Categories
သတင်း
ထီးချိုင့်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနှစ်ဦး ကျဆုံး
စစ်ကိုင်း၊ ဇန်နဝါရီ ၁၉စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကျွန်းပင်သာကျေးရွာအနီးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-SAC တပ်တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ထီးဖြူတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ခုနှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းချီနေစဉ် ကျွန်းပင်သာကျေးရွာအနီးမှာ ကင်းပုန်းဝပ်နေတဲ့ SAC တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနှစ်ဦး ကျဆုံးခဲ့တာဖြစ်ပါတယ်။
ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို အရိုးတောင်အနီးတဝိုက်မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။အင်အား ၈၀ ခန့်ရှိတဲ့ SAC တပ်တွေက ပြည်သူ့ကာကွယ်ရေးတပ်-ထီးဖြူရဲ့ တပ်စခန်းနေရာကို ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရောက်ရှိလာတာဖြစ်ပြီး
ဇန်နဝါရီ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဇန်နဝါရီ ၁၃ ရက်နေ့မှာ SAC တပ်တွေက မရသိမ်ကျေးရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်-ထီးဖြူရဲ့ စခန်းကို တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ပစ်ခဲ့တာကြောင့် စခန်းကို စွန့်ခွာခဲ့ရတယ်လို့ သိရပါတယ်။
ဖတ်ရှု့အားပေးကြသော ပရိသတ်ကြီး တစ်ဉီးချင်း တစ်ယောက်ချင်းစီတိုင်းအား ကျေးဇူး အထူးတင်ရှိပါသည်။ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကာ မြန်မာပြည်သူပြည်သားများ လိုလားတောင့်တသော နေ့ရက်များ အမြန်ရောက်ရှိပိုင်ဆိုင်နိုင်ကြပါစေ။မြန်မာပြည်ကြီးလည်းရွှင်လန်း ချမ်းမြေ့ပါစေဗျ။ပြည်သူများအားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။crd
Leave a Reply
Your email address will not be published.