ရန်ကုန်မြို့ မြို့ပြပျောက်ကျားအဖွဲ့ တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့သားများ ဖမ်းစီးခံရပြီး တချို့ပစ်သက်ခံရ

ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့သားများအား စစ်ကောင်စီတပ်က ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်ထပ်မံ ကျန်အဖွဲ့သားများလည်း တိုးဂိတ်တွင် လ က်နက်များနှင့် အတူ ဖမ်းဆီးခံရပြီး အသ က်ဆုံးရှုံးသွားတယ်လို့ Dark Shadow အဖွဲ့က ကနဦးထုတ်ပြန်ထားပါတယ်Crd-

ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်တွင် လူငယ် ၁၄ ဦးကို စစ်တပ်က ဝင်ဖမ်းပြီး ၁ ဦးကို ပ စ်သ တ်၊ မြို့ပြပျောက်ကျားလူငယ်များ ဖြစ်ဖွယ်ရှိဟုဆိုရန်ကုန်၊ဧပြီ ၂၈ ရန်ကုန်၊ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်တွင်

လူငယ် ၁၄ ဦးကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စစ်တပ်က ဝင်ဖမ်းပြီး ၁ ဦးကို ပ စ်သ တ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည် ။မနေ့မနက် ၁၀ နာရီခွဲမှာ ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့မှာပါတဲ့ လူတစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီး ခေါ်လာတယ်။

သူက လိုက်ပြရတဲ့သဘောထင်တယ်။ ဖမ်းမိထားတဲ့လူက မျက်နှာမှာ ဖူးရောင်ကိုင်းပြီးတော့ နေတယ် အဲဒါနဲ့ မိသွားတာက ၁၄ ယောက်လုံး တချို့တဝက် ဘောလုံးကစားနေတုန်းဝင်ဖမ်းတာ အဲဒီမှာ ပြေးရင်း လွှားရင်းနဲ့ ပ စ်လဲတဲ့ တစ်ယောက်ကို ချက်ချင်းပ စ်သ တ်လိုက်တယ် ပွဲချင်းပြီးတယ် ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် မည်သည့်အဖွဲ့မှ ဖြစ်သည်ကို မသိရှိရသေးဘဲ လက်ရှိတွင် Dark Shadow အဖွဲ့မှ အဖွဲ့သားများအားလုံး အဖမ်းခံရကြောင်း၊ ‌သေဆုံးသူများလည်း ရှိကြောင်း သတင်းထုတ်ပြန်ထားသည်Crd

PDF News flash

Leave a Reply

Your email address will not be published.