Categories
မိုးလေဝသ




















နောက်၂၄နာရီအတွင်း ရှယ်ဝုန်းတော့မယ့်မိုးတွေကို ခန့်မှန်းပေးလာတဲ့ မိုးနတ်သမီးလေး စုစုစံ

ဧရာဝတီမြစ်ရေ သတိ ၂၀၂၂ ဧပြီလ ၄ရက်နေ့ ၅ရက်နေ့များတွင် ကချင်ပြည်နယ်အထက်ပိုင်း ပူတာအိုခရိုင် ဖုန်ကန်ရာဇီ ခါခါဘိုရာဇီ တောင်တန်းကြီးများပေါ်တွင် ထူးကဲမိုးတွေရွာမှာဖြစ်ပါသဖြင့် ဧရာဝတီမြစ်အထက်ပိုင်းတွင် မြစ်ရေများစွာတိုးလာနိုင်ပါတယ် ခန့်မှန်းချိန် 02/04/2022

02/04/2022 at 3:00PM အချိန်မှ ၂၄နာရီအတွင်း ရမ်းဗြဲကျွန်း မာန်အောင်ကျွန်း ကျောက်ဖြူ မအီ မြေပုံ မိုးကြီးနိုင်ပါတယ် ခန့်မှန်းချိန် 02/04/2022

ဖျာပုံခရိုင် မအူပင်ခရိုင် မိုးတွေရွာမယ်နော်, ဘိုကလေး မော်ကျွန်း လျှပ်စီးမိုးကြိုး လေမိုး, သံဖြူဇရပ် ကျိုက်ခမီ မုဒုံ လေမိုးလျှပ်စီးမိုးကြိုး 02/04/2022

ပြင်ဦးလွင် အနီးစခန်း အုန်းချော ပုသိမ်ကြီး အုန်းချော ကြာနီကန် မတ္တရာ မန္တလေး လေမိုးမိုးကြိုးလျှပ်စီး 02/04/2022

၂၀၂၂ ဧပြီလ ၃ရက်နေ့မှ ၁ရက်နေ့အတွင်း ကချင်ပြည်နယ်အထက်ပိုင်းပူတာအိုခရိုင်ကြီးမှာ ထူးကဲမိုးတွေရွာကာ ရာသီဥတုဆိုးရွားနိုင်ပါတယ် ဖုန်ကန်ရာဇီ ဂန်လန်ရာဇီ

ခါခါဘိုရာဇီတောင်တန်းများပေါ်မှာ မိုးကြီးမှာဖြစ်လို့ ယခုတစ်ပတ်အတွင်း ဧရာဝတီမြစ်ရေများစွာတိုးလာနိုင်ပါတယ် ဧရာဝတီမြစ်ကြောင်းအတွင်း ရေကျကျွန်းပေါ် ကျွန်းစိုက်တောင်သူများကိုလည်း ရက်ဝေးကြိုတင်သတိပေးထားပြီးဖြစ်ပါတယ်

05/04/2022 ရက်နေ့တွင် ထိုင်းပင်လယ်ကွေ့အတွင်းမှ Low pressure cell တွေသည် ထိုင်းတောင်ပိုင်းကို ဖြတ်ကျော်၍ 06/04/2022 ရက်နေ့တွင် မြန်မာပင်လယ်ပြင်ကို ရောက်ရှိလာမည် ဖြစ်ပါတယ် အဆိုပါရက်တွေမှာ ထိုင်းတောင်ပိုင်းနှင့် တနင်္သာရီတိုင်း ကော့သောင်းခရိုင်မှာ မိုးကြီးနိုင်ပါတယ် ခန့်မှန်းချိန် 02/04/2022 at 8:56AM

02/04/2022 at 8:26AM MMT ကချင်ပြည်နယ်မိုးက ဧရာဝတီမြစ်ရေ အနည်းငယ်တိုးလာနိုင်ပါတယ် ဧရာဝတီမြစ်အတွင်း မြေနုကျွန်းစိုက်တောင်သူတွေသတိထားကြဖို့ပါနော် ခန့်မှန်းချိန် 02/04/2022 at 8:28AM

