အရမ်းချမ်းသာခဲ့ပေမယ့် သားဆိုးသမီးဆိုးကြောင့် ဝမ်းနည်းစရာ ဘဝနေဝင်ချိန်စောင့်နေရတဲ့ သူဌေးမကြီး ဒေါ်ဝိုင်းရဲ့ ဘဝ

အရမ်းချမ်းသာခဲ့ပေမယ့် သားဆိုးသမီးဆိုးကြောင့် ဝမ်းနည်းစရာ ဘဝနေဝင်ချိန်စောင့်နေရတဲ့ သူဌေးမကြီး ဒေါ်ဝိုင်းရဲ့ ဘဝ

တစ်မြို့လုံးမှာအလှဆုံး တိုက်အိမ်ပိုင်ရှင် သူဌေးမကြီးဒေါ်ဝိုင်း ခုတော့ကြေကွဲစွာနဲ့ ဘဝနေဝင်ချိန်ကို စောင့်မျှော်နေရတဲ့ဘဝ။ နင်လားဟဲ့ လောကဓံလို့ပဲပြောရမယ်။ အဖွားနာမည်ကဒေါ်ဝိုင်း ငယ်စဉ်တုန်းကတော့ လယ်နဲ့ယာနဲ့ တင့်တောင့်တင့်တယ် နေနိုင်တဲ့သူ တောသူဌေးပေါ့လေ။

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ဝန်းကျင်က သူ့အိမ်ဟာကျွန်တော့် နယ်မြို့လေးရဲ့ အလှဆုံးနဲ့ပထမဆုံးသော တိုက်အိမ်ပဲ။ မှန်တွေတပ်ထားတဲ့ သူ့အိမ်ပြတင်းပေါက်တွေကို တစ်မြို့လုံးကလူတွေ အထူးအဆန်းလုပ်ပြီး သွားကြည့်ကြတာကို ကျွန်တော်မှတ်မိနေသေးတယ်။ ဒေါ်ဝိုင်းမှာ မောင်မိုးနဲ့မအေးဆိုတဲ့ သားသမီးနှစ်ယောက်ရှိတယ်။

စီးပွားရေးလေးကပြေလည်တော့ သားနဲ့သမီးကို အရမ်းအလို လိုက်တာ ယောက်ျားကလည်း လူအေးတစ်ယောက်ဆိုတော့ လယ်လေးလုပ်လိုက် တရားလေးထိုင်လိုက်နဲ့ တစ်နေကုန်တောင် စကားတစ်လုံးမပြောတဲ့သူမျိုး။

သားသမီးကို စည်းနဲ့ကမ်းနဲ့မချစ်တတ်တော့ နှစ်သလိုဖြစ်ပြီး သူ့သားနဲ့သမီး ဆိုးချက်ဆိုတာကမ်းကုန်တယ်ပြောရမယ်။ အမေကလဲအလိုလိုက် အဖေက လူအေးဆိုတော့ သောင်းကျန်းချင်တိုင်းသောင်းကျန်းတယ်ဆိုတာလေ။

မိဘကိုငယ်ပါနဲ့နှုင်းပြီး ဆဲတယ်ဆိုတာကတော့ မနက်တိုင်းကြားရလို့ရိုးနေပြီ။ စိတ်မထင်ရင်မထင်သလို မအေကိုပါးလေးနားလေး ရိုက်တတ်သေးတယ်။
ဒီလိုနဲ့တစ်နေ့ ဒေါ်ဝိုင်းရဲ့ခင်ပွန်း ကိုလူအေးကြီး ဆုံးပါလေရော ပထမတစ်နှစ်နှစ်နှစ်တော့ အခြေသိပ်မပျက်ဘူး။

သုံးလေးနှစ်လောက်လည်းကြာရော ဟိုလူကလိမ်ဒီလူကလိမ် သားက အရက်သမား သမီးကဖဲသမားဆိုတော့ ရှိတဲ့လယ်တွေရောင်း လိုက်ရတယ်။ အဲဒီမှာမအေကြီးငုတ်တုတ်ရှိရက်သားကို သားနဲ့သမီးက အမွေတောင်းတော့တာပဲ။ ရှိတဲ့တိုက်အိမ်ကို မျက်စောင်းထိုးကြပြီလေ။

