အိမ်မှာနေရင်း ကံဆိုးစွာ စကစ ထီထပေါက်နေတယ်ဆိုလိုက်တဲ့ မခိုင်လေး
စစ်တပ်ဂုဏ်ပြုသီချင်းနဲ့ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တွေအပါအဝင် တခြားသော အနုပညာနယ်ပယ်က အနုပညာရှင် ၄၈ ယောက်ကို စစ်ကောင်စီက လူမှုထူးချွန်ဆုတွေ အသီးသီးပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာမှာ ထုတ်ပြန်ဖော်ပြထားပါတယ်
လူမှုထူးချွန်ဆု ပထမအဆင့်အနေနဲ့ ရရှိတဲ့ အဆိုတော်များမှာ ဒေါ်နွဲ့ရည်ဝင်း၊ ဇော်မျိုးထွဋ်၊ ဦးခင်မောင်ကြီး၊ ဝါးခယ်မရဲအောင်၊ ဒေါ်ရီရီသန့်၊ ဦးတင်ဦးလေးတို့ကို လည်ကောင်း၊
ဓာတ်ပုံဆရာတွေကတော့ ဦးသန်းညွန့်(ပန်းသာ)၊ ဦးကိုကိုဌေး(ထိပ်တန်း)၊ ဦးချစ်မင်းသူ၊ ဦးကျောက်ဖြူ (ပဒေသာ)၊ ဦးစံအေး၊ ဦးစန်းမောင်နဲ့ ရုပ်ရှင်အနုပညာရှင်တွေကတော့ ထွန်းအန္ဒြဗိုလ်၊ လွင်မိုး၊
နေအောင်၊ ဒေါ်ခင်သီတာထွန်း၊ ဒေါ်ခင်သန်းနု၊ ဒေါ်ဝါဝါဝင်းရွှေ၊ ဦးကျောက်လုံး၊ ဦးထွန်းဝေ၊ ရန်အောင်၊ ကျော်ဟိန်း၊နေတိုး၊ မို့မို့မြင့်အောင်၊ ဒေါ်ချိုပြုံး တို့ကိုလည်းကောင်း အတတ်ပညာရှင်တွေမှာတော့ ဦးဇော်မင်း(ဟံသာမြေ)၊ ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်)၊ ဦးငြိမ်းမင်းတို့ကို လူမှုထူးချွန်ဆု ပထမအဆင့် ပေးအပ်ခဲ့ပါတယ်
ဒုတိယအဆင့်အနေနဲ့ ဒါရိုက်တာမောင်ဝဏ္ဏ၊ သ ရုပ် ဆောင် ဒေါ်မြင့်မြင့်ခိုင်၊ ရဲအောင်၊ ဇော်လင်း၊ ကျော်ရဲအောင်၊ မြတ်ကေသီအောင်၊ မေသဉ္ဇာဦး၊ ခိုင်သင်းကြည်၊ ဆိုင်း စိန်မွတ်တား၊ စန္ဒယားတင်ဝင်းလှိုင်၊ အတတ် ပညာရှင် ဦးကြည်မင်းသိန်းတို့ကိုအသီးသီး ပေးအပ်ခဲ့ပါတယ်
တတိယအဆင့်အနေနဲ့ ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)၊ သရုပ်ဆောင် ခန့်စည်သူ၊ ဖိုးသော ကြာ၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ယဉ်လတ်နဲ့ အဆိုတော်ယုန်လေးတို့ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်
လူမှုထူးချွန်ဆု ဒုတိယအဆင့်ချီးမြှင့်ခံရတဲ့ မခိုင်လေးကတော့ သူမမှာ ကိုယ့်အိမ်မှာကို နေရင်းထိုင်ရင်း ကံဆိုးစွာ စကစထီ ထပေါက်ကြောင်း လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်
ဒီပို့ကို တွေ့တော့ ဟန်ငြိမ်းဦးအပါအဝင် အဘထောက်ခံသူများက သေချာမစိစစ်ဘဲပေးပါတယ်ဆိုပြီး မကြေနပ်ကြပြန်ပါဘူး၊ မြတ်ကေသီအောင်ကတော့ ပို့တင်ပြီး သိပ်မကြာခင် ပြန်ပြီးဖျက်သွားပါတယ်/crd