ဧပြီမိုး ⛈⛈⛈၂၀၂၂ ဧပြီလ ၈ရက်နေ့ ၉ရက်နေ့တွေမှာ ဧရာဝတီတိုင်း ရန်ကုန်တိုင်းပဲခူးတိုင်း မကွေးတိုင်း ရခိုင်ပြည်နယ် နေပြည်တော် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် မန္တလေးတိုင်းတွေမှာ မိုးရွာနိုင်ပြန်ပါတယ် ခန့်မှန်းချိန် 02/04/2022

02/04/2022 at 7:30AM အချိန်မှ နောက်၂၄ နာရီအတွင်းဧရာဝတီတိုင်း ရန်ကုန်တိုင်း ဒေသတွေမှာ အပူလျော့မိုးလေးတွေ အနည်းငယ်ရွာနိုင်ပါတယ် ခန့်မှန်းချိန် 02/04/2022

02/04/2022at 6:30AM အချိန်မှ နောက်၄၈နာရီအတွင်း မကွေးတိုင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသတွေမှာ မိုးရွာနိုင်ပြီး မတူပီ မင်းတပ် ထီးလင်း ပုံတောင်ပုညာ ကျောမြို့ မိုးကြီးနိုင်ပါတယ် ခန့်မှန်းချိန် 02/04/2022

03/04/2022 ရက်နေ့မှာ မကွေးတိုင်းကြီးမှာမိုးတွေရွာမယ်လေ ရက်အဝေးကြီးကထဲက ခန့်မှန်းပေးထားတယ်နော် မိုးကြောင့်ပျက်စီးမှုမရှိအောင် ကြိုတင်ပြင်ဆင်စီမံခန့်ခွဲလုပ်ဆောင်ပြီးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်

ဒါမှလည်း မင်းဂွတ်သီးလေး ကြိုးစားရကျိုး အပင်ပန်းခံရကြိုးနပ် ပါလိမ့်မယ်နော် ရက်ဝေးခန့်မှန်းပေးသလို ရက်နီးလည်းခန့်မှန်းပေးနေပါတယ် ခန့်မှန်းချိန် 02/04/2022

03/04/2022 ရက်နေ့ နောင်တရား ကလော အောင်ပန်း ဟဲဟိုး ညောင်ရွှေ အင်းလေး တောင်ကြီး ရွှေညောင် ရပ်စောက် ဗထူး ကျိုင်းခမ်း ပင်းတယ မိုးတွေရွာနိုင်ပါတယ်

မိုးနည်းရပ်ဝန်းကြီးမှာ သဖီမိုးတွေရွာမယ် ⛈⛈⛈ ၂၀၂၂ ဧပြီလ ၃ရက်နေ့ ၄ရက်နေ့တွေမှာ မကွေးခရိုင် မင်းဘူးခရိုင် ပခုက္ကူခရိုင် ညောင်ဦးခရိုင် မြင်းခြံခရိုင် မိတ္ထီလာခရိုင် ကျောက်ဆည်ခရိုင် စစ်ကိုင်းခရိုင် မုံရွာခရိုင် ကလေး ခရိုင်တွေမှာ မိုးတွေရွာနိုင်ပါတယ်

မိုးကြီးရေလျှံသတိပြု ⛈⛈⛈ 01/04/2022 နေ့ည 02/04/2022 ရက်နေ့မနက် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးများစွာ ရွာသွန်းနိုင်ပြီး လွိုင်လင်ခရိုင် လောက်ကိုင်ခရိုင် မူဆယ်ခရိုင် လားရှိုးခရိုင်ဒေသတွေမှာ မိုးကြီး ရေလျှံနိုင်ပါတယ်

01/04/2022ရက်နေ့ည 02/04/2022 ရက်နေ့မနက် တာချီလိတ်ခရိုင် မိုးကြီးနိုင်ပါတယ်၊ 01/04/2022 at 1:00PM အချိန်မှ 02/04/2022 12:00PM. အချိန်အတွင်း ပူတာအိုခရိုင် မူဆယ်ခရိုင် လောက်ကိုင်ခရိုင်ဒေသတွေနှင့် ယူနန်ပြည်နယ် လီဆူ ဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်

Leave a Reply

Your email address will not be published.