အဲ့တော့ရပ်ကွက်က ရပ်မိရပ်ဖတွေတားနေတဲ့ကြားက ဒေါ်ဝိုင်းကြီးတစ်ယောက် အိမ်နဲ့ခြံကိုရောင်းပြီး သားနဲ့သမီးကို အမွေခွဲပေးလိုက်တယ်။ပထမတော့ သားရှိတဲ့မြို့ သမီးရှိတဲ့မြို့တွေမှာ တစ်လှည့်စီ လိုက်နေသေးတယ်။

သားအလိမ္မာတုံးလေးက မူးလာတိုင်း အမေအိုကြီးကိုလက်သီးစာ ခြေထောက်စာလေးကျွေးနေလေတော့ ဒဏ်မခံနိုင်ဘူးဆိုပြီး သမီးရှိတဲ့မြို့ကို တစ်လှည့်သွားနေတာပေါ့။

သူ့သမီးအလိမ္မာလေးကလည်း ညညဖဲဝိုင်းမှာ ဒီအဖွားကြီးက ဘုရားအကျယ်ကြီးရှိခိုးလို့ နားညည်းတယ်ဆိုပြီး ဖဲဝိုင်းရှိတဲ့ညတိုင်း အမေအိုကြီးကို အိမ်အပြင်ခြံထောင့်က ကုက္ကိုပင်အောက်မှာ ဖျာခင်းပြီး အိပ်ခိုင်းတယ်။

ဆောင်းတွင်းဆိုတော့ ဒေါ်ဝိုင်းတစ်ယောက် ၁ ပတ်လောက်နဲ့ အောက်ပိုင်းချိပြီး လမ်းမလျောက်နိုင်တော့ဘူး။ ဒါကဒေါ်ဝိုင်းဆိုတဲ့ အဖွားကြီးရဲ့ ကိုယ်ရေးအကျဉ်းဆိုပါတော့။ ကျွန်မတို့သူ့ကို ပြန်တွေ့တဲ့အချိန်မှာ သူ့မျက်လုံးနှစ်ဖက်လုံး ကွယ်နေပြီ။

သားနဲ့သမီးရှိတဲ့မြို့ကနေ သူ့ဇာတိကျွန်တော်တို့မြို့လေးဆီပြန်လာပြီး တုတ်ကောက်တစ်ချောင်းအားပြုလို့ ကြွပ်ကြွပ်အိပ်အနက် ရောင်အထုပ်လေးတစ်ထုပ်ကို ခါးမှာချည်ပြီး ဟိုလူ့အိမ်ကထမင်းတောင်း ဒီလူ့အိမ်ကဟင်းလေးတောင်နဲ့ ဘဝနေဝင်ချိန်ကို ဆင်းရဲကြီးစွာဖြတ်သန်းနေရတယ်။

တစ်နေ့တော့ လမ်းဘေးမှာလဲနေတဲ့ဒေါ်ဝိုင်းကို ဘိုးဘွားရိပ်သာပို့ဖို့ ရပ်ကွက်ကလူတွေက ကျွန်မကိုတာဝန်ပေးတယ်။ မျက်စိကမမြင် ခြေထောက်ကမသန် အိုမင်းမစွမ်းဖြစ်နေရှာတဲ့ သူ့အတွက် အဆင်ပြေမယ့် ဘိုးဘွားရိပ်သာလေးတစ်ခုကို ရှာပြီးကျွန်မတို့ကိုယ်တိုင် လိုက်ပို့ပေးခဲ့ပါတယ်။

ဘိုးဘွားရိပ်သာကိုရောက်တော့ နာယကဆရာတော်ဆီ မှာခွင့်ပန်ပြီး ဒေါ်ဝိုင်းကို အဖွားဆောင်မှာနေရာပေးတယ်။ သူ့ခါးမှာ ကြိုးနဲ့ကျစ်နေအောင် အမြဲချည်ထားတဲ့ ကြွပ်ကြွပ်အိပ်အနက်ရောင်လေးကို ကျွန်တော်ကယူပြီး သူအိပ်ရမယ့် ကုတင်ခြေရင်းက သေတ္တာလေးထဲ ပြောင်းထည့်ပေးတာပေါ့။

