






ခုလိုချိန် ဖုန်းဘေလ်တွေဈေးကြီးနေတဲ့အခါမျိုးမှာ ခဲခြစ်လွန်တဲ့ ဖုန်းငွေဖြည့်ကဒ်တွေ အလကားလွင့်မပစ်ရစေဖို့ ပြန်လည်မျှဝေပေးခြင်းဖြင့်ကူညီပေးလိုက်ကြပါအုံးနော်။
Credit

ခဲခြစ်လွန်ပြီး နံပါတ်ပျက်သွားလို့ လွင့်ပစ်နေကြတဲ့ ငွေဖြည့်ကဒ်တွေအတွက် ပြန်သုံးလို့ရတဲ့ နည်းလမ်း

တခါတရံမှာ အလောတကြီးနဲ့ ဖုန်းငွေဖြည့် ကဒ်များ ခဲခြစ်လွန်သွားပြီး ပင်နံပါတ်များပျက်စီးသွားပြီး ငွေဖြည့်မရပဲ လွင့်ပစ်ရတဲ့အထိကြုံဖူးကြမယ်ထင်ပါတယ်။

ယခုပြောပြမယ့် နည်းလမ်းလေးသိပြီးသွားရင်တော့ ခဲခြစ်လွန်ပြီး နံပါတ်ပျက်သွားတဲ့ ငွေဖြည့်ကဒ်တွေလွင့်ပစ်စရာမလိုပဲ ငွေပြန်ဖြည့်လို့ ရသွားပါမယ်နော်။
ပြုလုပ်နည်းလေးက အရမ်းလွယ်ကူပြီးရိုးရှင်းတဲ့အတွက် လွင့်မပစ်ပဲ စမ်းသပ်ကြည့်နိုင်ပါတယ်နော်။

နည်းလမ်းလေးကတော့ ငွေဖြည့်ကဒ်တိုင်းရဲ့ ဘေးဘားကုတ်အောက်တွင် နံပါတ်များတွေ့ရပါတယ်။ ပုံတွင်ပြထားသည့် အတိုင်း ဘားကုတ်ရဲ့ အောက်မှာရှိတဲ့ နံပါတ်ကိုဖတ်ပြပြီး၊

သက်ဆိုင်ရာ Call Center များသို့ ဆက်သွယ်၍ပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။ သက်ဆိုင်ရာ Call Center ၃ ခုရဲ့ Call Center ph နံပါတ်တွေကတော့
MPT 106၊ Telenor 979၊ OOredoo 234 တို့ဖြစ်ပါတယ်။

အဆိုပါ သက်ဆိုင်ရာ Call Center နံပါတ်တွေကို ဖုန်းခေါ်ဆိုပြီး ခဲခြစ်လွန်သွားလို့ ပျက်စီးသွားတဲ့ ငွေဖြည့်ကဒ်ဘားကုတ်အောက်မှ နံပါတ်တွေကို ဖတ်ပြပြီး ဖုန်းငွေဖြည့်နိုင်မှာဖြစ်ပါတယ်။

ခုလိုချိန် ဖုန်းဘေလ်တွေစျေးကြီးနေတဲ့အခါမျိုးမှာ ခဲခြစ်လွန်တဲ့ ဖုန်းငွေဖြည့်ကဒ်တွေ အလကားလွင့်မပစ်ရစေဖို့ ပြန်လည်မျှဝေပေးခြင်းဖြင့်ကူညီပေးလိုက်ကြပါအုံးနော်။
Credit

Leave a Reply

Your email address will not be published.