Categories
ဘာသာရေး

ဖုန်းနံပါတ်အပြဲလေးကိုင်ပြီး အမေဆီ ဖုန်းဆက်ချင်လို့ပါဆိုတဲ့ ကိုရင်လေး…

ဖုန်းနံပါတ်အပြဲလေးကိုင်ပြီး အမေဆီ ဖုန်းဆက်ချင်လို့ပါဆိုတဲ့ ကိုရင်လေး…

” ဦးဇင်း ဖုန်းဆက်လို့ရလား ” ” ဟေ ရတာပေါ့ဘုရား ကိုရင်က ဘယ်သူဆီများဆက်မလို့လဲ” အေမ့ဆီကိုပါ ” ” ဖုန်းနံပါတ်ကော ပါရဲ့လား ”

” ပါပါတယ်ဘုရား ”လက်ထဲကြည့်လိုက်တော့ နှစ်ပိုင်းပြတ်နေတဲ့ကတ္ထူစာရွက်လေး။” ဟာ ကိုရင် ဘယ်လိုများ နှစ်ပိုင်းပြတ်နေရတာတုန်း”

ပျောက်မှာစိုးလို့ သင်းပိုင်ထဲလိတ်ထားတာပြဲသွားတာဘုရား ”သြော် ကိုရင်ရယ် အမေ့ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေးကို ပျောက်မှာစိုးသတဲ့…

” ဒါဆို ကိုရင်က တစ်လုံးချင်းပြော ဦးဇင်းကနိုပ်ပြီး ဆက်ပေးမယ် ”

” မှန်ပါ့ 09………”.သူပြောသလို နိုပ်ပြီး ခေါ်လိုက်တာ ဖုန်းစင်တာကတပ်စင်ထားခြင်း မရှိကြောင်း တုန့်ပြန်ပြောပါတယ်…” ဟ ကိုရင် တပ်ဆင်မထားဘူးတဲ့ နောက်တစ်လုံးရှိသေးလား ” ” ရှိသေးတယ်ဘုရား 09……”သူပြောသလို နိုပ်သည် အရင်အတိုင်းပင် မရတပ်ဆင်ထားခြင်း မရှိပြန်ပါတဲ့။ကိုရင် မရဘူးတဲ့ ”ကိုရင် ငိုမဲ့မဲ့ ဖြစ်သွားပါတယ်၊

” မှန်း သေချာကြည့်ရအောင် ဖုန်းနံပါတ်များမှားနေသလားလို့ ”နှစ်ပိုင်းပြတ်နေတဲ့ စာရွက်လေးကို သေချာဆက်ပြီးကြည့်မှ ကိုယ့်နဖူးကိုယ် ရိုက်မိပါတယ်

”သြော်.. ကိုရင်ရယ် အင်္ဂလိပ်ဂဏန်း 2 ကို မြန်မာဂဏန်း ၇ မှတ်ပြီး 2 နေရာကို ၇ လို့ပြောတာကို လွဲပြီပေါ့ဘုရား ”” ဟာ ဟုတ်လားဘုရား ၇ မှတ်နေတာ ”” ထားလိုက်ပါ တပည့်တော်ပဲ မှားတာကိုရင်ကို ယုံမိတာကို ဟဲ ဟဲ၊ခုတစ်ခါ အမေ့ဆီ ဖုန်းဆက်လို့ရမှာပါ

”ကိုရင်ပျော်သွားပါတယ်၊ မိမိလည်း ဂဏန်းအမှန်တိုင်းဆက်လိုက်ပါတယ်။ ဖုန်းဝင်သွားပါပြီ၊

” ဟလို ဘယ်သူလဲ…”တစ်ဖက်က အမျိုးသမီး အသံပင်။” ကိုရင့်အမေ ထင်တယ် ”ကိုရင်ဆီ ဖုန်းကမ်းပြီး ပြောစေလိုက်ပါတယ်။ ကိုရင်လည်း ဝမ်းသာလုံးစို့သွားလားပဲ၊အသံကျယ်ကျယ်နဲ့ အားရပါးရ ပြောလိုက်တာက။အမေ သတိရလိုက်တာ..” တဲ့။

သားအမိနှစ်ဦး စကားပြောဆိုနေတာ နားထောင်ရင်းသူတို့ဘဝလေးတွေကို ကရုဏာသက်မိ၏၊။ မိဘရင်ခွင်ထဲ ရှိနေရဦးမယ် အရွယ်လေးတွေကအခုတော့ မိသားစုနဲ့ဝေးရာမှာ အဖေနဲ့ ဝေးရာမှာအမေနဲ့ ဝေးရာမှာ။အားလုံး အားလုံးရဲ့ ဝေးရာမှာ။

သာသနာအတွက် ဒီသာသနာအတွက် ဆိုတာနဲ့ဘဝမှာ မျက်ရည်တွေ ဘယ်လောက် ပင်လယ်ဝေခဲ့ပြီလဲ…? မိသားစုတွေ ဘယ်နှစ်စုများ မျက်ရည်ကြော မျှောခဲ့ကြပြီလဲ…?
မိမိမပြောတတ် အများကြီးတော့အများကြီး မျှောဖြစ်နေဦးမှာပါ….ဘယ်ထိလဲ…?သာသနာကိုချစ်သူတွေ မကုန်သ၍ထိလို့ ဖြေရမှာပင်…။crd

Leave a Reply

Your email address will not be published.