ကြွပ်ကြွပ်အိပ်လေးထဲမှာ ယောဂီထမီအဟောင်းတစ်ထည် ညစ်နွမ်းနွမ်း သဘက်တစ်ထည် အဖာရာဗလပွနဲ့ အနွေးထည်တစ်ထည် ပန်းကန်ပြားတစ်ချပ် တစ်စုံတစ်ရာကိုလိပ်ထားတဲ့ လက်ကိုင်ပုဝါလေးတစ်ခု စုစုပေါင်းပစ္စည်းငါးမျိုး ထွက်လာတယ်။

လက်ကိုင်ပုဝါလေးထဲမှာ ဘာများပါလို့ ဒီလောက်တရိုတသေ သိမ်းထားတာပါလိမ့်ဆိုပြီး ကျွန်တော်ဖြေကြည့်လိုက်တဲ့အခါဟာသူ့အပေါ် ဘဝတစ်သက်တာလုံး နှိပ်စက်ခဲ့တဲ့ သူ့ဘဝကို သူတောင်းစား သာသာဖြစ်အောင်လုပ်ခဲ့တဲ့ သူ့ဘဝနေဝင်ချိန်ကို အားကိုးရာမဲ့အောင်လုပ်ခဲ့တဲ့ သူ့သားနဲ့သမီးရဲ့ ဓာတ်ပုံလေးထွက်လာခဲ့ပါတယ်။

ကျွန်မလေ ရင်စို့သွားလိုက်တာဆိုတာ မိဘ မေတ္တာ မိဘမေတ္တာ။ စာဖွဲ့စရာစကားလုံးမရှိဘူးဆိုတာ သိပ်မှန်တာပဲ။ ကျွန်မတွေးတယ် သူကမျက်မမြင်တစ်ယောက် ဖြစ်နေပြီလေ ဒီဓာတ်ပုံကို သူသိမ်းထားတော့ရော မြင်ရပါ့မလား မြင်နိုင်လိမ့်မယ်ထင်ပါတယ်နော်။

ဒီဓာတ်ပုံကို အဖွားအိုဟာ မိခင်မေတ္တာအလင်းနဲ့ ကြည့်ပြီး ခံစားမြင်နိုင်ပါလိမ့်မယ်။ ပစ္စည်းလေးတွေကို သေတ္တာထဲစီစီရီရီထည့်ပြီး ကျွန်မတို့ပြန်မလို့ သူ့ကိုနှုတ်ဆက်လိုက်တယ်။ “အဖွားသမီးတို့ ပြန်တော့နော်“ အေးအေးပြန်တော့ပြန်တော့” ကျွန်မလှည့်ထွက်လာတဲ့အခါ အဖွားဝိုင်းကကျွန်တော့်ကို လှမ်းခေါ်တယ်။

“သမီးလေးရေအဖွားသားနဲ့သမီး ကိုမိုးနဲ့မအေးက အဖွားကိုလာရှာရင် အဖွားဒီရောက်နေတယ်လို့ လမ်းညွှန်လိုက်ပါအုံးနော်” ဘာအဖြေမှ ပြန်မပေးဘဲ ကျွန်မစိတ်မကောင်းစွာနဲ့ ဆက်လျောက်လာခဲ့တယ်။

တစ်နေ့ပြီးတစ်နေ့ ဘိုးဘွားရိပ်သာတစ်ခုရဲ့ ကုတင်ပေါ်မှာ ပျင်းရိငြီးငွေ့စွာနဲ့ ထိုင်လိုက်အိပ်လိုက်လုပ်နေရင်း ဘယ်တော့မှ လာတွေ့မှာမဟုတ်တဲ့ သားနဲ့သမီးကို မျှော်လင့်ခြင်းကြီးစွာ စောင့်နေရင်း

လက်ကိုင်ပုဝါလေးထဲက သားနဲ့သမီးဓာတ်ပုံကိုကန်းနေတဲ့မျက်လုံးတွေနဲ့ အလွမ်းပြေကြည့်ရင်း အဖွားအိုတစ်ယောက်ဟာ ဘဝနေဝင်ချိန်ကို စောင့်မျှော်ဖြတ်သန်း နေလေတော့တယ်။
Crd

Leave a Reply

Your email address will not be published.