စစ္တပ္ေလာ္ဘီ Han Nyein Oo ၏ Telegram ျဖဳတ္ခ်ခံရ….

စစ္တပ္ေလာ္ဘီ Han Nyein Oo ၏ Telegram ျဖဳတ္ခ်ခံရ….

ဒီမိုကေရစီအေရးလႈပ္ရွားသူမ်ားႏွင့္ စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားသူမ်ားကို ဖမ္းဆီးရာတြင္ အဓိက အခန္းက႑မွ ပါဝင္ေနေသာ စစ္တပ္ေလာ္ဘီ Han Nyein Oo ၏ Follower ၁ သိန္း ေက်ာ္ရွိေသာ Telegram ကို ယေန႔ ည ၁၀ နာရီေက်ာ္အခ်ိန္တြင္ ျဖဳတ္ခ်လိုက္ေၾကာင္း သိရွိရသည္။

Telegram ၏ ထုတ္ျပန္စာတြင္ Han Nyein Oo Channel သည္ Telegram ၏ လူမႈစံႏႈန္းမ်ားႏွင့္မကိုက္ညီ၍ ျဖဳတ္ခ်ေၾကာင္း ေဖာ္ျပထားသည္။Han Nyein Oo သည္ ယေန႔ ညေနပိုင္းတြင္ ေခတ္သစ္အယ္ဒီတာခ်ဳပ္ သာလြန္ေဇာင္းထက္ႏွင့္ပတ္သက္၍ မမွန္ကန္ေသာ သတင္းမ်ားကို ျဖန႔္ေဝခဲ့ေသးၿပီး အဆိုပါပို႔စ္မွာ ၎ Channel ၏ ေနာက္ဆုံးပို႔စ္လည္းျဖစ္သည္။

လက္ရွိတြင္ Han Nyein Oo ၏ Followers သုံးေသာင္းေျခာက္ေထာင္ေက်ာ္ ရွိေနေသာ တယ္လီဂရမ္Channel တစ္ခုက်န္ရွိေနေသးသည္ကိုေတြ႕ရသည္။ ဓာတ္ပုံ- Follower ၁ သိန္းေက်ာ္ရွိေသာ Han Nyein Oo တယ္လီဂရမ္တြင္ ေနာက္ဆုံးတင္သြားေသာ ေခတ္သစ္သတင္းဌာန၏ အယ္ဒီတာခ်ဳပ္ သာလြန္ေဇာင္းထက္ႏွင့္ပတ္သက္၍ မမွန္မကန္ျဖန႔္ေဝထားေသာ ပို႔စ္။

 

စစ်တပ်လော်ဘီ Han Nyein Oo ၏ Telegram ဖြုတ်ချခံရ….

ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများကို ဖမ်းဆီးရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသော စစ်တပ်လော်ဘီ Han Nyein Oo ၏ Follower ၁ သိန်း ကျော်ရှိသော Telegram ကို ယနေ့ ည ၁၀ နာရီကျော်အချိန်တွင် ဖြုတ်ချလိုက်ကြောင်း သိရှိရသည်။

Telegram ၏ ထုတ်ပြန်စာတွင် Han Nyein Oo Channel သည် Telegram ၏ လူမှုစံနှုန်းများနှင့်မကိုက်ညီ၍ ဖြုတ်ချကြောင်း ဖော်ပြထားသည်။Han Nyein Oo သည် ယနေ့ ညနေပိုင်းတွင် ခေတ်သစ်အယ်ဒီတာချုပ် သာလွန်ဇောင်းထက်နှင့်ပတ်သက်၍ မမှန်ကန်သော သတင်းများကို ဖြန့်ဝေခဲ့သေးပြီး အဆိုပါပို့စ်မှာ ၎င်း Channel ၏ နောက်ဆုံးပို့စ်လည်းဖြစ်သည်။

လက်ရှိတွင် Han Nyein Oo ၏ Followers သုံးသောင်းခြောက်ထောင်ကျော် ရှိနေသော တယ်လီဂရမ်Channel တစ်ခုကျန်ရှိနေသေးသည်ကိုတွေ့ရသည်။ ဓာတ်ပုံ- Follower ၁ သိန်းကျော်ရှိသော Han Nyein Oo တယ်လီဂရမ်တွင် နောက်ဆုံးတင်သွားသော ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချုပ် သာလွန်ဇောင်းထက်နှင့်ပတ်သက်၍ မမှန်မကန်ဖြန့်ဝေထားသော ပို့စ်။

Leave a Reply

Your email address will not be published.