ပျဉ်းမနား၊လယ်ဝေး၊တပ်ကုန်း မြို့များတွင် စုဝေးခြင်း၊ဟောပြောခြင်း၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ ဆော်ခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်း ရင်းဆန်ခတ်ပြုမှုခြင်းများကို မပြုလုပ်ရဟု တားမြစ်ဖော်ပြထားသည်။ ” ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာ လိုက်အော်နေတယ်။ လူ ၅ ဦးထက်ပိုမစုဖို့တဲ့ အမိန့်တွေကတော့အမျိုးမျိုးထုတ်နေတာဘဲ” ဟု နေပြည်တော် ဇမ္ဗူသီရိမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ၄င်းတို့၏တပ်မတော်စစ်ရေးပြကိုကျင်းပရန်မှာ ရက်ပိုင်းသာလို တော့ပြီး နေ ပြည်တော်အတွင်းတွင်လည်း လုံခြုံရေးများ အများအ ပြားတိုးမြှင့်ချထားကြောင်း သိရသည်။ crd

Leave a Reply

Your email address will not be published.