











အမှန်တရား ခါးတော့ခါးမယ်

CDM တွေ Non-CDM ပြန်ဖြစ်လာပြီတဲ့‼️သိကြလား ? တွေ့ကြလား ?

အခု နေရာနဲနဲပဲရှိသေးတယ်နောက်ပိုင်း အများကြီးအလုပ်ပြန်ဝင်လာကြတော့မယ်သူတို့ကိုအပြစ်ပြောလို့မရဘူးတစ်နှစ်ကျော်ကြာပြီတော်လှန်အစိုးရ NUG/CRPH ကCDM တွေကို ဘာမှဖြစ်ဖြစ်မြောက်မြောက်လုပ်ပေးထားသေးတာမဟုတ်ဘူး

အသက်ရှင်ဖို့ စားဖို့လိုတယ်စားဖို့ ပိုက်ဆံလိုတယ်နေမကောင်းရင်တောင် ဆေးသောက်စရာ ဆေးဖို့မရှိလို့ အောက်ကျခံပြီး အထောက်အထားအကုန်ပြလိုက်အလှူခံနေရတဲ့ CDM တွေ တစ်ပုံကြီးပဲ

စကစယန္တရားမလည်ပတ်ဖို့က CDM တွေအရေးကြီးဆုံးပဲCDM တွေ Non ဖြစ်လာတာ စိတ်မဝင်စားကြတာလား ဘာလား မသိ

ဘယ်သူမှ ဘာအသံမှမထွက်ဘူး အံ့ဩတယ်။တော်လှန်ရေး ဘာနဲ့စခဲ့တာလဲ ပြန်တွေးကြပါဦးCDM တွေကို မျက်ကွယ်မပြုကြပါနဲ့

ပြည်သူတွေလှူတယ် CDM အတွက်မပါဘူးCDM တွေကို ထောက်ပံ့တဲ့အဖွဲ့လဲ များများစားစားမရှိ။

အလုပ်အကိုင်မရှိ၊ ကုန်ဈေးနှုန်းထိုးတက် ခက်ခဲနေတဲ့အချိန် သူတို့ဘာနဲ့စားပြီး ဘာအလုပ်လုပ်နေလဲ ဘယ်သူမှမသိရတဲ့ပိုက်ဆံက ဝန်ထမ်းဘဝထက် ပိုနဲမှာတော့ အမှန်NUG, CRPH, NUCC ရဲ့အားနည်းချက်ကခုချိန်ထိ အမည်ပျက်စာရင်းကြေငြာတာရယ်စာသင်ဖို့လောက်ရယ်ဘဲရှိတယ်

အဓိကဖြစ်တဲ့ CDM တွေအတွက်ပြတ်သားတဲ့ လုပ်ဆောင်မှုဘာမှမပြနိုင်သေးဘူးအဲ့ဒါကြောင့် CDM သမားတွေ အလုပ်ပြန်ဝင်ကြတာဖြစ်စေချင်တာက CDM တွေအတွက် စဉ်းစားပေးဖို့ပါပြည်သူတွေအားကိုးထားတဲ့ NUG/CRPH အနေနဲ့ CDM တွေကိုဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်တိကျတဲ့ အခွင့်အရေး မူဝါဒ ပေးဖို့လိုမယ်

မရှိသေးသရွေ့တော့ CDM တွေ ဒီထက်ပိုပြီး Non-CDM ဖြစ်လာကြမှာပဲ

(ကျွန်တော်တစ်ယောက်ပဲ ပြောနေလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး Keyboard Fighter များ CDM တွေနဲ့ပတ်သပ်ပြီး ဖြန့်ပေးကြပါ)

Be the first to comment

Leave a Reply

Your email address will not be published.


*